ထိုင်း-မြန်မာနယ်စပ် မောတောင်မြို့တွင် အခြေခံစားသောက်ကုန်သယ်ယူခွင့် တင်းကျပ်

ထိုင်း-မြန်မာနယ်စပ် မောတောင်မြို့တွင် အခြေခံစားသောက်ကုန်သယ်ယူခွင့် တင်းကျပ်

တနင်္သာရီတိုင်းဒေသကြီး၊ တနင်္သာရီမြို့နယ်အတွင်းရှိ ထိုင်း-မြန်မာနယ်စပ်မြို့ဖြစ်သည့် မောတောင် မြို့တွင် ဆန်၊ ဆီအစရှိသည့် အခြေခံစားသောက်ကုန်သယ်ယူခွင့်ကို ယခုနှစ်ဆန်းပိုင်းမှ စတင်ပြီး  စစ် ကောင်စီဘက်က တင်းကျပ်လိုက်ကြောင်း ကုန်တင်ယာဉ်မောင်းသူများက ပြောသည်။

မောတောင်မြို့တွင် ယခင်က ဆန်၊ ဆီ အစရှိသည့် အခြေခံစားသောက်ကုန်ပစ္စည်းများကို အလွယ်တကူ သယ်ဆောက်ခွင့်ရှိသော်လည်း ယခုနှစ်ဇန်နဝါရီလမှ အဆိုပါ အခြေခံစားသောက်ကုန် ပစ္စည်း သယ်ယူရာတွင် ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် စစ်ဘက်ရေးရာ လုံခြုံရေးတပ်ဖွဲ့ များထံမှ ထောက်ခံ စာယူဆောင်နေရကြောင်း ကုန်တင်ကား မောင်းနှင်သူတစ်ဦးက ယခုလို ပြောသည်။

၎င်းက “ပြီးခဲ့တဲ့နှစ်က ဘာထောက်ခံစာမှ မလိုတော့ အေးဆေးသယ်သွားလို့ရတယ်။ အခုကျတော့ တနင်္သာရီမြို့နယ်အတွင်းမှာကလည်း တိုက်ပွဲတွေဆက်တိုက်ဖြစ်နေတော့ PDFတွေ ဆီကို ရိက္ခာ မရောက်စေချင်တဲ့သဘောမျိုးနဲ့လုပ်နေကြတယ်။” ဟု ကေအိုင်စီသို့ ပြောသည်။

ထိုသို့ ထောက်ခံစာလုပ်ဆောင်ရာတွင်လည်း နာမည်၊ မှတ်ပုံတင်၊ နေရပ်လိပ်စာနှင့် တင်ဆောင်မည့် ပစ္စည်းအရေအတွက်များကိုပါ တိတိကျကျ စာရင်းပေးဆောင်နေရသောကြောင့် ကုန်တင်ကား မောင်းနှင်သူများအနေဖြင့် ကုန်ပစ္စည်းတင်ဆောင်ရာတွင်လည်း အခက်အခဲများနှင့် ကြုံတွေ့နေ ရကြောင်း ၎င်းက ဆက်ပြောသည်။

“အကယ်၍ ကိုယ်က မြိတ်မြို့ကနေ ကုန်တင်ပြီးရင်လည်း မောတောင် (စရဖ)ရုံးက ယူလာတဲ့ ထောက်ခံ စာရယ်၊ တင်လာတဲ့ပစ္စည်းတွေကို သေချာတိုက်စစ်တယ်။ အဲ့လိုတွေ လုပ်တော့ မလိုအပ်ဘဲ ကားပိတ် တယ်။ အချိန်တွေ ကြာတယ်” ဟု ထိုကုန်တင်ယာဉ်မောင်းသူက ဖြည့်စွက်ပြောသည်။

ယခုလို အခြေခံ စားသောက်ကုန်တင်ဆောင်ခွင့် ကန့်သတ်တင်းကြပ်မှုမှာ မြိတ်မြို့မှတဆင့် မောတောင်မြို့သို့ ဖြတ်သန်းသွားလာသည့် လမ်းတစ်လျှောက်တွင် လှုပ်ရှားနေကြသော ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့များထံ ရိက္ခာမရောက်စေလိုသော ရည်ရွယ်ချက်ဖြင့် လုပ်ဆောင် နေခြင်းဖြစ်ကြောင်း ဒေသခံများက ပြောသည်။

မောတောင်နယ်စပ်ရှိ ကုန်သွယ်ရေးဂိတ်ကို ပြီးခဲ့သည့် ၂၀၁၉ ခုနှစ် ကိုဗစ်ကာလမှ စတင်ပြီး ပိတ်ထားကာ မောတောင်မြို့ခံ ပြည်သူများအနေဖြင့် ဆန်နှင့်အခြေခံစားသောက်ကုန်များကို မြိတ်မြို့မှတဆင့် ဝယ်ယူစားသောက်နေကြရကြောင်း ဒေသခံများထံမှ သိရသည်။

Most read this week

October 18, 2024
မြဝတီမြို့တောင်ဘက်ရှိ လေးကေ့ကော်မြို့သစ်အနီးရှိ  စစ်ကောင်စီ၏  စွယ်တော်ကုန်း  (...
October 16, 2024
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး တပ်မဟာ(၇)နယ်မြေ၊ ဖားအံခရိုင်၊ ပိုင်ကျုံမြို့နယ်၊ ပေါင်ကျေးနယ်...
October 16, 2024
တနင်္သာရီတိုင်းဒေသကြီး၊ ဘိတ်ခရိုင်၊ ပုလောမြို့နယ်၊ မီးလောင်ချောင်းကျေးရွာဘက်သို့...
October 15, 2024
သန်းခေါင်စာရင်းကောက်ယူပြီးနောက်ပိုင်း ရွေးကောက်ပွဲအကြိုဆိုင်ရာ လုပ်ငန်းစဉ်ကဏ္ဍများတွင်...