ချင်းပြည်နယ် ပလက်ဝဒေသအခြေစိုက်စစ်ကောင်စီတပ်ရဲ့ ရှေ့တန်းတပ်မဌာနချုပ်ဖြစ်တဲ့ ခလရ (၂၈၉)၊ စကခ (၁၉) တို့ကို အပြီးသတ်သိမ်းပိုက်စဉ် သိမ်းဆည်းရရှိခဲ့တဲ့ လက်နက်ခဲယမ်းတွေနဲ့ စစ်အသုံးအဆောင်ပစ္စည်းတွေကို ရက္ခိုင့်တပ်တော် AA က ဒီနေ့ ဇန်နဝါရီ ၁၈ ရက်နေ့မှာ ထုတ်ဖော်ပြသလိုက်ပါတယ်။
စစ်ကောင်စီအတွက် စစ်ရေးအရ အရေးပါတဲ့ ချင်းပြည်နယ် ပလက်ဝဒေသတစ်ခုလုံးကို ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၄ ရက်နေ့မှာ ရက္ခိုင့်တပ်တော် AA က အလုံးစုံသိမ်းပိုက်နိုင်ခဲ့တာပါ။
ပလက်ဝဒေသတစ်ခုလုံးကို အလုံးစုံသိမ်းပိုက်ပြီဖြစ်တဲ့အတွက် စစ်ကောင်စီရဲ့ အုပ်ချုပ်ရေးယန္တရားနဲ့အာဏာစက် လုံးဝချုပ်ငြိမ်းသွားပြီဖြစ်ကြောင်းနဲ့ ပလက်ဝဒေသတစ်ခုလုံးကို ရက္ခိုင့်တပ်တော်မှ အောင်မြင်စွာထိန်းချုပ်နိုင်ခဲ့ပြီလို့ အဲဒီနေ့မှာပဲ အသိပေးထားပါတယ်။