စစ်မှုထမ်းဥပဒေကြောင့် မွန်ပြည်နယ်မှာ လူငယ်တွေအလုံးအရင်းနဲ့ ပြည်ပထွက်ခွာမှုတွေရှိလာ

စစ်မှုထမ်းဥပဒေကြောင့် မွန်ပြည်နယ်မှာ လူငယ်တွေအလုံးအရင်းနဲ့ ပြည်ပထွက်ခွာမှုတွေရှိလာ

နိုင်ငံသားတိုင်း မဖြစ်မနေ စစ်မှုထမ်းရမယ်ဆိုတဲ့ စစ်ကောင်စီရဲ့ ပြည်သူ့စစ်မှုထမ်းဥပဒေကြောင့် မွန်ပြည်နယ်မှာ လူငယ်တွေအလုံးအရင်းနဲ့ နီးစပ်ရာ ပြည်ပနိုင်ငံတွေထံ ထွက်ခွာမှုရှိလာတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

အာဏာသိမ်း စစ်ကောင်စီဟာ စစ်အာဏာရှင်ဟောင်း ဦးသန်းရွှေလက်ထက် ၂၀၁၀ ခုနှစ်မှာ ပြဌာန်းခဲ့တဲ့ ပြည်သူ့စစ်မှုထမ်းဥပဒေကို ဖေဖော်ဝါရီ ၁၀ ရက်နေ့မှာ စတင်အာဏာတည်စေရမယ်လို့ ကြေ ညာလိုက်တာကြောင့် ပြည်ပထွက်ခွာမှု မြင့်တက်လာခဲ့တာပါ။

စစ်ကောင်စီရဲ့ ပြည်သူ့စစ်မှုထမ်းဥပဒေကြောင့် ဒေသတွင်းက လူငယ်တွေဟာ စစ်ကောင်စီလက် အောက်မှာ တာဝန်မထမ်းဆောင်ချင်တာ၊ အတင်းအကျပ်ဖမ်းဆီးပြီး တပ်အတွင်းပို့မှာ စိုးရိမ်တာအပြင် လုံခြုံမှုမရှိတော့တဲ့အတွက် ပြည်ပထွက်ခွာမှု များပြားလာတာ ဖြစ်ပါတယ်။

ဒေသခံ တစ်ဦးကတော့ ပြည်သူ့စစ်မှုထမ်းဥပဒေကြောင့် ဒေသတွင်းက လူငယ်တွေဟာ နေ့စဉ်ပြည်ပထွက်ခွာမှု သိသိသာသာ မြင့်တက်လာပြီး ဒေသတွင်းမှာ အလုပ်သမားရှားပါးမှု ပြဿနာနဲ့ရင်ဆိုင်နေရပြီလို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။

“ကလေးတွေက အခုဒီရက်ပိုင်းအတောအတွင်းမှာ တော်တော်ကို သွားနေကြတယ်လေ။ ဒီသုံးလေးရက်အတွင်းမှာပဲ သူတို့နည်းသူတို့ဟန်နဲ့ သွားနေကြတာပဲ။ နေ့တိုင်းသူဟာသူသွားနေကြတယ်။ ကျွန်တော်တို့ နယ်ဘက်ခြမ်းတွေမှာတော့ သူတို့က တခြားပြည်ပက အဆက်အသွယ်ရှိတော့ ထွက်နေကြတာပဲ။ အခုကျွန်တော်တို့ အလုပ်သမားတွေတောင် အခက်အခဲဖြစ်တယ်။ အဲဒီအတွက်ကြောင့် ဒီမှာအလုပ်သမားတွေကလည်း မလုပ်ကြတော့ဘူးလေ။ ဒီမှာလုပ်မယ့်အတူတူ နိုင်ငံခြားပဲသွားမယ်။ အဲဒီလိုမျိုးတွေပြောပြီး သွားကြတဲ့ကလေးတွေလည်း အများကြီးရှိတယ်”လို့ ဆိုပါတယ်။

အခုလို နည်းလမ်းအမျိုးမျိုးနဲ့ ပြည်ပထွက်ခွာသွားတဲ့ လူငယ်အများစုဟာ အိမ်နီးချင်းထိုင်းနိုင်ငံကို သွားရောက်မှုများသလို ဒေသတွင်းမှာတော့ အသက်ကြီးပိုင်းနဲ့ အရွယ်မရောက်သေးတဲ့ ကလေးငယ်တွေလောက်သာ ကျန်ရှိတော့တယ်လို့ သူကဆက်ပြောပါတယ်။

မိခင်တစ်ဦးကလည်း စစ်ကောင်စီဘက်က ပြည်သူ့စစ်မှုထမ်းဥပဒေကို အသက်သွင်းပြီး အတင်းအ ကျပ် စစ်မှုထမ်းခိုင်းပါက လူငယ်တွေကို သူတို့နဲ့ထည့်မှာမဟုတ်ဘဲ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထဲ ထည့်မယ်လို့ ပြောပါတယ်။

“ဒီအာဏာရူးတွေကတော့ နှစ်ပေါင်း ၇၀ ကျော် သူတို့မတရား ယူထားတာလေ။ ဒီအာဏာကိုလည်း ပြည်သူကသဘောမကျဘဲ အတင်းယူထားကြတယ်။ စစ်မှုထမ်းခိုင်းရင်တော့ သူတို့ထဲတော့ မထည့်နိုင်ဘူး။ ထည့်ချင်းထည့် ဒီPDF ထဲပဲထည့်မှာ။ အခုက ကိုယ့်အချင်းချင်း ကိုယ့်ကိုပြန်တိုက်ခိုင်းနေပြီးတော့ ပြန်သတ်ခိုင်းနေတာ။ ဒါကတော့ စစ်မှုထမ်းတာကို ပြည်သူတစ်ယောက်အနေနဲ့ မိခင်တစ်ယောက်အနေနဲ့ပေါ့နော်။ ဒါက လုပ်ထုံးလုပ်နည်း မဟုတ်ဘူးလို့သာ ပြောချင်တယ်ပေါ့”လို့ ဆိုပါတယ်။

လက်ရှိမှာလည်း လူငယ်တွေကို အလုပ်လုပ်ကိုင်ဖို့အတွက် အပြင်တွေသွားလာခိုင်းဖို့တောင် အ ခက်အခဲရှိလာသလို မိမိတို့ရဲ့ သားသမီးတွေကို နေအိမ်တွေထိလာရောက် ဖမ်းဆီးခေါ်ဆောင်မှာကအစ စိုးရိမ်စိတ်တွေ ဖြစ်နေရတယ်လို့ သူကဆက်ပြောပါတယ်။

စစ်ကောင်စီ အသက်သွင်းလိုက်တဲ့ ပြည်သူ့စစ်မှုထမ်း ဥပဒေအရ သာမာန်အရပ်သား အမျိုးသားတွေဟာ အသက် ၁၈ နှစ်မှ ၃၅ နှစ်အတွင်း စစ်မှုထမ်းရမှာဖြစ်သလို အမျိုးသမီးတွေကတော့ အ သက် ၁၈ နှစ်မှ ၂၇ နှစ်အတွင်း စစ်မှုထမ်းရမှာဖြစ်တယ်လို့ ဆိုထားပါတယ်။

ဒါ့အပြင် ဆရာဝန်၊ အင်ဂျင်နီယာ၊ စက်မှုလက်မှုပညာ တတ်မြောက်သူအပါအဝင် အခြားပညာတစ်ရပ်ရပ်နဲ့ အသက်မွေးဝမ်းကျောင်းနေတဲ့ အမျိုးသားတွေအနေနဲ့ အသက် ၁၈ နှစ်မှ ၄၅ နှစ်အ တွင်း စစ်မှုထမ်းရမှာဖြစ်ပြီး အမျိုးသမီးတွေကတော့ အသက် ၁၈ နှစ်မှ ၃၅ နှစ်အတွင်း စစ်မှုထမ်းရမယ်လို့ ပြဋ္ဌာန်းထားပါတယ်။

အခုလို အရွယ်ကောင်းလူငယ်တွေကို စစ်မှုထမ်းခိုင်းတာကြောင့် ပြည်တွင်းက လူ့စွမ်းအားအရင်း အမြစ်တွေ ဆုံးရှုံးသွားမှာဖြစ်သလို ဒီဥပဒေဟာ လူငယ်တွေအတွက် ငရဲခန်းပဲလို့ လူငယ်အရေး ဆောင်ရွက်နေသူတစ်ဦးက ပြောပါတယ်။

“လူ့စွမ်းအားအရင်းအမြစ်ကတော့ အကြီးအကျယ်ဆုံးရှုံးသွားမယ်ပေါ့နော်။ အရင်ကလည်း ဆုံးရှုံးတယ်။ အခု ဥစ္စာက ထပ်ပြီးတော့ဆုံးရှုံးတယ်။ ဘာလို့ဆိုတော့ သူတို့လိုချင်တဲ့ အသက်အရွယ်အနေအထားက ရန်ကုန်မြို့ ပေါ်မှာရော၊ နယ်တွေမှာ အကုန်လုံး မိဘကိုလုပ်ကျွေးနေတဲ့ အလုပ်အ ကိုင်သမားတွေ ဖြစ်နေတဲ့အတွက်ပေါ့နော်။ အများကြီးဆုံးရှုံးမှု ဖြစ်သွားမယ်။ ၈၀ ရာခိုင်နှုန်းက တော့ ထိခိုက်မှာပဲ။ ဘာလို့ဆို ၁၈ နှစ်နဲ့ ၃၅ နှစ်အတွင်းဆိုတော့ အကုန်လုံးက သူရဲ့ဆိုင်ရာဆိုင်ရာ အလုပ်ခွင်တွေမှာ အလုပ်လုပ်ကိုင်ပြီး ရပ်တည်နေကြတဲ့ လူတွေရှိသလို တဖက်နိုင်ငံကို ထွက်ဖို့ဆိုပြီးတော့ ဒီဘက်မှာလာပြီးတော့ ပညာသင်ကြားနေတဲ့ လူငယ်တွေ ရှိတယ်။ စစ်ဘေးရှောင်ရတဲ့ လူတွေရှိတယ်ဆိုတဲ့အတွက် အဲဒီဥပ‌ဒေထွက်လိုက်ကတည်းက အဲဒါငရဲခန်းပဲလို့တော့ သတ်မှတ်လိုက်တယ်”လို့ ဆိုပါတယ်။

စစ်ကောင်စီရဲ့ ပြည်သူ့စစ်မှုထမ်းဥပဒေအရ သာသနာ့ဝန်ထမ်းတွေ၊ အိမ်ထောင်သည် အမျိုးသမီးတွေ၊ ကိုယ် လက်အင်္ဂါတစ်ခုခု အမြဲတမ်းမသန်စွမ်းသူတွေ၊ စစ်တပ်ဆေးတပ်ဖွဲ့ စစ်ဆေးရေး ဘုတ် အဖွဲ့က ပြည်သူ့စစ်မှုထမ်းရန် အမြဲတမ်းမသင့်လျော်သူဖြစ်ကြောင်း သတ်မှတ်ထားသူတွေနဲ့ ပြည် သူ့စစ်မှုထမ်းဆင့်ခေါ်ရေး ဗဟိုအဖွဲ့က အမိန့်ထုတ်ပြန်ပြီး ကင်းလွတ်ခွင့် ပြုထားသူတွေသာ စစ်ထဲဝင်ရန် ကင်းလွတ်ခွင့်ရှိတယ်လို့ ဆိုထားပါတယ်။

စစ်မှုထမ်းရမယ့်သူတွေဟာ သာမန်အခြေအနေမှာ အများဆုံး ၂ နှစ် စစ်မှုထမ်းရမှာဖြစ်ပြီး စက်မှုလက်မှုပညာသည်နဲ့ ကျွမ်းကျင်သူအဖြစ် သတ်မှတ်ထားပါက ၃ နှစ် စစ်မှုထမ်းရမှာဖြစ်သလို အ ရေးပေါ်အခြေအနေ သတ်မှတ်ပါက အများဆုံး ၅ နှစ်အထိ တိုးမြှင့်သွားမယ်လို့ ပြဋ္ဌာန်း ထားပါတယ်။

စစ်မှုမထမ်းဆောင်ဖို့အတွက် အကြောင်းအမျိုးမျိုးပြပြီး ငြင်းဆန်ပါက ထောင်ဒဏ် ၃ နှစ် ချမှတ်မှာ ဖြစ်သလို ဆေးမအောင်ရန် ကြိုးစားတာ၊ စစ်ထဲမဝင်လိုတဲ့အတွက် ဆေးကျရန် အနာတရဖြစ်အောင် လုပ်ဆောင်ပါက ထောင်ဒဏ် ၅ နှစ် ချမှတ်မှာဖြစ်ပြီး စစ်ထဲမဝင်ရရေးအတွက် အားပေးကူညီပါက ထောင်ဒဏ် ၁ နှစ် ချမှတ်မယ်လို့ ပါရှိပါတယ်။

စစ်ကောင်စီဟာ နိုင်ငံအနှံ့ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် စစ်ရေးမှာရှုံးနိမ့်ပြီး စစ်အင်အား လို အပ်နေတဲ့အတွက် ပြည်သူ့စစ်မှုထမ်းဥပဒေကို အသက်သွင်းခဲ့သလို တဖက်မှာလည်း စစ်မှုထမ်း ဟောင်းတွေကို ပြန်လည်ခေါ်ယူဖို့အတွက် အရန်တပ်ဖွဲ့ ဥပဒေကိုလည်း ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၃ ရက်နေ့မှာ ပြန်လည်အသက်သွင်းထားပါတယ်။

Most read this week

October 12, 2024
မြန်မာနိုင်ငံအတွင်းရှိ မြို့ကြီး တချို့မှာ စက်သုံးဆီကို လိုသလောက် ရောင်းချမပေးတော့ဘဲ အ...
October 11, 2024
ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ ၁ သထုံခရိုင်အုပ်ချုပ်နယ်မြေအတွင်းမှာရှိတဲ့ ကျေး ရွာပေါင်း ၄၀၀...
October 10, 2024
မွန်ပြည်နယ်မှာ ၂၀၂၄ ခုနှစ် လူဦးရေနဲ့ အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူနေပေမယ့်...
October 9, 2024
တနင်္သာရီတိုင်း လောင်းလုံးမြို့နယ် ကျောက်နီမော်ကျေးရွာမှာ စစ်ကောင်စီတပ်နဲ့ပျူစောထီးပူး...