ဗျိုင်းဖြူရွာ ကျူးလွန်သည့်စစ်ရာဇဝတ်မှုတို့အတွက် တရားမျှတမှု ဖော်ဆောင်နိုင်ရေး တော်လှန်ရေးအင်အားစုအသီးသီးနှင့် ပူးပေါင်းဆောင်ရွက်မည်ဖြစ်ကြောင်း ASU/SAF ထုတ်ပြန်

ဗျိုင်းဖြူရွာ ကျူးလွန်သည့်စစ်ရာဇဝတ်မှုတို့အတွက် တရားမျှတမှု ဖော်ဆောင်နိုင်ရေး တော်လှန်ရေးအင်အားစုအသီးသီးနှင့် ပူးပေါင်းဆောင်ရွက်မည်ဖြစ်ကြောင်း ASU/SAF ထုတ်ပြန်

ရခိုင်ပြည်၊ စစ်တွေမြို့ရှိ ဗျိုင်းဖြူရွာကို စစ်ကောင်စီနှင့် ရခိုင်ပြည်လွတ်မြောက်ရေးပါတီ(ALP)တို့ ကျူးလွန်သည့် စစ်ရာဇဝတ်မှုတို့အတွက် တရားမျှတမှုဖော်ဆောင်နိုင်ရေး တော်လှန်ရေးအင်အားစု အသီးသီးနှင့် ပူးပေါင်းဆောင်ရွက်ရန် တကသများ-ရန်ကုန်/ ကျောင်းသားလက်ရုံး တပ်တော်(ASU/SAF) က ထုတ်ပြန်လိုက်သည်။

ရခိုင်ပြည် စစ်တွေမြို့၊ ဗျိုင်းဖြူရွာ အစုလိုက်အပြုံလိုက် လူသတ်မှုဖြစ်စဉ် အပါအဝင် အကြမ်းဖက် စစ်ကောင်စီ၏ ရက္ခိုင်ဒေသရှိ လူထုအပေါ် ကျူးလွန်နေသော စစ်ရာဇဝတ်မှုများနှင့် လူမျိုးရေး၊ ဘာသာရေးအရ သွေးခွဲရန်တိုက်မှုများ၊ နိုင်ငံရေးအရ အမြတ်ထုတ်မှုများကို မျက်ခြေမပြတ် စောင့်ကြည့်ကြရန် လိုအပ်ကြောင်း၎င်းတို့ကဆိုသည်။

" ရခိုင်ပြည်အပါအဝင် နိုင်ငံအဝှမ်းရှိ ဒေသ အသီးသီးတွင် အကြမ်းဖက်စစ်အုပ်စု၏ စစ်ရာဇဝတ်မှုများ၊ လူသားမျိုးနွယ်အပေါ် ကျူးလွန်နေသည့် ရာဇဝတ်မှုများအား အမှန်တရား ရှာဖွေဖော်ထုတ်ရေးနှင့် တရားမျှတမှုဖော်ဆောင်နိုင်ရေးတို့အတွက် ကျွန်ုပ်တို့ တကသများ-ရန်ကုန်/ ကျောင်းသား လက်ရုံးတပ်တော်အနေဖြင့် တော်လှန်ရေးအင်အားစုအသီးသီးနှင့် လက်တွဲပူးပေါင်း ဆောင်ရွက် သွားမည် ဖြစ်ကြောင်း ထုတ်ပြန်ကြေညာအပ်ပါသည်။”ဟု ၎င်းတို့က ဇွန်လ ၂ ရက်နေ့က ထုတ်ပြန်လာခဲ့သည်။

နောက်ပြီး ရခိုင်ဒေသအတွင်း နိုင်ငံရေး၊ စစ်ရေးအရ အရှက်တကွဲ ရှုံးနိမ့်ဆုတ်ခွာနေရသော အကြမ်းဖက် စစ်ကောင်စီသည် ရခိုင်ပြည်နယ်အတွင်းမှ ပြည်သူများ၏ ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်နေမှုကို ဖျက်လိုဖျက်ဆီး ပြုလုပ်သည့် လုပ်ရပ်များနှင့် လူမျိုးရေး၊ ဘာသာရေး ပဋိပက္ခ ဖြစ်စေရန် ပြုလုပ်နေသည့် လုပ်ရပ်များကို ရည်ရွယ်ချက်ရှိရှိ တစိုက်မတ်မတ် အားထုတ် ဖော်ဆောင်လျက်ရှိသဖြင့် ၎င်းတို့အနေဖြင့် မျက်ခြေမပြတ်စောင့်ကြည့်နေကြောင်းပြောသည်။

“အကြမ်းဖက်စစ်တပ်က ဦးဆောင်ကာ အရပ်သား ပြည်သူများ၏ နေအိမ်အဆောက်အအုံများ၊ နိုင်ငံတကာ လူသားချင်းစာနာထောက်ထားမှု အကူအညီ ပေးရေး အဖွဲ့အစည်းများ၏ ရုံးအဆောက် အအုံများကို မီးရှို့ခြင်း၊ ဖြိုချခြင်း နှင့် ဆေးရုံများ၊ စာသင်ကျောင်းများ၊ ဒုက္ခသည်စခန်းများ၊ ဘုန်းကြီးကျောင်းများကဲ့သို့ အရပ်ဖက်ပစ်မှတ်နေရာများကို လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခြင်း၊ တပ်သားသစ် အဓမ္မစုဆောင်းခြင်းနှင့် အပြစ်မဲ့ အရပ်သားပြည်သူများကို ၎င်းတို့၏ အကာအကွယ် တခု၊ ဒိုင်းတခုသဖွယ် အသုံးချကာ လူသားဒိုင်းအဖြစ်အသုံးပြုခြင်း အစရှိသော အကြမ်းဖက်မှုများ၊ စစ်ရာဇဝတ်မှုများကို စနစ်တကျ လုပ်ဆောင်လျက် ရှိသည်။” ဟု ဆိုထားသည်။

ရခိုင်ပြည်၊ ဗျိုင်းဖြူရွာတွင် စစ်ကောင်စီနှင့် ALP တို့မှ လူတစ်ဦးချင်းစီကို အပြစ်ပေး အရေးယူနိုင်ရေး အာရက္ခတပ်တော်(ULA/AA) ကပြောဆိုထားသည်။

အဆိုပါ မေလ ၂၉ ရက်နေ့တွင် ဗျိုင်းဖြူရွာဖြစ်စဉ်တွင် သေဆုံးသူ ၅၃ ဦးအထိရှိကြောင်း ULA/AA က ထုတ်ပြန်ထားသည်။

October 4, 2024
ရခိုင်ပြည်၊ တောင်ဖက်အစွန်ဆုံးတွင် တည်ရှိသော ဂွမြို့နယ်တွင် စစ်ကောင်စီတပ်နှင့် အာရက္ခတပ်တော် (AA...
October 3, 2024
ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်၊ ဇင်ချောင်းတိုက်နယ်အောက်ဘက် ပင်လယ်ပြင်တွင် စစ်ကောင်စီ...
October 3, 2024
ဧရာဝတီတိုင်းထဲကို စစ်ဘေးရှောင်ရန်ရောက်ရှိနေသည့် ရခိုင်စစ်ဘေးရှောင်ပြည်သူများမှာ စစ်ကောင်စီထံ...
October 2, 2024
ရခိုင်တွင် မြို့သိမ်းတိုက်ပွဲများကြောင့် ရပ်တန့်နေရသည့် စစ်တွေ-အိန္ဒိယဆိပ်ကမ်းကို ပြန်လည်...