စစ်တွေနှင့် ဘူးသီးတောင်အကျဉ်းထောင်မှ အကျဉ်းသား ၁၄၇ ဦးလွတ်မြောက်လာ

စစ်တွေနှင့် ဘူးသီးတောင်အကျဉ်းထောင်မှ အကျဉ်းသား ၁၄၇ ဦးလွတ်မြောက်လာ

ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ ဘူးသီးတောင်အကျဉ်းထောင်နှင့် စစ်တွေမြို့ အကျဉ်းထောင်မှ ၇၆  နှစ်မြောက် လွတ်လပ်ရေးနေ့  အထိမ်းအမှတ် စစ်ကောင်စီ၏  လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် အကျဉ်းသား ၁၄၇ဦးလွတ်မြောက်လာပြီဟု သတင်းရရှိသည်။

ဘူးသီးတောင်မြို့ ယနေ့ဇန်နဝါရီ၄ရက် နံနက် ၉နာရီတွင် အကျဉ်းထောင်တွင်ထောင်ချခံထားရသည့် အကျဉ်းသား ၄၉ဦးလွတ်မြောက်လာသည်ဟု ဘူးသီးတောင်ဒေသခံတစ်ဦးက နိရဉ္စရာသတင်းဌာနကို ပြောသည်။

" ၉နာရီလောက်ကနေ ၄၉ယောက်လွတ်ပါတယ်။ မွတ်ဆလင်ရော ရခိုင်တွေရောပါတယ်။ အကျဉ်းသူ အမျိုးသမီးတွေတော့မပါဘူး " ဟုပြောသည်။

အလားတူ စစ်တွေအကျဉ်းထောင်မှ ယနေ့နေ့လည်  ၁နာရီခန့်က အကျဉ်းသား၊အကျဉ်းသူ ၉၈ ဦး လွတ်မြောက်လာသည်ဟု စစ်တွေမြို့ခံတစ်ဦးကနိရဉ္စရာသတင်းဌာနကိုပြောသည်။

"  အကျဉ်းသားက ၈၀နဲ့ အကျဉ်းသူက ၁၈ယောက်ပါတယ်။ အဓိကဒုစရိုက်မှုတွေနဲ့ တရားစွဲခံထားရတဲ့ သူတွေပဲ လွတ်တာများပါတယ်" ဟုပြောသည်။

အကြမ်းဖက် စစ်ကောင်စီက ၇၆ နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အဖြစ် အကျဉ်းသား၊ အကျဉ်းသူ ၉၆၅၂ ဦးနှင့် နိုင်ငံခြားသား အကျဉ်းသား၊သူ ၁၁၄ ဦးကို ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပြုကြောင်း ယနေ့ဇန်နဝါရီ ၄ရက်  နံနက်ပိုင်း ထုတ်ပြန်ထားသည်။

October 18, 2024
ရခိုင်ပြည်တွင် စပါးစျေးမရသည့်အပြင် ယခင်နှစ် စိုက်ပျိုးရာသီမှ ထွက်ရှိလာသော စပါးများကို ယခုနှစ်...
October 16, 2024
ရခိုင်ပြည်၊မောင်တောမြို့၊ နခခ(၅)တပ်ရင်းအား အာရက္ခတပ်‌တော် (AA)  နေစဉ်ရက်ဆက် ထိုးစစ်ဆင်...
October 15, 2024
ရခိုင်ပြည် တောင်ဘက်အစွန်ဆုံး ဂွမြို့နယ်၏မြောက်ပိုင်းတွင် တိုက်ပွဲတွေပြင်းထန်နေသည့်အတွက်...
October 14, 2024
ရခိုင်ပြည်၊ တောင်ကုတ်မြို့မှ  စစ်ဘေးရှောင်သွားကြသည့်  နေအိမ်များ၏ လူဦးရေစာရင်းကို...