မြန်မာနိုင်ငံအကျပ်အတည်းကို ငြိမ်းချမ်းစွာဖြေရှင်းနိုင်ရေး KNU၊ KNPP ခေါင်းဆောင်နှင့် ဂျပန်အစိုးရ တို့ တွေ့ဆုံဆွေးနွေးခဲ့

မြန်မာနိုင်ငံအကျပ်အတည်းကို ငြိမ်းချမ်းစွာဖြေရှင်းနိုင်ရေး KNU၊ KNPP ခေါင်းဆောင်နှင့် ဂျပန်အစိုးရ တို့ တွေ့ဆုံဆွေးနွေးခဲ့

ကရင်အမျိုးသားအစည်းအရုံး-KNU၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ-KNPP ဥက္ကဋ္ဌ နှင့် ဂျပန်အစိုးရ နိုင်ငံခြား ရေးဌာန ဒု-ဝန်ကြီးမစ္စတာ KOMURA Masahiro တို့ ပြီးခဲ့သည့် မေလ ၁၄ ရက်နေ့က ပြုလုပ်သော တွေ့ဆုံမှုတွင် လက်ရှိဖြစ်ပေါ်နေသော မြန်မာ့နိုင်ငံရေး အကျပ်အတည်းအား ငြိမ်းချမ်းစွာဖြေရှင်းသွားနိုင်ရေးနှင့်ပတ်သက်၍ ဆွေးနွေးပြောဆိုခဲ့ကြောင်း  ထုတ်ပြန်ချက်အရ သိရသည်။

ဂျပန်နိုင်ငံခြားရေး-ဒုဝန်ကြီး Mr. KORURA Masahiro က တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း ကိုယ်စားလှယ်များဖြစ်သော ကေအဲန်ယူ- ကရင်အမျိုးသားအစည်းအရုံး ဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်းနှင့် ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) ဥက္ကဋ္ဌ ခူဦးရယ်တို့ တွေ့ဆုံမှုတွင် လက်ရှိ မြန်မာနိုင်ငံအခြေ အနေနှင့်ပတ်သက်၍ အမြင်ချင်းဖလှယ်ခဲ့ကြသလို လက်ရှိအကျပ်အတည်းများမှ လွတ်မြောက်ရန် နည်းလမ်း ရှာဖွေသွားမည်ဖြစ်ကြောင်းလည်း ဂျပန်နိုင်ငံခြားရေးဝန်ကြီးက ဆွေးနွေးပြောဆိုခဲ့ကြောင်း ဂျပန်နိုင် ငံခြားရေးဝန်ကြီးဌာန၏ ထုတ်ပြန်ထားချက်တွင် ဖော်ပြထားသည်။

မြန်မာနိုင်ငံအပေါ် ဂျပန်အစိုးနှင့် ဂျပန်ပြည်သူများ၏ ကူညီပံ့ပိုးမှုများကိုလည်း တိုင်းရင်သားလက်နက် ကိုင်ကိုယ်စားလှယ်အဖွဲ့ဘက်မှ ကျေးဇူးတင်သလို မြန်မာနိုင်ငံအခြေအနေကိုဖြေရှင်းရာတွင် ဂျပန်နိုင်ငံ၏ အခန်းကဏ္ဍကို မျှော်လင့်နေမှုနှင့်ပတ်သက်၍ ဆွေးနွေးပြောဆိုသည်ဟုလည်း ထုတ်ပြန်ထားချက်တွင် ဖော်ပြပါရှိသည်။

ထို့အပြင် မြန်မာ့နိုင်ငံရေးအခြေအနေ ငြိမ်းချမ်းစွာဖြေရှင်းနိုင်ရေးအတွက်ကို တစ်ဖက်နှင့်တစ်ဖက် နီးကပ်စွာ ဆက်လက် ချိတ်ဆက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်းကိုလည်း ဂျပန်နိုင်ငံခြားရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်ထဲတွင် ဖော်ပြထားသည်။

အဆိုပါ တွေ့ဆုံမှုတွင် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးရေးကိစ္စနှင့်ပတ်သက်၍ ပြောဆို ဆွေးနွေးခဲ့သည်ဟု KNPP က RFA မြန်မာပိုင်းကို ပြောဆိုထားပြီး KNU ဘက်ကမူ တစ်စုံတရာ ထုတ်ဖော်ပြောကြားလာခြင်းမရှိသေးပေ။

မြန်မာနိုင်ငံသားအတွက် လုံခြုံစိတ်ချပြီး ကောင်းမွန်သည့် အနာဂတ်တည်ဆောက်နိုင်ရန် နိုင်ငံတကာမှ အကူ အညီ တိုးချဲ့နိုင်ရေးကိစ္စနှင့်ပတ်သက်၍ ပြီးခဲ့သည့် မတ်လတုန်းကလည်း အမေရိကန်နိုင်ငံခြားရေးအတိုင်ပင်ခံ ဒဲရစ်ချောလက် (Derek Chollet )နှင့် တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့များဖြစ်သော KNU၊ KNPP၊ ကချင်လွတ်လပ်ရေးအဖွဲ့ (KIO)နှင့် ချင်းအမျိုးသားတပ်ဦး (CNF) တို့ တွေ့ဆုံဆွေးနွေးခဲ့သေးသည်။

October 31, 2024
ထိုင်းနိုင်ငံအတွင်း နေထိုင်သည့်တိုင်းရင်းသားလူမျိုးစုများအပါအဝင် အထောက်အထားရှိပြီး နှစ်ရှည်ကြာ...
October 31, 2024
ကရင်အမျိုးသားအစည်းအရုံး-ကေအဲန်ယူ၊ တပ်မဟာ(၁)/သထုံခရိုင်၊ ကျိုက်ထိုမြို့နယ်ရှိ ကျောက်ပုံ၊...
October 30, 2024
ကရင်ပြည်နယ်၊ နယ်ခြားစောင့်တပ်-BGF ခေါင်းဆောင်ဗိုလ်မှူးချုပ်စောချစ်သူ၊ ဗိုလ်မှူးစောမုတ်သုန်၊...
October 30, 2024
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်အတွင်းသို့ စစ်ကောင်စီ စစ်ကြောင်းထိုး...