မြဝတီဒေသတွင်း လောင်းကစားနှင့် ကျားဖြန့်လုပ်ငန်းနေရာများတွင် ပြည့်တန်ဆာလုပ်ငန်းများ ပိုမိုတွင်ကျယ်လာနေ

မြဝတီဒေသတွင်း လောင်းကစားနှင့် ကျားဖြန့်လုပ်ငန်းနေရာများတွင် ပြည့်တန်ဆာလုပ်ငန်းများ ပိုမိုတွင်ကျယ်လာနေ

ထိုင်း−မြန်မာနယ်စပ်၊ ကရင်ပြည်နယ် မြဝတီမြို့နယ်၊ ကာစီနိုလောင်းကစားနှင့် ကျားဖြန့် ငွေလိမ်လုပ်ငန်း အများစုအခြေချသည့် နေရာများတွင် ပြည့်တန်ဆာလုပ်ငန်းများ ပိုမိုတွင်ကျယ်လာနေသည်ဟု ပြည့်တန် ဆာလုပ်ငန်းနှင့် နီးစပ်သူများက ပြောသည်။

အဆိုပါ ဒေသရှိလောင်းကစားကုမ္ပဏီများနှင့် တရုတ်လုပ်ငန်းရှင်သူဌေးကြီးများက လူပွဲစားများလွှတ်၍ အမျိုး သမီးများခေါ်ယူရန် မြဝတီမြို့အနီးတစ်ဝိုက်နှင့် အနယ်နယ်အရပ်ရပ်ရှိ အမျိုးသမီးများကို တရုတ်သူဌေးများနှင့် လိင်ဖျော်ဖြေမှုပြုရန်ချိတ်ဆက်ပေးရပြီး ငွေကြေးအရများသောကြောင့် ဒေသအသီးသီးရှိ အသက် ၂၀ ကျော် အရွယ်အမျိုးသမီးအများစုသည် ပြည့်တန်စာလုပ်ငန်းကို လုပ်ကိုင်မှုများလာကြောင်း ၎င်းလုပ်ငန်းနှင့် နီးစပ်သူ အမျိုးသမီးတစ်ဦးက ပြောသည်။

၎င်းက “ကျမသူငယ်ချင်းတွေ အခုလုပ်နေတာ တရုတ်တွေနဲ့လိုက်အိပ်ရတယ်။ ပြောရရင် တရုတ်သူဌေးတွေက ပိုက်ဆံရှိတော့ သူတို့စျေးကောင်းပေးနိုင်တယ်။ ညီမတို့အရွယ်တွေက ဒီလိုအလုပ်တွေပဲ လုပ်တော့တယ်။ ရန်ကုန်က မိန်းကလေးတွေ မြဝတီတက်လာပြီးရင် သူတို့လူလာကြိုပေးတယ်။ ဘာဖြစ်လဲဆိုရင် ဘာအလုပ်မှ လုပ်စရာမလိုဘူး။ ဒါပေမဲ့ ဒါကတော့ ငွေရလွယ်တယ်ဆိုပေမဲ့ ခန္ဓာနဲ့ရင်းပြီးတော့ ငွေရှာရတာလေ။ ၄၅ မိနစ် ဆိုရင် ဘတ် ၅၀၀ ရတယ်။ Night တွေဆို ဘတ် (၈,၀၀၀) ထောင်ရတယ်” ဟု ကေအိုင်စီ သို့ပြောသည်။

နယ်စပ်ဒေသတစ်လျှောက် ပြည့်တန်ဆာလုပ်ငန်းအများစု ကျယ်ပြန့်လာသည့် နေရာများမှာ မြဝတီ၊ ရွှေ ကုက္ကိုလ်၊ မင်းလက်ပံ၊ အင်ကြင်းမြိုင်၊ ကျောက်ခက်နှင့် ဆုံဆည်းမြိုင် စသည့်နေရာဒေသများဖြစ်ပြီး လက်ရှိ နာမည်ကြီးနေသည့် ကျားဖြန့်ငွေလိမ်လုပ်ငန်းကိုလည်း အဆိုပါဒေသတွင် အဓိက လုပ်ကိုင်နေကြသည်။

ထို့အပြင် ပြည့်တန်ဆာလုပ်ရန်အတွက် တရုတ်သူဌေးထံသို့ အမျိုးသမီးငယ်များကို ချိတ်ဆက်ပို့ဆောင်မှု ပြုလုပ် ပေးရသည့် ပွဲစားများကလည်း အဖွဲ့အစည်းအခွန်ခဟုဆိုကာ အကြောင်းအမျိုးမျိုးပြု၍ ပြည့်တန်ဆာ အမျိုးသမီး များထံမှ ငွေကြေးရာခိုင်နှုန်းများနုတ်ယူကြကြောင်းလည်း ပြည့်တန်ဆာလုပ်နေသူနှင့် နီးစပ်သူက ဖြည့်စွက်ပြောဆိုသည်။

“တစ်သောင်းရတယ်ဆိုရင် လာသွင်းပေးတဲ့အစ်ကိုတွေကို ရာခိုင်နှုန်းနည်းနည်းပေးရတယ်။ တစ်သောင်းဆိုရင် တစ်ထောင်ပေးရတယ်။ သူတို့ပြောတာက အဖွဲ့အစည်းတွေကို ပြန်ပေးရမယ်လို့ ပြောတယ်။ သူတို့က ဘယ်လို လဲမသိဘူးတဲ့။ ပိုက်ဆံပေးပြီးပြီး လူခေါ်တာလည်း နှစ်ထောင်ပေးပြီးပြီးကို အဲ့တာ ကောင်မလေး တွေဆီက Percentage (ရာခိုင်နှုန်း) ပြန်ယူတယ်။ ကောင်မလေးတွေက ပိုက်ဆံအပြည့်မရဘူး။ အဖွဲ့အစည်း တွေကို ပြန်ပေးရတယ်ပြောတာပဲ။ ဟုတ်လား မဟုတ်လား မသိဘူး” ဟု ဆိုသည်။

အဆိုပါ ကာစီနိုလောင်ကစားရုံများနှင့် အွန်လိုင်းငွေလိမ်လုပ်ငန်းများ လုပ်ကိုင်နေသည့် မြို့သစ် စီမံကိန်းအနီး ကျေးရွာဒေသအချို့မှ ဒေသခံတိုင်းရင်းသူ အမျိုးသမီးအချို့မှာလည်း ငွေကြေးရလွယ်သည့် ပြည့်တန် ဆာလုပ်ငန်းများ နှင့် တရုတ်အငှားမယားများကို လုပ်ကိုင်လာသူ များပြားလာကြောင်းလည်း ဒေသခံများက ပြောဆိုကြသည်။

ရွှေကုက္ကိုလ်နှင့် နီးစပ်သည့် လေးဝေါ်ဒေသခံအမျိုးသမီးငယ်တစ်ဦးက “ဒီက ကျမတို့လို ကလေးမလေးတွေ ဆိုရင် ရွှေကုက္ကိုလ်က အနှိပ်ခန်းတွေမှာ သွားလုပ်ကြတာများတယ်။ အနှိပ်ခန်းလို့ ဆိုပေမဲ့ တချို့ဆိုရင် လိင် ဖျော်ဖြေရေးတွေမှာ ပါသွားကြတယ်။ ပိုက်ဆံရလွယ်တော့ သွားလုပ်ကြတာများတယ်။ ဒါပေမဲ့ ရွာပြန် လာရင်တော့ မသိသလိုပဲ နေကြတာပေါ့။”ဟု ကေအိုင်စီသို့ ပြောသည်။

ယခုလို နယ်စပ် မြဝတီဒေသအတွင်း ပြည့်တန်ဆာလုပ်ငန်းများ ကျယ်ပြန့်လာနေကြောင်း ပြောဆိုနေမှုနှင့် ပတ်သက်၍ ပြီးခဲ့သည့် မေလက ပြုလုပ်သည့် BGF တပ်နယ် (၂) ဗျူဟာမှူး ဗိုလ်မှူး စောတင်ဝင်းနှင့် ဆက်သွယ်မေးမြန်းထားချက်တွင် ယခုလို ဖြေဆိုထားသည်။

“ ပြည်မက ဝင်လာတဲ့မိန်းကလေးတွေ ရောင်းစားခံရတာ၊ မကောင်းတဲ့နေရာမှာလုပ်ခိုင်းတာတွေ သတင်းတွေ ထွက်နေတာရှိတယ်ပေါ့နော်။ တရုတ်တွေက ကရင်တို့၊ ဗမာမတို့ကို စိတ်မဝင်စားဘူး။ သူတို့စိတ်ဝင်စားတာက တရုတ်မတွေ၊ ဗီယက်နမ်မတွေကို ပါပဲ”ဟု ၎င်းက ကေအိုင်စီသို့ ပြောဆိုထားသည်။

မြဝတီမြို့နယ်အတွင်းရှိ ကာစီနိုလောင်ကစားရုံများနှင့် အွန်လိုင်းငွေလိမ်လုပ်ငန်းများကို နယ်မြေခံ နယ်ခြား စောင့်တပ်(BGF) နှင့် အခြားသော ကရင်လက်နက်ကိုင်အဖွဲ့အစည်းများက အကာအကွယ်ပေးထားသလို အဖွဲ့ အစည်း၏ ထိပ်ပိုင်းခေါင်းဆောင်အချို့၏ ပါဝင်ပတ်သက်မှုများလည်းရှိနေကြောင်း United States Institute of Peace (USIP) နှင့် Justice For Myanmar(JFM)တို့က ယခင်လများတွင် အသီးသီး အစီရင်ခံ ထုတ်ပြန်ထားသည်။

ထို့အတွက် ပြီးခဲ့သည့် မေလ(၃)ရက်နေ့က ရွှေကုက္ကိုလ်အပါအဝင် မြဝတီမြို့နယ်ဒေသတဝိုက်ရှိ အွန်လိုင်း (Online) ကျားဖြန့် လုပ်ငန်းလုပ်ကိုင်နေကြသည့် နိုင်ငံခြားသားများအနေဖြင့် ယခုမေလမှ စတင်ကာ အောက်တို ဘာလကုန်အထိ နောက်ဆုံးထားပြီး မိမိလာရာလမ်းအတိုင်း ထွက်ခွာပေးကြရန် (BGF)ဘက်က သတိပေးစာများ ပြန်လည် ထုတ်ပြန်ကြေညာခဲ့သည်။

အလားတူ လတ်တလောတွင် ကျားဖြန့်လုပ်ငန်းအများစုလုပ်ကိုင်နေကြသည့် ရွှေကုက္ကိုလ်မြို့အပါအဝင် အခြားသော မြို့များရှိ အွန်လိုင်းငွေလိမ်လုပ်ငန်းများကို မြို့အပြင်နှင့်နေရာတချို့ကို နေရာပြောင်း ရွှေ့မှု များပြုလုပ်နေပြီး လုပ်ငန်းတိုးချဲ့မှုလည်းလုပ်ဆောင်နေသည်ဟု တရုတ်နှင့်နီးစပ်သူထံမှ သိရသည်။

October 4, 2024
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ မူတြော်(ဖာပွန်)ခရိုင်/တပ်မဟာ ၅ ၊ လူသောကျေးရွာအုပ်စုအတွင်း၌...
October 4, 2024
ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့ပေါ်ရှိ သန်းခေါင်စာရင်းကောက်သည့် စစ်ကောင်စီ...
October 2, 2024
ကရင်ပြည်နယ်၊ ဖားအံမြို့ပေါ်နှင့် ကျေးရွာများတွင် စစ်ကောင်စီက အောက်တိုဘာ ၁ ရက်နေ့မှစ၍...
October 1, 2024
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ ထိန်းချုပ်နယ်မြေ သထုံခရိုင်/တပ်မဟာ(၁)၊ ဖားအံမြို့နယ်ထဲရှိ...