နမ့်ခမ်းမြို့ကို အလုံးစုံ ထိန်းချုပ်ထားပြီဖြစ်ကြာင်း တအောင်းတပ် TNLA ကြေညာ

နမ့်ခမ်းမြို့ကို အလုံးစုံ ထိန်းချုပ်ထားပြီဖြစ်ကြာင်း တအောင်းတပ် TNLA ကြေညာ

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ့်ခမ်းမြို့မှာရှိတဲ့ စစ်ကောင်စီအခိုင်အမာတပ်စွဲထားတဲ့ စခန်းသစ်ကုန်းအပါအဝင် မြို့ကိုအလုံးစုံထိန်းချုပ်ထားပြီ ဖြစ်တယ်လို့ တအောင်းတပ်မတော် (PSLF/TNLA) က ဒီကနေ့ ထုတ်ပြန်ကြေညာပါတယ်။

နမ့်ခမ်းမြို့ကို သိမ်းပိုက်ရရှိဖို့ နိုဝင်ဘာလ ၁၇ ရက်နေ့ကနေ ဒီဇင်ဘာ ၁၈ ရက်နေ့ထိ ၃၁ ရက်ကြာ တိုက်ခိုက်ခဲ့ရကြောင်းဖော်ပြထားပြီး ဒီကနေ့မှာ ရက်နေ့မှာ အလုံးစုံ ထိန်းချုပ်ထားတယ်လို့ ဖော်ပြလာတာပါ။

စခန်းသစ်ကုန်းအပါအဝင် တပ်စခန်းတွေဖြစ်တဲ့ ကံ့ကော်စခန်း၊ ၁၂မိုင်၊ ၁၃မိုင်၊ မိုက်ခရိုဝေ့စခန်း၊ ပန်ဆေး၊ တာကွန့်စခန်း၊  ဟဲယိုင်စခန်း၊ မိုင်းဝီးတပ်စခန်း၊ ထိန်ကန်တပ်စခန်း၊ မန်ပူးတပ်စခန်း၊ မန်ဝိန်တပ်စခန်း၊ ရဲစခန်းနဲ့ စစ်ကောင်စီရဲ့ ဌာနဆိုင်ရာရုံးတွေကို  အလုံးစုံသိမ်းပိုက်ရရှိခဲ့တာ ဖြစ်ပါတယ်။

နမ့်ခမ်းမြို့ မှာရှိတဲ့ စစ်ကောင်စီတပ်စခန်းဟာ အင်အား ၉၀၀ နီးပါးရှိတဲ့  စကခ - ၇ နဲ့ လက်အောက်ခံတပ်တွေဖြစ်တဲ့ ခလရ-၂၆၁၊ ခမရ-၄၂၃၊ ၄၂၆၊ ၄၂၅၊ ၁၄၃နဲ့ ဒကစ တွေ လာရောက်ထိုးစစ်ဆင် စခန်းချတဲ့ တပ်စခန်းတွေ ဖြစ်တယ်လို့လည်းထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

စစ်ကောင်စီရဲ့ နမ့်ခမ်းတပ်စခန်းကို တိုက်ခိုက်နေချိန်မှာ စစ်ကောင်စီရဲ့ အရပ်ဖက် ဦးတည်တိုက်ခိုက်မှုကြောင့် နမ့်ခမ်းမြို့နယ်အတွင်းက ကလေး ၃ ဦးအပါအဝင်  ၁၃ ဦး သေဆုံးပြီး  ၄၃ ဦး ဒဏ်ရာ ရရှိတဲ့အပြင် ဘာသာရေးအဆောက်အဦနဲ့ ဘုရားကျောင်းကန်တွေအပြင် ဆေးရုံနဲ့ လူနေအိမ်တွေ ပျက်စီးခဲ့ရတယ်လို့လည်း ဆိုပါတယ်။

တိုက်ပွဲကာလအတွင်း စစ်ကောင်စီ ဗိုလ်မှူးအဆင့်အပါအဝင် အလောင်းများစွာ ရရှိခဲ့ပြီး  စစ်သုံ့ပန်းအဖြစ် စစ်ကောင်စီတပ်သား ၃ ဦး ဖမ်းဆီးရမိခဲ့တယ်လည်း ထုတ်ပြန်ချက်မှာ တွေ့ရပြီး တအာင်းတပ်မတော် PSLF/TNLA ဘက်ကလည်း တပ်သား ၄၉ ဦး သေဆုံးပြီး ၁၄၅ ဦး ထိခိုက်ခဲ့တယ်လို့လည်း ဖော်ပြထားပါတယ်။

October 19, 2024
ကချင်အထူးဒေသ(၁)၊ နယ်ခြားစောင့်တပ်(BGF) ရဲ့ ဌာနချုပ်အခြေစိုက်ရာ တရုတ်နယ်စပ်က ပန်ဝါမြို့ကို KIA၊...
October 8, 2024
လက်လွှတ်လိုက်ရတဲ့ တပ်စခန်းတွေကို ပြန်လည်သိမ်းပိုက်မယ်လို့ သတင်းထွက်ပေါ်ပြီးနောက် မြစ်ကြီးနား-...
September 20, 2024
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ဆိပ်မူကျေးရွာအုပ်စု၊ စပေါ့ကျေးရွာမှာ ဒီကနေ့ နေ့လယ် ၂ နာရီခွဲခန့်က...
September 12, 2024
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ နောင်နန်းတိုက်နယ်၊ ဆယ်မိုင်ကျေးရွာအတွင်း ဒီကနေ့ စက်တင်ဘာလ ၁၁...