Published
Friday, February 02, 2024
မြောက်ဦးအခြေစိုက် ခမရ (၅၄၀) တပ်ရင်းကို AA အပြီးသတ်သိမ်းပိုက်
ဓာတ်ပုံ - AA
ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ် အခြေစိုက် စစ်ကောင်စီရဲ့ အမှတ်(၅၄၀) ခြေမြန်တပ်ရင်းတစ်ခုလုံးကို ဇန်နဝါရီ ၃၀ ရက်နေ့ ည ၁၁ နာရီ ၄၅ မိနစ်အချိန်ခန့်မှာ အပြီးသတ်တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်လို့ ရက္ခိုင့်တပ်တော် AA က ဖေဖော်ဝါရီ ၂ ရက်နေ့ နေ့လည်ပိုင်းမှာ ဓာတ်ပုံမှတ်တမ်းနဲ့တကွ ထုတ်ပြန်ပါတယ်။
တပ်ရင်းသိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီထံကနေ လက်နက်ခဲယမ်းနဲ့စစ်အသုံးအဆောင်ပစ္စည်း အများအပြား သိမ်းဆည်းရမိခဲ့ပြီး မြောက်ဦးမြို့နယ်မှာ ကျန်ရှိတဲ့ စစ်ကောင်စီတပ်ရင်း နှစ်ရင်းကိုလည်း အပြီးသတ်သိမ်းပိုက်ဖို့ ဆက်လက်တိုက်ခိုက်လျက်ရှိတယ်လို့ AA က အသိပေးထားပါတယ်။
ဓာတ်ပုံ - AA