တန်းပြည့်စစ်မှုထမ်းချိန်အမိန့်ကြောင့် အရှေ့တောင်တိုင်း (ရတခ) လက်အောက်ခံတပ်ဖွဲ့ ဝင်များအကြား စည်းလုံးမှုပျက်ပြားပြီး စိတ်ဓါတ်ကျဆင်းနေ

တန်းပြည့်စစ်မှုထမ်းချိန်အမိန့်ကြောင့် အရှေ့တောင်တိုင်း (ရတခ) လက်အောက်ခံတပ်ဖွဲ့ ဝင်များအကြား စည်းလုံးမှုပျက်ပြားပြီး စိတ်ဓါတ်ကျဆင်းနေ

ကရင်နှင့် မွန်ပြည်နယ်အခြေစိုက် အရှေ့တောင်တိုင်းစစ်ဌာနချုပ်(ရတခ) အုပ်ချုပ်ကွတ်ကဲမှု စစ်ရေး နယ်မြေအတွင်းက လက်အောက်ခံတပ်ရင်း၊ တပ်ဖွဲ့၊ ဌာနဆိုင်ရာစစ်ဘက်၊ အရပ်ဖက်အရံအင်အား အဖွဲ့ အစည်းများအတွင်း တန်းပြည့်စစ်မှုထမ်းချိန် ဥပဒေပါအချက်များအား ကျူးလွန်ဖောက်ဖျက်ပါက သေ ဒဏ်အထိအပြစ်ပေးခံရမည့်အမိန့်ထုတ်ပြန်ထားသည့်အတွက် တပ်တွင်းစည်းလုံးမှုပျက်ပြားနေပြီး  စိတ်ဓါတ်ကျဆင်းမှုများရှိနေကြောင်း စစ်ကောင်စီတပ်သတင်းအရင်းအမြစ်ထံမှ သိရသည်။

၁၉၅၉ ခုနှစ်က ထုတ်ပြန်ထားသည့် တပ်မတော်အက်ဥပဒေ အခန်း ၂ ပုဒ်မ ၃ ၊ အပိုဒ်ခွဲ (က) တွင် တန်းပြည့်စစ်မှုထမ်းချိန်အမိန့်ကို နိုင်ငံတော် သမ္မတမှ အမိန့် ကြော်ငြာစာဖြင့် ကြေညာနိုင်သည်ဟုပါ ရှိပြီ ယခုတန်းပြည့်စစ်မှုထမ်းချိန်အမိန့်ကိုမူ မေလ ၃ ရက်ရက်စွဲဖြင့် စစ်အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ထုတ်ပြန်အမိန့်ပေးကြေညာခြင်းဖြစ်သည်။

စစ်တပ် သတင်းအရင်းအမြစ်တစ်ခုက “အခု စစ်ဖြစ်နေတာမှာ စစ်တပ်ကစစ်သားတွေက အလံဖြူထောင်လက်နက်ချအညံ့ခံတာ၊ တပ်ပြေး၊ စစ်ကြောင်းစွန့်ခွာ၊ စစ်စခန်းစွန့်ခွာတာ၊ တော်လှန်ရေးအဖွဲ့တွေဆီ လက်နက်ချ CDM လုပ်တာတွေ များလာတော့ အဲလိုမလုပ်ရဲကြအောင် နောက်တန်းက လူတွေဆိုနှစ်ကြီး ပြစ်ဒဏ်တွေ ပေးတာနဲ့ သေဒဏ်ပေးတာမျိုးတွေ၊ ရှေ့တန်းစစ်မြေပြင်မှာဆို ပစ်သတ်ဖို့ ပစ်မိန့်ပေးလို့တဲ့အထိ အထက်အရာရှိနဲ့ အောက်ခြေအကြပ်စစ်သားတွေကြားမှာ တင်းတင်းကြပ်ကြပ် လုပ်လိုက်သလို ဖြစ်နေတော့ တပ်ထဲ မှာရော ရှေ့တန်းမှာပါ စည်းလုံးမှုမရှိတာနဲ့ စိတ်ဓါတ်ပျက် နေတာမျိုးတွေဖြစ်နေပြီ”ဟု ပြောသည်။

အဆိုပါ တန်းပြည့်စစ်မှုထမ်းချိန် ဥပဒေအပိုဒ် ၃၅ အပိုဒ်ခွဲ (က)မှ (ဇ) အထိတွင် တပ်မတော်စစ်ရေး၊ လုံခြုံရေးဆိုင်ရာသတင်းအချက်အလက်များ၊ အမိန့်၊ အာဏာများအား ဆန့်ကျင်ဖောက်ဖျက်ကျူး လွန်လျှင် ထောင်ဒဏ် ၇ နှစ်မှ ၁၄ နှစ်အထိ အပြစ်ပေးအရေးယူခံရမည်ဟု ပြဌာန်းထားကြာင်း သိရသည်။

ထို့အပြင် အပိုဒ် ၃၆ ၊ အပိုဒ် ခွဲ (က) မှ( င) အထိတွင် တပ်မတော်အတွင်း စစ်ပုန်ကန်မှု၊ စစ်ပုန်ကန်မှုကို သိရှိထားပြီး မသိကျိုးကျွန်ပြုလျှင်၊ နိုင်ငံတော်အပေါ် သစ္စာဖောက်ဖျက်လျှင်၊ သစ္စာဖောက်ရန် သွေး ဆောင်ကြိုးစားလျှင် စစ်ခုံရုံးက သေဒဏ် အပြစ်ပေး အရေးယူရမည်ဟု ဖော်ပြပါရှိသည်။

“ဒီစစ်တပ်က တန်းပြည့် စစ်မှုထမ်းချိန်အမိန့်ထုတ်လိုက်တော့ ကရင်ပြည်နယ်မှာဆိုရင် စစ်တပ်‌ အောက်က နယ်ခြားစောင့်တပ်-BGF ပါ တန်းပြည့် စစ်မှုထမ်း အမိန့်အောက်မှာပါတယ်။ နောက် ပျူ စောထီးတို့ ပြည်သူ့စစ်တို့ပါ ပါတယ်။ သူတို့ အမိန့်ကို ဆန့်ကျင်ရင် ပစ်မိန့်အထိ လုပ်ပိုင်ခွင့် ပေး ထား တယ်။ အခုဆို ကရင် BGF အကြီးအကဲတွေက စစ်တပ်နဲ့ မပူးပေါင်းပါဘူး ပြောတယ်။ လက် တွေ့ ကျုံဒိုး ဂွင်မှာ စစ်တပ်စစ်ကြာင်းကို BGF အဖွဲ့ တွေ လုံခြုံရေးကူပေး၊ တံတားနဲ့ လမ်းတွေ ဂိတ်စောင့် ပေး ရတာ တွေ ရှိ နေတယ်။” BGF နှင့် နီးစပ်သည့် ကျုံဒိုးဒေသခံက ပြောသည်။

ယခု လတ်တလောတွင် ကရင်ပြည်နယ်၊ ကော့ကရိတ်-မြဝတီအာရှလမ်းသစ်လမ်းပိုင်း အပါအဝင် ကျေးရွာများဘက်သို့ ထိုးစစ်ဆင်နေသည့် စစ်ကောင်စီအောင်ဇေယျ စစ်ဆင်ရေး စစ်ကြောင်းများ နှင့် KNLA မဟာမိတ်ပူးပေါင်းတပ်ဖွဲ့များ နှစ်ဖက်တိုက်ပွဲ နေ့စဉ် ဖြစ်ပွားနေပြီး စစ်ကောင်စီတပ်သား များ စစ်ကြောင်း စွန့်ခွာပြီး KNLA မဟာမိတ် တပ်ဖွဲ့များ ဘက်သို့ လက်နက်ချအညံ့ခံသူ ၁၀ ဦး ကျော်အထိ ရှိလာပြီဖြစ်ကြောင်း သိရသည်။

အဆိုပါ တန်းပြည့်စစ်မှုထမ်းချိန်အမိန့်ကို မြန်မာနိုင်ငံအတွင်းရှိ စစ်တိုင်း ၁၄ခုရှိသည့်အနက်မှ စစ်တိုင်း ၈ ခုအား အမိန့်ထုတ်ပြန်ထားပြီး စစ်အာဏာရှင် ပြုတ်ကျရေး တော်လှန်တိုက်ခိုက်နေကြသည့်တိုင်း ရင်း သားလက်နက်ကိုင်မဟာမိတ်ပူးပေါင်းအဖွဲ့များအား ကြည်း၊ ရေ၊ လေ တိုင်း၊ တပ်မ၊ ဌာနချုပ် လက် အောက်ခံတပ်ရင်း၊ တပ်ဖွဲ့များ၊ စစ်ကြောင်းများဖြင့် နေ့ရောညပါ စစ်ဆင်တိုက်ခိုက်လျက်ရှိ ကြောင်း သိရသည်။

October 2, 2024
ကရင်ပြည်နယ်၊ ဖားအံမြို့ပေါ်နှင့် ကျေးရွာများတွင် စစ်ကောင်စီက အောက်တိုဘာ ၁ ရက်နေ့မှစ၍...
October 1, 2024
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ ထိန်းချုပ်နယ်မြေ သထုံခရိုင်/တပ်မဟာ(၁)၊ ဖားအံမြို့နယ်ထဲရှိ...
October 1, 2024
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်ရှိ ကျေးရွာများတွင် စစ်ကောင်စီက အသက် (၁၈)...
September 30, 2024
နိုင်ငံအတွင်း နယ်မြေအများစုကို တော်လှန်ရေးတပ်ဖွဲ့များ ထိန်းချုပ်ထားသည့်အချိန် ဖြစ်နေသည့်အတွက်...