အာဏာသိမ်းနောက်ပိုင်း အရပ်သားများ လူသားဒိုင်းအဖြစ် အကြိမ် တစ်ရာကျော် အသုံးပြုခံရ

အာဏာသိမ်းနောက်ပိုင်း အရပ်သားများ လူသားဒိုင်းအဖြစ် အကြိမ် တစ်ရာကျော် အသုံးပြုခံရ
၂၀၂၁ ခုနှစ် အောက်တိုဘာ ၂၇ ရက်တွင် စစ်ကောင်စီတပ်က လူသားဒိုင်းကာအဖြစ် ဖမ်းဆီးခေါ်ဆောင် သွားသည့် ဖယ်ခုံမြို့နယ်၊ ရွှေပြည်အေးရွာသားများအား တွေ့ရစဥ်၊ (ဓာတ်ပုံ - PKPF)
၂၀၂၁ ခုနှစ် အောက်တိုဘာ ၂၇ ရက်တွင် စစ်ကောင်စီတပ်က လူသားဒိုင်းကာအဖြစ် ဖမ်းဆီးခေါ်ဆောင် သွားသည့် ဖယ်ခုံမြို့နယ်၊ ရွှေပြည်အေးရွာသားများအား တွေ့ရစဥ်၊ (ဓာတ်ပုံ - PKPF)

စစ်အာဏာသိမ်းပြီးနောက် ၂ နှစ်ကျော်ကာလအတွင်း စစ်ကောင်စီက အရပ်သား ပြည်သူများကို  စစ်ရေး ဗျူဟာ ရည်ရွယ်ချက်နှင့် လူသားဒိုင်းကာအဖြစ်  အကြိမ် တစ်ရာကျော် အသုံးပြုခဲ့ပြီး အဓမ္မ လုပ်အားစေခိုင်းမှု ၁၈၀ နီးပါးကိုလည်း ကျူး လွန်ခဲ့သည်ဟု NUG လူ့အခွင့်အရေးဆိုင်ရာ ဝန်ကြီးဌာနက ပြောသည်။

အမျိုးသားညီညွတ်ရေး အစိုးရ NUG၊ အလုပ်သမား ဝန်ကြီးဌာနက ပြုလုပ်ခဲ့သည့် ILO စုံစမ်း စစ်ဆေးရေး ကော်မရှင် COI ၏ ၂၀၂၃ ခုနှစ် ဩဂုတ်လ အတွင်းက တင်သွင်းခဲ့သော အစီရင်ခံနှင့် ပတ်သက်သည့် သုံးပွင့်ဆိုင် ကိုယ်စားလှယ်အဖွဲ့ ဒီဇင်ဘာလ ၇ ရက်နေ့ သတင်းစာရှင်းလင်းပွဲတွင် NUG လူ့အခွင့်အရေးဆိုင်ရာ ဝန်ကြီးဌာန ပြည် ထောင်စုဝန်ကြီး ဦးအောင်မျိုးမင်းက ပြောဆိုသွားခြင်းဖြစ်သည်။

“ကျနော်တို့ရဲ့ တွေ့ရှိချက်အရတော့ အနည်းဆုံး ကျနော်တို့ အဓမ္မ လုပ်အားပေးစေခိုင်းမှုကို ၁၇၈ ကြိမ် ကျူး လွန်ခဲ့တဲ့လို့ ကျနော်တို့ သက်သေ အထောက်အထားတွေနဲ့တကွ ရပါတယ်။ နောက်တစ်ခါ ဘယ်အချိန်က စသ လဲဆို လို့ရှိရင်တော့ ၂၀၂၁ ဩဂုတ်လကစပြီး ကျနော်တို့ စုဆောင်းမိတာပါ။ ဒါ့အပြင် လူပေါင်း ၃၂၁၆ ဦး က အကြမ်း ဖက်စစ်တပ်ရဲ့ အဓမ္မ လုပ်အားစေခိုင်းခြင်း လူသားမိုင်းအဖြစ် စေခိုင်းခြင်းကို ခံခဲ့ရတယ်ဆိုတဲ့ သက် သေ အထောက်အထားကို ရရှိခဲ့ပါတယ်။”

စစ်ကောင်စီသည် စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ ကရင်၊ ကရင်နီနှင့် ကချင်ပြည်နယ်က အရပ်သား ပြည်သူများကို အတင်းအဓမ္မ လုပ်အားစေခိုင်းခြင်းများကို လုပ်ဆောင်ခဲ့သည့်အပြင် စစ်ရေးဗျူဟာ ရည်ရွယ်ချက်နှင့် အရပ်သား ပြည်သူများကို လူသားဒိုင်းကာ အဖြစ် သုံးခြင်းများကိုလည်း တွေ့ရသည်ဟု ဦးအောင်မျိုးမင်းက ယခုကဲ့သို့ ဆက် ပြောသည်။။

“ဒါ့အပြင် အဆိုးဝါးဆုံးလုပ်အားစေခိုင်းမှုလို့ ပြောတဲ့ လက်နက်ကိုင် ပဋိပက္ခအတွင်းမှာ လူသားဒိုင်းအဖြစ် စေခိုင်းတဲ့ အချက်၊ ဒီလိုမျိုး အချက်တွေကိုလည်း ကျနော်တို့ အချက်အလက်တွေ အများကြီးရရှိခဲ့ပါတယ်။ အဓမ္မလုပ်အားစေခိုင်း၊ ပေါ်တာထမ်းတာတွေဘာတွေနဲ့ စစ်ရေး ဗျူဟာအတွက် စစ်ရေးရည်ရွယ်ချက်နဲ့ အရပ် သားတွေကို ရှေ့တန်းကနေသွားပြီးတော့ ကျည်ကာအဖြစ် မနုဿမိုင်းရှင်းခြင်း၊ မနုဿ ကျည်ကာ အဖြစ် အသုံးပြုတဲ့ Human Shield နဲ့ ပတ်သက်ပြီးတော့လည်း အချက်အလက်တွေ ရရှိပါတယ်။ အဲဒီအထဲမှာ စုစုပေါင်း အမှုပေါင်း ၁၀၄ မှုကို ကျနော်တို့ လက်ခံရရှိပါတယ်။”

ထိုသို့ လူသားဒိုင်းကာ အဖြစ် သုံးခြင်းများထဲတွင် ကလေးများကိုလည်း အသုံးပြုခဲ့သည်ဟု ဆက်ပြောသည်။

“အဲဒီအထဲမှာ အမှုပေါင်းကတော့ လူပေါင်း ၁၈၈၂ ဦးအား လူသားမိုင်းအဖြစ်၊ လူသားကျည်ကာအဖြစ်၊ Human Shield အဖြစ် အသုံးပြုခဲ့တာကို တွေ့နိုင် ပါတယ်။ အဲဒီအထဲမှာ အရွယ်မရောက်သေးတဲ့သူတွေ အသက် ၁၈ နှစ်အောက် ရှိတဲ့ ကလေးငယ်တွေ လူငယ်တွေ ပါဝင်နေတာတွေကိုလည်း သက်သေ အထောက် အထာား တိတိကျကျ ရရှိထားပါတယ်။”

စစ်ကောင်စီသည် အရပ်သားပြည်သူများကို အတင်းဓမ္မခိုင်းစေခြင်း၊ ပေါ်တာဆွဲခြင်း၊ လူသားမိုင်းအဖြစ် အသုံး ပြုခြင်း၊ လူသားဒိုင်းကာ အဖြစ် အသုံးခြင်း စတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုများကို ကျူးလွန်ခဲ့သည်ဟု ဦးအောင်မျိုးမင်းက ဆိုသည်။

ဧပြီလ ၂၀၂၁ ခုနှစ်မှ  ၂၀၂၃ ခုနှစ် အထိ NUG လူ့အခွင့်အရေးဆိုင်ရာ ဝန်ကြီးဌာနက ကောက်ယူထားသည့် အရပ်သား ပြည်သူများကို စစ်ကောင်စီက အဓမ္မလုပ်အား စေခိုင်းမှုများမှာ စစ်ကိုင်းတိုင်းတွင် ၄၉ မှု၊ မကွေး တိုင်းတွင် ၂၁ မှု၊ ကရင်၊ ကရင်နီနဲ့ ကချင်တွင် ၁၆ မှု ဖြစ်သည်ဟု ပြောသည်။

အဓမ္မလုပ်အားခိုင်းစေမှုအတွက် ဖမ်းဆီးခံထားရသူ  ၃ ထောင့် ၂ ရာကျော်ရှိပြီး အဆိုပါ ဖမ်းဆီးခံထားရသူများ ထဲတွင် အမျိုးသားက ၄၀၀ ကျော်နှင့် အမျိုးသမီးက ၅၀ ဦး ဖြစ်သည်။ ကျန်သည့် ၂၆၀၀ ကျော်မှာ ကျား/မ ခွဲခြား၍ မရသည့် ရွာသားများဖြစ်ပြီး အသက် ၁၈ နှစ်အောက် ကလေး ၄၃ ဦး ပါဝင်သည်ဟု ဆိုသည်။

လူသားဒိုင်းကာအဖြစ် အသုံးပြုမှုများမှာ စစ်ကိုင်းတိုင်းတွင် ၃၉ မှု၊ မကွေးတိုင်းနှင့် ကချင်ပြည်နယ်တွင် ၁၀ မှု စီ အပြင် စုစုပေါင်း အမှု ၁၀၄ မှု တွေ့ရှိထားသည်ဟု  NUG လူ့အခွင့်အရေးဆိုင်ရာ ဝန်ကြီးဌာနက ပြောသည်။

ထို့အပြင် လူသားဒိုင်းအဖြစ် အသုံးပြုခံရသည့် အရပ်သားပြည်သူ ၁၈၀၀ ကျော်ရှိပြီး အမျိုးသားက ၂၆၂ ဦး၊ အမျိုးသမီး ၃၇ ဦးနှင့် ကျား/မ ခွဲခြား၍ မရသည့်သူ ၁၅၈၃ ဦး ဖြစ်ပြီး ၁၈ နှစ်အောက်ကလေး ၈ ဦး ပါဝင် သည် ဟု  ဦးအောင်မျိုးက ပြောသည်။

လက်ရှိ အရေအတွက်သည် NUG လူ့အခွင့်အရေး ဆိုင်ရာ ဝန်ကြီးဌာနက ကောက်ယူရရှိထားသည့် စာရင်းများ သာ ဖြစ်ပြီး မြေပြင်တွင် ယခုထက်မကများနိုင်သည်ဟု ဆိုသည်။

Most read this week

October 18, 2024
ကရင်နီပြည်၊ ဒီးမော့ဆိုမြို့ အနောက်ဘက်ခြမ်းတွင် မိုးဦးရာသီမှ စတင်ဖြစ်ပွားခဲ့သည့် ရာသီတုပ်ကွေး...
October 18, 2024
ကချင်ပြည်၊ ဖားကန့်ဒေသက သတင်းထောက် ၂ ဦးကို ဖမ်းဆီးထားသည်ဆိုသည်မှာ ဟုတ်မှတ်သည်ဟု ကချင်လွတ်လပ်ရေး...
October 16, 2024
သတင်းနှင့် မီဒီယာ ကွန်ရက် ၊ ၂၀၂၄ ခုနှစ် အောက်တိုဘာလ ၁၅ ရက်ကရင်နီပြည် ဖားဆောင်းမြို့နယ်နှင့်...
October 14, 2024
၂၀၂၄ ခုနှစ် အောက်တိုဘာလ ၁၄ ရက်။တနင်္သာရီတိုင်းရှိ  ရေဖြူတံတားစစ်ဆေးရေးဂိတ်...