KNU နယ်မြေမှာ လက်နက်ကြီးနဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် တစ်နှစ်အတွင်း အရပ်သား ၅၀၀ ကျော် ထိခိုက်သေဆုံး

KNU နယ်မြေမှာ လက်နက်ကြီးနဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် တစ်နှစ်အတွင်း အရပ်သား ၅၀၀ ကျော် ထိခိုက်သေဆုံး
ဓာတ်ပုံ-KHRG
ဓာတ်ပုံ-KHRG

မြန်မာပြည်အရှေ့တောင်ပိုင်း KNU အုပ်ချုပ်နယ်မြေထဲမှာ စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးနဲ့ လေ ကြောင်းပစ်ခတ်တိုက်ခိုက်မှုတွေကြောင့် တစ်နှစ်အတွင်း အရပ်သားပြည်သူဦးရေ ၅၀၀ ကျော် သေ ဆုံးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ကရင်လူ့အခွင့်အရေးအဖွဲ့ KHRG က ထုတ်ပြန်ပါတယ်။

ဒီဇင်ဘာ ၁၀ ရက်နေ့က ကျရောက်ခဲ့တဲ့ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့နဲ့ ပတ်သက်ပြီး က ရင်လူ့အခွင့် အရေးအဖွဲ့-KHRG ၏   ထုတ်ပြန်ချက်မှာ စစ်ကောင်စီတပ်က လက်နက်ကြီး ရမ်းသမ်းပစ်ခတ်မှုနဲ့ လေကြောင်းတိုက်ခိုက်မှုတွေကို အရှိန်အဟုန်မြှင့် လုပ် ဆောင်နေတဲ့အတွက် အရပ်သားပြည်သူတွေ ထိခိုက်သေဆုံး ဒဏ်ရာရရှိတာတွေ ဖြစ်ပေါ်စေတယ်လို့ ပါရှိပါတယ်။

KHRG ရဲ့ မှတ်တမ်းတွေအရ ၂၀၂၃ ခုနှစ် တစ်နှစ်အတွင်း စစ်ကောင်စီတပ်က မြန်မာပြည်အရှေ့ တောင်ပိုင်းမှာ လေကြောင်းတိုက်ခိုက်မှု အနည်းဆုံး ၉၅ ကြိမ်၊ လက်နက်ကြီးပစ်ခတ်မှု ၂၄၉ ကြိမ် ပြုလုပ်ခဲ့ရာ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သားပြည်သူ ၁၃၄ ဦး ထိခိုက်သေဆုံး ဒဏ်ရာရရှိခဲ့ပြီး လက်နက်ကြီးပစ်ခတ်မှုကြောင့် အရပ်သား ၃၈၄ ဦးထက်မနည်း သေဆုံးဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

KHRG စည်ရုံးလှုံ့ဆော်ရေးတာဝန်ခံ စောနန္ဒဆူးကတော့ စစ်ကောင်စီရဲ့ လက်နက်ကြီးနဲ့လေကြောင်းတိုက်ခိုက်မှုတွေဟာ ၂၀၂၃ ခုနှစ်အတွင်း အဆိုးဝါးဆုံး အခြေအနေကို ရောက်ရှိလာတယ်လို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။

“အရပ်သားကိုပစ်မှတ်ထားပြီး တိုက်ခိုက်တာကတော့ ဒီ၂၀၂၃ခုနှစ်အတွင်းမှာ ပိုပြီးတော့သိသိသာ သာမြင်တွေ့ လာရတာပေါ့။ အထူးသဖြင့် သူတို့ရဲ့ဒီလက်နက်ကြီးပစ်ခတ်မှုကသော်လည်းကောင်း၊ လေကြောင်းတိုက်ခိုက်မှုကနေ တဆင့်သော်လည်းကောင်း၊ ဒါတွေကတကယ့်ကို ပြည်သူလူထုတွေကို တိုက်ရိုက်ထိခိုက်တာတွေရှိနေတာကိုတော့ ကျွန်တော်တို့သိရတယ်” လို့ ဆိုပါတယ်။

ဒီလိုစစ်ကောင်စီတပ်ရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေနဲ့ လက်နက်ကိုင်ပဋိပက္ခတွေဟာလည်း အ ရပ်သားတွေကို အစုလိုက်အပြုံလိုက် ထွက်ပြေးတိမ်းရှောင်နေရမှုနဲ့ နေရပ်ရွှေ့ပြောင်းနေထိုင်ရမှုတွေ တိုးပွားလာစေပြီး နိုင်ငံအတွင်း လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကျပ်အတည်းတွေ ဖြစ်စေတယ်လို့လည်း KHRG က ဆိုပါတယ်။

ဒါ့အပြင် စစ်ကောင်စီတပ်ဟာ မြန်မာပြည်အရှေ့တောင်ပိုင်းရှိ ဒေသတွေထဲမှာ အသက်ကယ်ဆယ်ရေး လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ထောက်ပံ့ကူညီမှုတွေ ပြုလုပ်ဖို့ကို ငြင်းပယ်တာ၊ ကူ ညီကယ်ဆယ်ရေး လုပ်ဆောင်မှုတွေကို တားဆီးပိတ်ပင်တာနဲ့ လူသားချင်းစာနာထောက်ထားမှုအကူအညီတွေ သိမ်းယူတာတွေကို လုပ်ဆောင်နေဆဲပဲဖြစ်တယ်လို့ KHRG က ထုတ်ပြန်ထားပါတယ်။

နိုင်ငံတကာအသိုင်းအဝိုင်းတွေအနေနဲ့ မြန်မာပြည်သူတွေရဲ့ စကားသံတွေကို စိတ်ရင်းမှန်အာရုံစိုက်ပြီး စစ်ခေါင်းဆောင်တွေရဲ့ လူ့အခွင့်အရေးချိုးဖောက်ကျူးလွန်မှုတွေအပေါ် ရပ်တန့်အောင်လုပ် ဆောင်ရာမှာ ခိုင်မာပြတ်သားတဲ့ အရေးယူဆောင်ရွက်မှုတွေကို ပြုလုပ်ရမှာဖြစ်တယ်လို့ KHRG က တိုက်တွန်းပါတယ်။

လွတ်လပ်တဲ့သုတေသနအဖွဲ့တစ်ခုဖြစ်တဲ့ ISP – Myanmar ရဲ့ အချက်အလက်တွေအရ အာဏာ သိမ်းကာလအတွင်း နိုင်ငံတဝန်းမှာ နေရပ်စွန့်ခွာထွက်ပြေးတိမ်းရှောင်နေရတဲ့ ဒေသခံပြည်သူလူထု လေးသန်းကျော်အထိ ရှိလာတယ်လို့ နိုဝင်ဘာ ၂၅ ရက်နေ့မှာ အစီရင်ခံစာ ထုတ်ပြန်ထားပါတယ်။

Most read this week

October 19, 2024
မွန်ပြည်နယ် မိုးစပါးရိတ်သိမ်းချိန်ကာလ  အချိန်မီစပါးရိတ်သိမ်းနိုင်ဖို့အတွက်...
October 15, 2024
မွန်ပြည်နယ် မော်လမြိုင်မြို့မှာ ဒုစစ်ခေါင်းဆောင် ညွှန်ကြားချက်ကြောင့်...
October 14, 2024
မွန်ပြည်နယ် ရေးမြို့နယ် အစင်ကျေးရွာ ပင်လယ်ပြင်က ငါးဖမ်းလှေတွေနဲ့ ကျားဖောင်တွေမှာ ဝမ်းပျက်ဝမ်း...