ထိုင်းနယ်စပ် ကရင်နီ စစ်ရှောင်များ နေစရာ အတည်မရသေး

ထိုင်းနယ်စပ် ကရင်နီ စစ်ရှောင်များ နေစရာ အတည်မရသေး

ထိုင်း - ကရင်နီ နယ်စပ်က ဒေါနိုးကူးစစ်ဘေးရှောင်များမှာ နေထိုင်စရာ နေရာ အတည်တကျ မရှိသေးသော ကြောင့် အခက်အခဲအမျိုးမျိုးနှင့် ရင်ဆိုင်နေကြရသည်။

ထိုင်း-ကရင်နီနယ်စပ် ကရင်နီဘက်ခြမ်း ဒေါနိုးကူး စစ်ရှောင်စခန်းမှ ထိုင်းဘက်ခြမ်းကို ထွက်ပြေးလာ ကြရ သည့် ကရင်နီစစ်ရှောင်များမှာ နေစရာနေရာ အတည်တကျမရှိသေး၍ နေရာထိုင်ခင်း အခက်အခဲဖြစ်နေ သည်ဟု အဆိုပါ စစ်ရှောင်များကို ကူညီပေးနေသူ တစ်ဦးက ယခုကဲ့သို့ ပြောသည်။

“ဒေါနိုးကူးရွာ အပြင်နားမှာပေါ့ ထိုင်းနယ်ထဲဘက်မှာ သူတို့တဲအိမ်တွေ ခဏ သွားဆောက်ထားတာ ရှိတယ်။ ဒါပေမယ့် ထဟန် (ထိုင်းစစ်သား) တွေက တွေ့တော့ ထဟန်(ထိုင်းစစ်သား) တွေက အခု ပြန်ဖြုတ်ခိုင်း ထား တယ်။ လုံးဝခွင့်မပြုဘူးပေါ့နော်။ နေမယ်ဆိုရင် ညောင်ပင်အောက်မှာ နေလို့ရတယ် မဟုတ်ရင် ဒေါနိုးကူး မှာပဲနေ အဲ့လိုရှိတယ်။”

ထိုင်းနိုင်ငံဘက်ခြမ်းကို ထွက်ပြေးခိုလှုံနေကြရသည့် ဒေါနိုးကူး စစ်ဘေးရှောင်များကို ထိုင်းအာဏာပိုင်များက သတ်မှတ်ပေးထားသည့် နေရာကလွဲ၍ အခြားနေရာများတွင် နေထိုင်ခွင့်မပြုဘူးဟု စစ်ရှောင်များကို ကူညီ ပေးနေသူက ဆက်ပြောသည်။

“သူတို့ရဲ့ ပေါ်လစီအရတော့ အများဆုံး နှစ်လနေခွင့်ရှိတယ်။ ဒါပေမယ့် ငြိမ်ရင်ပြန်တက် အဲ့လိုပဲ။ ဒေါနိုးကူး ရွာမှာ အခြေအနေ ပြန်ငြိမ်ပြီဆို ပြန်ပြန်ပေါ့နော်။ ဒါပေမယ့်အခြေနေ ဆိုးသေးတယ်ဆိုရင်တော့ သူတို့ လက်ခံထားပေးတယ်။ ညောင်ပင်အောက်ပဲပေါ့နော်။ ညောင်ပင်အောက်ကနေ တခြား နေရာ သွားလို့မရ ဘူး။”

ထိုင်းအာဏာပိုင်များက ယာယီစီစဉ်ပေးထားသည့် နေရာတွင် ၃ လခန့် နေထိုင်ခဲ့ပြီး ယခုလက်ရှိ ကျန်းမာ ရေး ထောက်ခံစာနှင့် အမှတ် ၁ ကရင်နီ ဒုက္ခသည်စခန်းတွင် ခေတ္တသွားရောက် နေထိုင်နေသော ဒေါနိုးကူး စစ်ရှောင် စခန်းက စစ်ဘေးရှောင်အမျိုးသမီး တစ်ဦးကလည်း လက်ရှိ စစ်ဘေးရှောင်များ ကြုံနေရသည့် အခြေအနေများနှင့် ပတ်သက်၍ ယခုကဲ့သို့ ပြောသည်။

“သူတို့ရွာပြင်မှာပဲ သွားအိပ်တယ် ပြောတာပဲ။ ဒေါနိုးကူးက လူတွေလေ နောက် ထဟန်(ထိုင်းစစ်သား) တွေ က သူတို့ ကိုလာတွေ့တော့ နင်တို့ ဒီမှာမနေနဲ့ နင်တို့ရွာထဲမှာ ပြန်ဝင်နေ မနေချင်ရင်လည်း ဒီမှာပြန်ဆင်းလာ နေတဲ့ လောလောဆယ်တော့ ဒီမှာ ခဏလေး ပြန်လာနေခိုင်းတယ်လေ။ ညောင်ပင် အောက်မှာပေါ့။”

ဒေါနိုးကူးစစ်ရှောင်ပြည်သူများက ၎င်းတို့ စခန်းနေရာနှင့် နီးသောနေရာ၊ မလှမ်းမကမ်းနေရာတွင် နေချင်ကြ သော်လည်း ထိုင်းအာဏာပိုင်များက သတ်မှတ်ပေးထသည့် လက်ရှိ နေထိုင်ခွင့်ပေးထားသော ညောင်ပင်အောက်ဆိုသည့် နေရာတွင် နေနေကြရသည်။ အဆိုပါနေရာမှာ စစ်ရှောင်များအတွက် ယခင် စခန်းဟောင်း ဒေါနိုးကူးနှင့် ဝေးလွန်းသောကြောင့် အဆင်မပြေကြဘူးဟု ဆိုသည်။

စခန်းဟောင်းနှင့် ဝေးသောနေရာတွင် သွားနေထိုင်ကြပါက စခန်းတွင်း ကျန်ရှိနေသည့် ပစ္စည်းများ အခိုးခံရပြီ ပျောက်ဆုံးကုန်မှာကို စိုးရိမ်နေကြသည်။

ထို့ကြောင့် ဒေါနိုးကူးစစ်ရှောင်းစခန်းအနီး ထိုင်းဘက်ခြမ်းက နေရာတစ်ခုတွင် စစ်ရှောင်အချို့မှာ ယာယီတဲ များထိုးကာ နေထိုင်လျှက်ရှိ ထိုင်းအာဏာပိုင်များက အဆိုပါနေရာမှ ၎င်းတို့ သတ်မှတ်ပေးထားသော နေရာ သို့ ပြောင်းရွှေ့ကြရန် ပြောဆိုလာသည်ဟု ဆိုကြသည်။

ဒေါနိုးကူး စစ်ဘေးရှောင်များမှာ လက်ရှိတွင် နေရာထိုင်ခင်းအခက်အခဲအပြင် စားနပ်ရိက္ခာ ထောက်ပံ့မှုများ လည်း လျော့နည်းလာ၍ ရိက္ခာပြတ်လပ်လာသည်ဟု ဆိုကြသည်။

၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက် ကရင်နီပြည်အတွင်းက တိုက်ပွဲများကြောင့် တပြည်နယ်လုံးက ပြည်သူများ ဘေးလွှတ်နိုင်မည့် နေရာများဆီသို့ အသီးသီး ထွက်ပြေးကြရချိန် ထိုင်း-ကရင်နီ နယ်စပ်ကိုမူ လူဦးရေ အယောက် ၅၀၀၀ ခန့် ရောက်ရှိလာခဲ့သည်။ ၎င်းတို့ တဲထိုးနေထိုင်သည့် နယ်စပ် ကရင်နီဘက်ခြမ်းမှ နေရာသည် ဒေါနိုးကူးစစ်ရှောင်စခန်းဖြစ်သည်။

ထိုသို့ စစ်ရှောင်နေကြသေ ပြည်သူများကို စစ်ကောင်စီတပ်က လေကြောင်းအပြင် လက်နက်ကြီးများဖြင့် အကြိမ်ကြိမ် ပစ်ခတ်ခဲ့သောကြောင့် လက်ရှိတွင် နယ်စပ် ကရင်နီဘက်ခြမ်းမှ နယ်စပ် ထိုင်းဘက်ခြမ်းထဲ ထပ်မံ ထွက်ပြေးလာကြရသည်။

လောလောဆယ်တွင် ဒေါနိုးကူးမှ စစ်ရှောင်ပြည်သူ အယောက် ၈၀၀ ခန့်သည် ထိုင်းအာဏာပိုင်များက သတ် မှတ်ပေးထားသော ထိုင်းဘက်ခြမ်းရှိ အမှတ် ၁ ကရင်နီဒုက္ခသည်စခန်းနားရှိ ညောင်ပင်အောက် ဆိုသော နေရာတွင် နေ နေကြရသည်။

October 19, 2024
ပအိုဝ်းအမျိုးသား လွတ်မြောက်ရေး အဖွဲ့ချုပ် PNLO က အဖွဲ့ နာယက ဗိုလ်မှူးကြီး ခွန်ဥက္ကာ၊ တွဲဖက်...
October 18, 2024
ကရင်နီပြည်၊ ဒီးမော့ဆိုမြို့ အနောက်ဘက်ခြမ်းတွင် မိုးဦးရာသီမှ စတင်ဖြစ်ပွားခဲ့သည့် ရာသီတုပ်ကွေး...
October 18, 2024
ကချင်ပြည်၊ ဖားကန့်ဒေသက သတင်းထောက် ၂ ဦးကို ဖမ်းဆီးထားသည်ဆိုသည်မှာ ဟုတ်မှတ်သည်ဟု ကချင်လွတ်လပ်ရေး...
October 16, 2024
သတင်းနှင့် မီဒီယာ ကွန်ရက် ၊ ၂၀၂၄ ခုနှစ် အောက်တိုဘာလ ၁၅ ရက်ကရင်နီပြည် ဖားဆောင်းမြို့နယ်နှင့်...