မုန်းမြို့ပေါ် လေကြောင်းတိုက်ခိုက်မှုကြောင့် ကျေးရွာ ၈၅ ရွာမှ ပြည်သူ ၆၀,၀၀၀ ကျော် ထွက်ပြေးတိမ်းရှောင်နေရ

မုန်းမြို့ပေါ် လေကြောင်းတိုက်ခိုက်မှုကြောင့် ကျေးရွာ ၈၅ ရွာမှ ပြည်သူ ၆၀,၀၀၀ ကျော် ထွက်ပြေးတိမ်းရှောင်နေရ

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ ခလယ်လွီထူ (ညောင်လေးပင်) ခရိုင်၊ မူး(မုန်း)မြို့ပေါ်တွင် ကရင်အမျိုး သားလွတ်မြောက်ရေးတပ်မတော်(KNLA) ပူးပေါင်းတပ်နှင့် စစ်ကောင်စီတပ်များအကြား နှစ်ဖက်တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဘက်မှ ကျေးရွာများထဲသို့ လေကြောင်းတိုက်ခိုက်မှုပြုလုပ်သောကြောင့် ကျေးရွာ ၈၅ ရွာမှ ပြည် သူ (၆၈,၄၀၃) ဦး ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်း ကေအဲန်ယူဗဟိုက ယနေ့တွင် သတင်း ထုတ်ပြန်ထားသည်။

စစ်ကောင်စီတပ်နှင့် KNLA ပူးပေါင်းတပ်များအကြား တိုက်ပွဲဖြစ်ပွားရာတွင် စစ်ကောင်စီတပ်ဘက်မှတိုက်ပွဲနှင့်မ သက်ဆိုင်ဘဲ နီးစပ်သည့် ကျေးရွာများနှင့်မြို့ပေါ်များရှိ အရပ်သားပြည်သူများကို လေကြောင်းဖြင့် ပစ်မှတ်ထား တိုက်ခိုက်နေခြင်းကြောင့် ကျေးရွာပေါင်း (၉၅) ရွာရှိသည့်နက် ကျေးရွာ ၈၅ ရွာမှ ပြည်သူများ ဘေး လွတ်ရာသို့ ထွက်ပြေးနေရပြီး လက်ရှိအချိန်အထိ ၎င်းနယ်မြေတွင် တည်ငြိမ်မှုမရှိသေးသည့်အတွက် ပြည်သူပိုင် ပစ္စည်းပျက်စီးမှုများနှင့် ပြည်သူလူထုထိခိုက်သေဆုံးမှုများကို စိစစ်နေဆဲဖြစ်ကြောင်း ကေအဲန်ယူဗဟို၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

မုန်းမြို့နှင့်နီးစပ်သည့် ကျေးရွာများမှ ဒေသခံပြည်သူများသည် နှစ်ဖက်တိုက်ပွဲများ ဆက်လက် ဖြစ်ပွား နေသေး ၍ စစ်ဘေးရှောင်နေရသည့် ဒေသခံပြည်သူများလည်း တစ်ရက်ပြီးတစ်ရက် ပိုမိုတိုးလာသလို တိမ်းရှောင်လာသူ များ အတွက် လူသားချင်းစာနာထောက်ထားမှု အကူအညီနှင့်် စာနပ်ရိက္ခာနေရာထိုင်ခင်း အမိုးအကာများ ဆေးဝါး လိုအပ်ချက်များလည်း လိုအပ်နေလျက်ရှိသည်ဟု KNU ၏ ထုတ်ပြန်ချက်အရ သိရသည်။

မုန်းမြို့တွင် စစ်ကောင်စီတပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ထွက်ပြေးတိမ်းရှောင်နေရသည့် ဒေသခံ ပြည်သူများ၏ နေရာထိုင်ခင်းအခက်အခဲနှင့် လူသားချင်းဆိုင်ရာ ထောက်ထားမှု အကူအညီနှင့် ပတ်သက်ပြီး သက်ဆိုင်ရာ စစ်ရှောင်ကူညီထောက်ပံ့ရေးအဖွဲ့တာဝန်ရှိသူများကို ကေအိုင်စီအနေဖြင့် ဖုန်းဖြင့်ဆက်သွယ်ခဲ့သော်လည်း ခေါ်ဆို၍ မရသေးပေ။

မုန်းမြို့စစ်ဆင်ရေးကို KNLA တပ်မဟာ(၃)ဘက်မှ လက်အောက်ခံတပ်ရင်းများ၊ တပ်မဟာ(၁)နှင့်တပ်မဟာ(၅)မှ တပ်ဖွဲ့ဝင်များ၊ ရိုးမစစ်ကြောင်း (၂)(၄)နှင့် (၅)၊ ဗမာပြည်သူ့ လွတ်မြောက်ရေးတပ်တော်-BPLA၊ Federal Wing Drone တပ်ဖွဲ့ နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-PDF များက ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်းဖြစ်သည်ဟု KNLA ဌာနချုပ်၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထို့အပြင် ပြီးခဲ့သည့် ဒီဇင်ဘာလ ၄ ရက်နေ့တွင်လည်း  မုန်းမြို့ရှိ စစ်ကောင်စီ၏ ခြေမြန်တပ်ရင်း ခမရ-၅၉၉၊ ခမရ ၅၉၀၊ မြို့မရဲစခန်းနှင့် မုန်း-အုတ်ဖြတ်တံတားရှိ လုံခြုံရေးဂိတ်စခန်းများအား ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော်-KNLA ပူးပေါင်းတပ်က တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး နယ်မြေစိုးမိုးရေးများကိုလည်း ဆက်လက်လုပ်ဆောင်နေကြောင်း KNU က ထုတ်ပြန်ထားသည်။

အလားတူ နှစ်ဖက်တိုက်ပွဲနယ်မြေအတွင်း စစ်ကောင်စီတပ်၏ လေကြောင်တိုက်ခိုက်မှုများသည် ကေအဲန်ယူ တပ်မဟာ ၃ မူး(မုန်း)မြို့တွင်သာမက အခြားသောကေအဲန်ယူနယ်မြေ တပ်မဟာ ၆၊ တပ်မဟာ ၅၊ တပ်မဟာ ၁ နယ်မြေများအတွင်းရှိ ကျေးရွာများနှင့် ဘာသာရေးအဆောက်အဦးများကို စစ်ကောင်စီတပ်ဘက်မှ လေကြောင်း အပြင် လက်နက်ကြီးပစ်ခတ်မှုများ နေ့စဉ်ပြုလုပ်နေလျက်ရှိကြောင်း သက်ဆိုင်ရာနယ်မြေခံ တော်လှန်ရေးတပ်ဖွဲ့များက အသီးသီးထုတ်ပြန်ထားလျက်ရှိသည်။

Most read this week

October 18, 2024
မြဝတီမြို့တောင်ဘက်ရှိ လေးကေ့ကော်မြို့သစ်အနီးရှိ  စစ်ကောင်စီ၏  စွယ်တော်ကုန်း  (...
October 16, 2024
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး တပ်မဟာ(၇)နယ်မြေ၊ ဖားအံခရိုင်၊ ပိုင်ကျုံမြို့နယ်၊ ပေါင်ကျေးနယ်...
October 16, 2024
တနင်္သာရီတိုင်းဒေသကြီး၊ ဘိတ်ခရိုင်၊ ပုလောမြို့နယ်၊ မီးလောင်ချောင်းကျေးရွာဘက်သို့...
October 15, 2024
သန်းခေါင်စာရင်းကောက်ယူပြီးနောက်ပိုင်း ရွေးကောက်ပွဲအကြိုဆိုင်ရာ လုပ်ငန်းစဉ်ကဏ္ဍများတွင်...