ဒေါ်လာငွေအခက်ခဲဖြစ်နေတဲ့ စစ်အုပ်စုအနေနဲ့ လောင်စာဆီမရရှိတဲ့ အကျိုးသက်ရောက်မှုဟာ နောက်သုံးလကြာရင် အခြေအနေပိုဆိုးမယ်လို့ NUCC ပြော

ဒေါ်လာငွေအခက်ခဲဖြစ်နေတဲ့ စစ်အုပ်စုအနေနဲ့ လောင်စာဆီမရရှိတဲ့ အကျိုးသက်ရောက်မှုဟာ နောက်သုံးလကြာရင် အခြေအနေပိုဆိုးမယ်လို့ NUCC ပြော

ဒေါ်လာငွေအခက်ခဲဖြစ်နေတဲ့ စစ်အုပ်စုအနေနဲ့ လောင်စာဆီ၊ ဒီဇယ်မရရှိတဲ့ အကျိုးသက်ရောက်မှုဟာ   နောက်သုံးလကြာရင် အခြေအနေပိုဆိုးမယ်လို့ အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ(NUCC) ကောင်စီဝင် ဦးမောင်မောင်က မြစ်ကြီးနားသတင်းဂျာနယ် ကို ပြောပါတယ်။

" ပြည်သူကို ဒုက္ခပေးတာက ဒီ ဒီဇယ်ပေါ်မှာပဲမူတည်ပြီး ဒုက္ခပေးတာ များတာဖြစ်တဲ့အတွက် ဒီဇယ်မဝင်လာတဲ့ သက်ရောက်မှုက နောက်သုံးလလောက်ကြာရင် ပိုဆိုးမယ်။ စစ်အုပ်စုအပေါ် တိုက်ရိုက်သက်ရောက်မှုရှိမယ် " လို့ ဦးမောင်မောင်က ပြောပါတယ်။

လတ်တလော အာဏာသိမ်းစစ်ကောင်စီအနေနဲ့ ဒေါ်လာငွေမရှိတာကြောင့်  လောင်စာဆီ အခက်ခဲဖြစ်နေတာယ်လို့ ဦးမောင်မောင်က ပြောပါတယ်။

မြန်မာနိုင်ငံခြားကုန်သွယ်မှုဘဏ်(MFTB)၊မြန်မာ့ရင်းနှီးမြုပ်နှံမှုနဲ့ ကူးသန်းရောင်းဝယ်ရေးဘဏ်(MICB) နဲ့ မြန်မာနိုင်ငံဗဟိုဘဏ် (CBM) တွေကို ပိတ်ဆို့မှုတွေ ၊ စင်္ကာပူနိုင်ငံနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့က အရေးယူမှု တွေရဲ့ သက်ရောက်မှုကြောင့် စစ်ကောင်စီအနေနဲ့  နိုင်ငံခြားငွေလဲလှယ်နှုန်းကို ဖရိုဖရဲကိုင်တွယ်နေရတာကို တွေ့မြင်လာရသလို စစ်အုပ်စုအနေနဲ့ ကုန်ကျစရိတ် သိသိသာသာတိုးမြင့်ခက်ခဲလာတာကို တွေ့မြင်ရတယ်လို့ NUCC က ဒီဇင်ဘာ ၁၆ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

"သက်ရောက်မှုက မိုးကြိုးပစ်လိမ့်မယ်။ အခုသူတို့ ဆီအခက်ခဲဖြစ်နေတယ်။ ဘာလို့ဖြစ်တာလဲဆိုတော့ ဒေါ်လာမရှိလို့ဖြစ်တာ။ ဆီက ကြိုတင်ငွေပေးရတာ နောက်တစ်ခါလာပို့တဲ့ ကွန်တိန်နာ သင်္ဘောနဲ့ ပို့လို့မရဘူး။ သီးသန့် tanker တွေနဲ့သယ်ရတာ။  သယ်တဲ့အခါမှာ ဒေါ်လာနဲ့ လက်ငင်းငွေချေစနစ်နဲ့ လုပ်ရတာပါ။ ဆီကိုလက်ငင်းဝယ်ရတယ်။ ဒေါ်လာနဲ့‌ချေရတယ်။ သင်္ဘောအာမခံလည်း ဒေါ်လာနဲ့ပေးရတယ်။ ဒါကြောင့် ဒီလုပ်ငန်းတွေအားလုံးက ဒေါ်လာလိုတယ်။ တရုတ်ငွေဆို တရုတ်ငွေလိုတယ်။  ငွေမရှိတဲ့ စစ်အုပ်စုက လာမယ့်သုံးလမှာ လောင်စာရမှာမဟုတ်ဘူး။ လို့ပြောချင်တယ်" လို့ ဦးမောင်မောင်က ဆက်လက်ပြောပါတယ်။

ဒါ့အပြင် အာဏာသိမ်းစစ်ကောင်စီထံ ဂျက်လေယာဉ်လောင်စာဆီနဲ့ နှစ်မျိုးသုံးလောင်စာ(အရပ်သုံးနဲ့စစ်ကားသုံး) ကို ရရှိနိုင်ဖို့ ဆေုင်ရွက်ပေးနေတဲ့ ဘဏ်၊လောင်စာဆီ တဆင့်ခံသိုလှောင်ပေးတဲ့(Bunker) ကုမ္ပဏီ ၊ရေကြောင်းအာမခံကုမ္ပဏီတွေနဲ့ သင်္ဘောအေဂျင်စီတွေကို စီးပွားရေးပိတ်ဆို့မှုကို ချိုးဖောက်တာကြောင့် အရေးယူပေးဖို့တောင်းဆိုထားတယ်လို့လည်း NUCC က ထုတ်ပြန်ထားပါတယ်၊။

စစ်ကောင်စီအနေနဲ့ စင်္ကာပူ၊မလေးရှား၊အင်ဒိုနီးရှား၊ထိုင်း နဲ့ အိန္ဒိယနိုင်ငံတွေကနေ ဝယ်ယူနိုင်ဖို့ လုပ်ဆောင်ခဲ့တာဖြစ်တယ် လို့ NUCC က ဆိုပါတယ်။

အောက်တိုဘာလ၊နိုဝင်ဘာလနဲ့ ဒီဇင်ဘာလက စစ်ကောင်စီထံ လောင်စာဆီတင်သွင်းပို့ဆောင်းပေးတဲ့ သင်္ဘော ၁၂ စီးရဲ့ စာရင်းကိုလည်း ဖော်ပြပေးထားတာလည်း ဖြစ်ပါတယ်။

အဲဒီလောင်စာဆီ သင်္ဘောတွေ ရောက်ရှိလာပေမဲ့ ပြည်သူတွေအနေနဲ့ လောင်စာဆီပြတ်လပ်မှုကို ကြုံတွေ့ခဲ့ရပြီး လောင်စာဆီတွေ ဘယ်နေရာကို ပို့ဆောင်မလဲဆိုတာကိုလည်း မေးခွန်းထုတ်မှုတွေ ရှိနေတယ်လို့ NUCC က ဆိုပါတယ်။

"အဓိကတောင်းဆိုတာက အမေရိကန် ၊နိုင်ငံ ဗြိတိန်နိုင်ငံပါ။ ဘာလို့ အမေရိကန်နိုင်ငံလည်းဆိုတော့ စီးပွားရေးပိတ်ဆို့မှု စာထုတ်ထားတယ် ။လက်တွေ့မှာ ဘဏ်နှစ်ခုကို ပိတ်ထားတယ်။ သူတို့ အပြင်ကို အဲဒီဘဏ်နဲ့ ပတ်သက်သူတွေကို အရေးယူတဲ့ ဆန်ရှင်ကိုလည်း ဥပဒေပြုထားတာရှိတယ်။ အဲဒါကို အသုံးပြုခိုင်းတာပါ။ ကျွန်တော်တို့တောင်းဆိုတာကို စစ်ဆေးမယ်။ သင်္ဘောတွေ လာမလာစစ်ဆေးပြီး‌ ချမှတ်ထားတဲ့အတိုင်း ကြည့်ပြီးအရေးယူမှာ ဖြစ်တာကြောင့် US နဲ့ UK ကိုတိတိကျကျ စာပို့ထားပါတယ်။ "လို့ ဦးမောင်မောင်က ပြောပါတယ်။

တောင်းဆိုထားတာကိုတော့ NUCC ရဲ့မဟာဗျုဟာထဲက စစ်အုပ်စုကို အပြတ်ဖြတ်ဖို့ သူတို့ရဲ့ စီးပွားရေးလုပ်ငန်း သံတမန်ရေး လုပ်ငန်းအားလုံးကို တိုက်ဖျက်ဖို့ကိစ္စမှာ ပါတာကြောင့် ပေါ်လစီနဲ့အညီ တောင်းဆိုတာဖြစ်တယ်လို့ သိရပါတယ်။

နိုင်ငံတကာအနေနဲ့ မြန်မာနိုင်ငံအပေါ်ချမှတ်တဲ့ ပိတ်ဆို့အရေးယူမှုတွေကို ချိုးဖောက်နေသူတွေအပေါ် လက်တွေ့ကျကျ ဒဏ်ခတ်တာကို ကျင့်သုံးမှသာ စနစ်တစ်ခုအပြောင်းအလဲကို ပံ့ပိုးမှုမှာ ထိရောက်မှာဖြစ်ပြီးတော့ အပြည်ပြည်ဆိုင်ရာရဲ့ ဒဏ်ခတ်တာကို ညိနှိုင်းကျင့်သုံးမှုဟာ အကြမ်းဖက်စစ်အုပ်စုရဲ့ ကျဆုံးခန်းကို အလျင်အမြန်ရောက်ရှိပြီး ဖက်ဒရယ်ဒီမိုကရေစီစနစ်ကို လမ်းခင်းပေးရာရောက်မယ်လို့လည်း NUCC ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

Most read this week

October 19, 2024
ကချင်အထူးဒေသ(၁)၊ နယ်ခြားစောင့်တပ်(BGF) ရဲ့ ဌာနချုပ်အခြေစိုက်ရာ တရုတ်နယ်စပ်က ပန်ဝါမြို့ကို KIA၊...
October 8, 2024
လက်လွှတ်လိုက်ရတဲ့ တပ်စခန်းတွေကို ပြန်လည်သိမ်းပိုက်မယ်လို့ သတင်းထွက်ပေါ်ပြီးနောက် မြစ်ကြီးနား-...
September 20, 2024
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ဆိပ်မူကျေးရွာအုပ်စု၊ စပေါ့ကျေးရွာမှာ ဒီကနေ့ နေ့လယ် ၂ နာရီခွဲခန့်က...
September 12, 2024
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ နောင်နန်းတိုက်နယ်၊ ဆယ်မိုင်ကျေးရွာအတွင်း ဒီကနေ့ စက်တင်ဘာလ ၁၁...