စစ်ကောင်စီတပ်သား ၁၅၀ ၀န်းကျင် မီဇိုရမ်ပြည်နယ်ဘက် ထပ်မံထွက်ပြေး

စစ်ကောင်စီတပ်သား ၁၅၀ ၀န်းကျင် မီဇိုရမ်ပြည်နယ်ဘက် ထပ်မံထွက်ပြေး

ချင်းပြည်နယ်တောင်ပိုင်း ပလက်၀မြို့နယ်တွင် ရက္ခိုင့်တပ်တော် AA ၏ စခန်းသိမ်းတိုက်ခိုက်မှုများကြောင့် တပ်စခန်းကို စွန့်ခွာထွက်ပြေးသွားသော စစ်ကောင်စီတပ်သား ၁၅၀ ၀န်းကျင်ခန့်သည် အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်သို့ ရောက်ရှိလာသည်ဟု ဒေသတွင်း Vanglaini သတင်းစာက ဖော်ပြသည်။

စစ်ကောင်စီတပ်သား ၁၅၀ ၀◌န်းကျင်ခန့်သည် ဒီဇင်ဘာလ ၂၉ ရက်နေ့က မီဇိုရမ်ပြည်နယ် လောင်တလိုင်ခရိုင် Tuisentlang မှာအခြေစိုက်သည့် အာသံရိုင်ဖယ်တပ်ဖွဲ့ထံသို့ ထွက်ပြေးခိုလှုံခဲ့ကြပြီး ယင်းတို့အနက် ဒဏ်ရာရရှိသူ အများအပြားလည်းရှိသည်ဟု ဆိုသည်။

ဒီဇင်ဘာလ ၂၇ ရက် နှင့် ၂၈ ရက်နေ့က ချင်းပြည်နယ် ပလက်ဝမြို့ ခဝဲဗျူဟာကုန်းနှင့် အိန္ဒိယ- မြန်မာနယ်စပ်၊ ပလက်ဝ ဒေသအတွင်းရှိ ပွိုင့် ၃၇၇ စစ်ဆင်ရေးအခြေကုပ်စခန်းကုန်းကို ရက္ခိုင့်တပ်တော် AA က တိုက်ခိုက်သိမ်းပိုက်ခဲ့ သည်ဟု ရက္ခိုင်တပ်တော်က သတင်းထုတ်ပြန်သည်။

ထိုစခန်းသိမ်းတိုက်ပွဲတွင် စစ်ကောင်စီတပ်သားအမြောက်အများသေဆုံးမှုရှိကြောင်း တချို့မှာလည်း စခန်းကိုစွန့်ခွါ၍ ထွက်ပြေးသွားကြသည်ဟု AA ကဆိုသည်။

ယခု မီဇိုရမ်ပြည်နယ်သို့ ထွက်ပြေးလာကြသော စစ်ကောင်စီတပ်သား ၁၅၀ ၀န်းကျင်ခန့်မှာ အိန္ဒိယ- မြန်မာနယ်စပ်၊ ပလက်ဝဒေသအတွင်းရှိ ပွိုင့် ၃၇၇ စစ်ဆင်ရေးအခြေကုပ်စခန်းကုန်းက ဖြစ်နိုင်သည်ဟု သိရသည်။

ပြီးခဲ့သည့် နိုဝင်ဘာလအတွင်းကလည်း ချင်းပြည်နယ်က စခန်းသိမ်းတိုက်ပွဲကြောင့် စစ်ကောင်စီတပ်သား ၁၀၀ ခန့်မှာ စခန်းကိုစွန့်ခွာပြီး မီဇိုရမ်ပြည်နယ်ဘက်သို့ ထွက်ပြေးခဲ့ပြီးဖြစ်သည်။

ထိုကဲ့သို့ထွက်ပြေးလာသူအားလုံးကို အိန္ဒိယဗဟိုအစိုးရက ရဟတ်ယာဉ်ဖြင့်ခေါ်ထုတ်ကာ စစ်ကောင်စီထံ ပြန်လည်လွှဲအပ်ခဲ့သည်။

Most read this week

October 16, 2024
ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်ထဲက ချင်းရွာများတွင် အရေပြားရောဂါ ကူးဆက်ပြန့်ပွားမှုများ...
October 15, 2024
ချင်းပြည်နယ်၊ မတူပီမြို့နယ်ထဲက ကြားကာလတော်လှန်ရေးတပ်ဖွဲ့ များ အချင်းချင်းကြား၊ ဒေသအသီးသီးရှိ...
October 11, 2024
ချင်းတော်လှန်ရေးအင်အားစုများက နယ်မြေအများစုကို သိမ်းပိုက်စိုးမိုးထားသည့် ချင်းပြည်နယ်တွင်...