လက်နက်ကြီး ရမ်းသမ်းပစ်ခတ်မှုများကြောင့် ဒေသခံများ စပါးစိုက်ပျိုးရန် ခက်ခဲနေ

လက်နက်ကြီး ရမ်းသမ်းပစ်ခတ်မှုများကြောင့် ဒေသခံများ စပါးစိုက်ပျိုးရန် ခက်ခဲနေ

တနင်္သာရီတိုင်းဒေသကြီး၊ တနင်္သာရီမြို့နယ်ရှိကျေးရွာများအတွင်း စစ်ကောင်စီ တပ်ဖွဲ့ဝင်များမှ လက်နက်ကြီး ရမ်းသမ်းပစ်ခတ်မှုများ လုပ်ဆောင်လျက်ရှိသောကြောင့် ဒေသခံများ မိုးစပါး စိုက်ပျိုးရန်အခက်အခဲများ ရင်ဆိုင်ကြုံတွေ့နေရကြောင်း ဒေသခံများကပြောသည်။

တနင်္သာရီမြို့နယ်အတွင်းရှိ ဘန်လောရွာ၊ ဘန်လင်ရွာ၊ ခြောက်မိုင်ရွာ၊ သကျက်ရွာ၊ လယ်တောင်ယာရွာ၊ ဘန်းလ မွတ်ရွာ နှင့် ရမ်းဖို စသည့် ကျေးရွာဒေသခံများသည် မိုးစပါးစိုက်ပျိုးချိန်ကာလ ရောက် လာသော်လည်း စစ်ကောင်စီတပ်ဖွဲ့ဝင်များမှ လက်နက်ကြီး ရမ်းသမ်းပစ်ခတ်မှုများ လုပ်ဆောင်နေ သောကြောင့် စပါးမစိုက်ပျိုးနိုင်ကြကြောင်း  အမည်မဖော်လိုသူ ဘန်လောရွာ ဒေသခံတစ်ဦးက ပြောသည်။

၎င်းက “ဒီလတွေက မိုးကျတော့ စပါးစိုက်လို့ကောင်းတဲ့အချိန်ဆိုပေမဲ့ စစ်တပ်ရဲ့လက်နက်ကြီး ရမ်းပစ် တာတွေ ရှိနေ တယ်။ ပြီးတော့ လက်နက်ကြီးထိတဲ့သူတွေကလည်း ကိုယ်တိုင်လည်းဒီအကြောင်းတွေ ပြန်ကြားနေရတော့ ဒီအလုပ်ကိုလုပ်ကိုင်လို့ အဆင်မပြေဘူး။ အသုံးစရိတ်တွေချွေတာရတာပေါ့။ ဒီဘက်မှာက စိုက်ပျိုးရေးကိုပဲ အဓိကလုပ်ကြတော့ လယ်ဧကရာကျော်တယ် မစိုက်ပျိုးရတာ။” ဟု ကေအိုင်စီသို့ ပြောသည်။

အဆိုပါ ဒေသတွင် မိုးစပါးမစိုက်ပျိုးနိုင်သည်မှာ (၂)နှစ်ကျော်ခဲ့ပြီးဖြစ်ကာ စစ်ကောင်စီတပ်ဖွဲ့ဝင်များမှ ကျေးရွာအတွင်းသို့ စစ်ကြောင်းထိုး ဝင်ရောက်သည့်အခါတွင်လည်း လယ်ကွက်ရှိ စက်သုံးဆီများကို ယူဆောင်သွားခြင်း လယ်ထွန်စက်များကို သိမ်းယူသွားမှုများ ပြုလုပ်ကြကြောင်းလည်း ၎င်းဒေသခံက ဆက်ပြောသည်။

ထို့အပြင် တော်လှန်ရေးတပ်ဖွဲ့ဝင်များနှင့် စစ်ကောင်စီတပ်ဖွဲ့များကြား ပြီးခဲ့သည့်နှစ် ဇူလိုင်လမှစတင်ကာ နှစ်ဖက်တိုက်ပွဲများ မကြာခဏဖြစ်ပွားနေပြီး စစ်ကောင်စီမှ ကျေးရွာများအတွင်းသို့ ရှောင်တခင်စစ်ကြောင်းထိုး ဝင်ရောက်လေ့ရှိသောကြောင့် ဒေသခံများ စစ်ဘေးရှောင်နေကြရဆဲဖြစ်၍ ယခုလို မိုးစပါး မစိုက်ပျိုးနိုင်ကြ ကြောင်းလည်း စစ်ဘေးတိမ်းရှောင်နေသူတစ်ဦးကပြောသည်။

“တချို့ရွာတွေကျတော့ နေရပ်ပြန်ရဲတဲ့သူတွေရှိတယ်။ ဒါပေမဲ့ စပါးစိုက်ပျိုးမရဲကြဘူး။ ကြာပြီး စပါး မစိုက်ရတာ တိုက်ပွဲတွေ ငြိမ်ပြီးထင်လို့ ပြန်လိုက်စစ်တပ်ကစစ်ကြောင်းထိုးလိုက် ပြန်ပြေး လိုက်။ ဘဝတွေ မအေးချမ်း ဘူး။” ဟု ထိုစစ်ရှောင်က ကေအိုင်စီ သို့ပြောသည်။

တနင်္သာရီမြို့နယ်ရှိ စစ်ကောင်စီစစ်ဆေးရေးဂိတ်များတွင် ပြီးခဲ့သည့် ၂၀၂၃ ခုနှစ်၊ အောက် တိုဘာလမှစတင်ပြီး ဒေသခံများအနေဖြင့် ဆန်တစ်အိတ်ထက်ပို၍ သယ်ဆောင်ခွင့်မရှိကြောင်းလည်း စစ်ကောင်စီမှ တားမြစ်ကန့် သတ်ထားသေးသည်။

တနင်္သာရီမြို့နယ်အပြင် ထားဝယ်မြို့ပေါ်ရှိရပ်ကွက်များတွင်လည်း ဆန်ကြမ်းဈေးနှစ်ဆကျော် မြှင့် တက်လာ ခြင်းကြောင့် ဒေသခံအများစုမှာ ဆန်ကို အိတ်လိုက်မဝယ်စားနိုင်တော့ဘဲ ဗူးလိုက်အနေ အထားဖြင့်သာ ဝယ်စားနိုင်တော့ကြောင်း ဒေသခံများက ပြောဆိုကြသည်။

October 2, 2024
ကရင်ပြည်နယ်၊ ဖားအံမြို့ပေါ်နှင့် ကျေးရွာများတွင် စစ်ကောင်စီက အောက်တိုဘာ ၁ ရက်နေ့မှစ၍...
October 1, 2024
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ ထိန်းချုပ်နယ်မြေ သထုံခရိုင်/တပ်မဟာ(၁)၊ ဖားအံမြို့နယ်ထဲရှိ...
October 1, 2024
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်ရှိ ကျေးရွာများတွင် စစ်ကောင်စီက အသက် (၁၈)...
September 30, 2024
နိုင်ငံအတွင်း နယ်မြေအများစုကို တော်လှန်ရေးတပ်ဖွဲ့များ ထိန်းချုပ်ထားသည့်အချိန် ဖြစ်နေသည့်အတွက်...