ပြည်သူ့စစ်မှုထမ်းဥပဒေ သတ်မှတ်ပြီးနောက်ပိုင်းရန်ကုန်၊ မန္တလေး၊ နေပြည်တော်လေဆိပ်တွေနဲ့ နယ်စပ်ဂိတ်တွေကို စီစစ်တားဆီးဖို့ ညွှန်ကြားချက်တွေ၊ ကန့်သတ်ချက်တွေ ထုတ်ပြန်ဆောင်ရွက်ထားခြင်း မရှိဘဲ ယခင်အတိုင်း စနစ်တကျ ဝင် / ထွက် ခွင့်ဆောင်ရွက်ပေးလျှက်ရှိတယ်လို့ စစ်ကောင်စီလက်အောက်ခံ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနက ရန်ကုန်လေဆိပ်မှာ ကြေညာထားပါတယ်။
နိုင်ငံခြားထွက်ခွာခွင့်တွေနဲ့ ပက်သက်လို့ စီစစ်တားဆီးတာတွေ ကန့်သတ်တာမျိုးတွေ ဆောင်ရွက်တာ မရှိဘူးလို့ စစ်ကောင်စီလက်အောက်ခံ လူဝင်မှုကြီးကြပ်ရေး နှင့် ပြည်သူ့အင်အားဝန်ကြီးဌာနက ထုတ်ပြန်ကြေညာထားပါတယ်။
ပြည်သူ့စစ်မှုထမ်းဥပဒေကို စစ်ကောင်စီက (၂၀၂၄ ) ခုနှစ် ဖေဖော်ဝါရီလ (၁၀) ရက်နေ့မှစတင်လို့ အာဏာတည်စေရမယ်လို့ ထုတ်ပြန်လိုက်ပြီး နောက်ပိုင်း ပြည်ပ ထွက်ခွာခွင့်တွေနဲ့ ပက်သက်လို့ ပြည်သူလူထုက စိုးရိမ်မှုတွေဖြစ်ပွားခဲ့ပါတယ်။
ပြည်ပအလုပ်အကိုင်အတွက် အလုပ်ကမ်းလှမ်းစာတွေကိုလည်း ပြန်လည်လက်ခံ ဆောင်ရွက်ပေးနေတယ်လို့ အလုပ်သမားဝန်ကြီးဌာနဘက်က တရားဝင်ထုတ်ပြန်ထားတယ်လို့လည်း သိရပါတယ်။
Photo Crd