အောင်ဇေယျစစ်ဆင်ရေးအတွက် စစ်ကူများ နေ့စဉ်ပို့ဆောင်နေသော်လည်း ဒေါနတောင်ကို မကျော်နိုင်သေး

အောင်ဇေယျစစ်ဆင်ရေးအတွက် စစ်ကူများ နေ့စဉ်ပို့ဆောင်နေသော်လည်း ဒေါနတောင်ကို မကျော်နိုင်သေး

မြဝတီမြို့သို့ စစ်ကူလာသော စစ်ကောင်စီတပ်၏ အောင်ဇေယျစစ်ဆင်ရေးစစ်ကြောင်းများသည် ဒေါန တောင်ကျော်လွန်နိုင်အောင် မြေပြင်စစ်ကူအဆက်မပြတ်ပို့ဆောင်ပြီး လက်နက်ကြီးသံချပ်ကာကား၊ အတွဲလိုက် ပစ်ဒုံးကားများ ပစ်ကူပေးတိုက်ခိုက်နေသော်လည်း ယနေ့အချိန်ထိ ဒေါနတောင်ကို ကျော်ဖြတ်နိုင်ခြင်းမရှိ သေးကြောင်း စစ်ရေးနယ်မြေသတင်းအရင်းအမြစ်က ပြောသည်။

ပြီးခဲ့သည့် ဧပြီလ ၁၃ ရက်နေ့ကတည်းက သံချပ်ကာကား၊ စစ်ကားများဖြင့် တပ်အင်အား အလုံးအရင်းနှင့် တက် လာသော အဆိုပါစစ်ကောင်စီတပ် စစ်ကြောင်းများကို ဒေါနတောင် ကော့ကရိတ်မြို့နယ်အပိုင်နယ်မြေထဲတွင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA ပူးပေါင်း PDF တပ်များကြားဖြတ်တိုက်ခိုက်မှုလုပ်ဆောင် သည့်အတွက် အကျအဆုံးများလျက်ရှိသည်ဟု စစ်ရေးနယ်မြေသတင်းအရင်းအမြစ်က ယခုလို ပြောသည်။

" စစ်တပ်က ကော့ကရိတ်တောင်ကြောမှာ သေတာမနည်းဘူး။ ဒဏ်ရာရလည်း ပြန်သယ်ဖို့မလုပ်ဘူး။ အရာရှိ လောက်ပဲ နောက်တန်းပြန်ပို့၊ တောင်ကလေးဆေးရုံကိုပြန်ပို့တာမျိုးရှိတယ်။ တောင်ကလေး စစ်ဆေးရုံမှာလည်း လူပြည့်နေပြီ။ လူနာတွေ ထားစရာမရှိဖြစ်နေပြီ။ အရာရှိဆိုရင် မင်္ဂလာဒုံစစ်ဆေးရုံကို ထပ်ပြီးပို့တယ် ။ စစ်ကူက ဖားအံကနေကုန်ကားတွေနဲ့နေ့တိုင်း ပို့နေတာရှေ့တန်းကို ထပ်ထပ်ရာက်လာနေတယ်။ အခုက တင့်ကား၊ ဒုံး ကားနဲ့လည်း ပစ်တယ်။ ဒရုန်းလည်း ဗုံးကြဲတယ်။ ရှေ့တိုးတက်ဖို့ မရသေးဘူး" ဟု စစ်ရေးနယ်မြေသတင်း အရင်းအမြစ်က ပြောသည်။

ပြီးခဲ့သည့် မေလ ၁ ရက်မှ ၁၀ ရက်အတွင်း စစ်တပ်ဘက်က တောနော်ရေတံခွန်တောင်နေရာဘက်တွင် တိုက်ပွဲ အပြင်းအထန် ဖြစ်ပွားနေရာမှာ စစ်တပ်ဘက်က လူ ၁၀၀ ကျော် ကျဆုံးနိုင်ပြီး ၅၀ ဝန်းကျင် ထိခိုက်ဒဏ်ရာ ရရှိမှုရှိ ကြောင်း၊ စစ်ကြောင်းစွန့်ခွာ ထွက်ပြေးမှုများလည်းရှိနေကြောင်း တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ဘက်က ပြောသည်။

ထို့အတူ KNLA ပူးပေါင်း PDF စစ်ကြောင်းများဘက်ကလည်း ၁၀ ဦး ထက်မနည်း ကျဆုံး၊ ပျောက်ဆုံးမှုရှိနေသလို ရဲဘော်အယောက် ၃၀ ဝန်းကျင် ထိခိုက်ဒဏ်ရာရရှိမှုရှိနေကြောင်း စစ်မြေပြင်သတင်းအရင်းအမြစ်များထံမှ သိရှိရ သည်။

KNLA စစ်ရေးသတင်းအရင်းအမြစ်တစ်ခုက " အခုက မိုးမလင်းသေးဘူး ပစ်နေပြီ၊ တိုက်နေပြီ ၊ တစ်ချီ တက်ချ လာလိုက်၊ သေလိုက်ပြန်ငြိမ်လိုက် ပြီးရင်လေယာဉ်၊ ဒရုန်း၊ လက်နက်ကြီး ပစ်ချလိုက်၊ မြေပြင်စစ်သားက တက် လာလိုက် ပြန်ဆင်းပြေးလိုက် ဖြစ်နေတယ်။ သူတို့က တောလမ်းတွေက တက်လာတော့ ကိုယ့်အဖွဲ့တွေက လည်း ဖြတ်တိုက်နေတယ်"ဟု ပြောသည် ။

ယနေ့ မေလ ၁၃ ရက်နေ့အထိ ကရင်ပြည်နယ်အတွင်း သံတောင်၊ ဖာပွန်၊ ဘုရားသုံးဆူ၊ ကော့ကရိတ်မြို့ နေရာ များတွင် KNLA မဟာမိတ် PDF ပူးပေါင်းတပ်များ စစ်ကောင်စီတပ်ရင်းနေရာများ၊ စစ်ကြောင်းနေရာများကို စစ်ဆင်တိုက်ခိုက်နေပြီး မြဝတီ၊ ဝေါလေ၊ ကြာအင်းဆိပ်ကြီး၊ ကျုံဒိုးမြို့နယ်ခွဲ နေရာများဘက်တွင်လည်း နှစ် ဘက်စစ်ရေးတင်းမာမှုများ ဆက်ရှိနေကြောင်း သိရသည်။

Most read this week

October 5, 2024
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ မူတြော် (ဖာပွန်)ခရိုင်၊ တပ်မဟာ (၅) နယ်မြေရှိ ကမမောင်းမြို့တွင်...
October 4, 2024
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ မူတြော်(ဖာပွန်)ခရိုင်/တပ်မဟာ ၅ ၊ လူသောကျေးရွာအုပ်စုအတွင်း၌...
October 4, 2024
ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့ပေါ်ရှိ သန်းခေါင်စာရင်းကောက်သည့် စစ်ကောင်စီ...
October 2, 2024
ကရင်ပြည်နယ်၊ ဖားအံမြို့ပေါ်နှင့် ကျေးရွာများတွင် စစ်ကောင်စီက အောက်တိုဘာ ၁ ရက်နေ့မှစ၍...