တီးတိန်မြို့နယ်မှာ အသက်မပြည့်သေးသော မိန်းကလေးငယ်တစ်ဦးကို စစ်ကောင်စီတပ်က မုဒိမ်းပြုကျင့်

တီးတိန်မြို့နယ်မှာ အသက်မပြည့်သေးသော မိန်းကလေးငယ်တစ်ဦးကို စစ်ကောင်စီတပ်က မုဒိမ်းပြုကျင့်

ချင်းပြည်နယ် တီးတိန်မြို့နယ် စီးယင်းဒေသ မွှောလ်ပီးကျေးရွာက အသက်မပြည့်သေးသော မိန်းကလေးငယ်တစ်ဦးကို စစ်ကောင်စီတပ်ဖွဲ့က မုဒိမ်းပြုကျင့်မှုတစ်ခု ဇူလိုင်လ ၅ ရက်နေ့က ဖြစ်ပွားခဲ့သည်ဟု သိရသည်။

ကလေးမြို့မှ စစ်ကား ၆ စီးဖြင့် ချင်းတောင်သို့တက်လာသော စစ်ကောင်စီတပ်ဖွဲ့သည် စီးယင်းဒေသ မွှောလ်ပီးကျေးရွာသို့ ဇူလိုင်လ ၅ ရက်နေ့ မနက်ပိုင်းတွင် ရောက်ရှိလာကြပြီး ကျေးရွာထဲက အသက် ၁၃ နှစ်အရွယ်ခန့်ရှိသော အမျိုးသမီးငယ်တစ်ဦးကို စစ်ကောင်စီတပ်သား ၂ ဦးက မုဒိမ်းပြုကျင့်ခဲ့သည်ဟု CDF CDM Siyin တပ်ဖွဲ့က ယနေ့ ဇူလိုင်လ ၆ ရက်နေ့တွင် သတင်းထုတ်ပြန်သည်။

စစ်ကောင်စီတပ်သား ၂ ဦး သည် အဆိုပါ အမျိုးသမီးငယ်၏ နေအိမ်သို့ဝင်ရောက်ကာ မီးဖိုချောင်ထဲ၌ ထမင်းဟင်းချက်ရန်ပြင်နေသော မိန်းကလေးငယ်ကို အဓမ္မပြုကျင့်ခဲ့ခြင်းဖြစ်သည်ဟု CDF CDM Siyin က ဆိုသည်။

အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ ဒေသခံပြည်သူများက စစ်ကြောင်းနှင့်သက်ဆိုင်သော စစ်ကောင်စီတာဝန်ရှိသူထံ သွားရောက်တိုင်တန်းခဲ့ကြရာမှာ ငွေကြေးဖြင့် ဖြေရှင်းပေးမည်ဟု ပြောကြားခဲ့သည်ဟု သိရသည်။

မွှောလ်ပီးကျေးရွာသို့ ရောက်ရှိနေသာ စစ်ကောင်စီတပ်ဖွဲ့များသည် ကျေးရွာထဲက ကလေးအမေတစ်ဦးနှင့် အသက် ၁၃ နှစ်ခန့်အရွယ်ရှိသော မိန်းကလေးငယ်တစ်ဦးကိုလည်း အဓမ္မပြုကျင့်ရန် ကြိုးစားခဲ့သော်လည်း ရုန်းထွက်လွတ်မြောက်နိုင်ခဲ့ကြသည်ဟု CDF CDM Siyin ကထုတ်ပြန်သည်။

ယခုဖြစ်စဉ်နှင့်ပတ်သက်၍ အပြင်းထန်ဆုံး ပြန်လည်အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ နစ်နာသူ အနာဂတ်လုံခြုံမှုမှအစ အစစအရာရာကို တာဝန်ယူသွားမည်ဖြစ်ကြောင်း CDF CDM Siyin က ဖော်ပြပါသည်။

၂၀၂၁ ခုနှစ် နိုဝင်ဘာလ ၁၁ ရက်နေ့ကလည်း စစ်ကောင်စီတပ်ဖွဲ့က တီးတိန်မြို့နယ် စီးယင်းဒေသရှိ အာလွယ်ကျေးရွာက လင်သားရှိ အမျိုးသမီးတစ်ဦးကို အတင်းအဓမ္မ ပြုကျင့်ခဲ့သည်။

October 4, 2024
အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်တွင် ပြီးခဲ့သည့် စက်တင်ဘာလကုန်ပိုင်းက မြန်မာစစ်ဘေးရှောင် ၇၀၀...
October 2, 2024
ချင်းပြည်နယ်တောင်ပိုင်း၊ မင်းတပ်မြို့ပေါ် အနောက်ရပ်ကွက် ဘုရင့်နောင်လမ်းခွဲတွင် အောက်တိုဘာလ (၁)...
October 1, 2024
စစ်ကောင်စီသည် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် သန်းခေါင်စာရင်းကောက်ယူမှုကို ယနေ့အောက်တိုဘာ လ ၁...
September 28, 2024
စစ်ကောင်စီ၏ သန်းခေါင်စာရင်းကောက်ယူမည့် အစီအစဉ်တွင် ပါဝင်သူများကို ပြင်းထန်စွာအရေးယူမည်ဟု ZFU/...