မတူပီမြို့နယ်က စစ်ကောင်စီတပ်ကာကင်းစခန်းကိုဝင်ရောက်တိုက်ခိုက်မှုမှာ စစ်ကောင်စီတပ်ဖက်က သေ ဆုံးမှုတွေရှိတယ်လို့ သတင်းထုတ်ပြန်

မတူပီမြို့နယ်က စစ်ကောင်စီတပ်ကာကင်းစခန်းကိုဝင်ရောက်တိုက်ခိုက်မှုမှာ စစ်ကောင်စီတပ်ဖက်က သေ ဆုံးမှုတွေရှိတယ်လို့ သတင်းထုတ်ပြန်

ချင်းပြည်နယ် တောင်ပိုင်း မတူပီမြို့နယ်က စစ်ကောင်စီတပ်ရဲ့ကာကင်းစခန်းကို ယနေ့ ဒီဇင်ဘာလ(၁)ရက်နေ့ မနက်(၉)နာရီအချိန်မှာ CDF-Matupiက ဝင်ရောက်တိုက်ခိုက်ခဲ့တာဖြစ်ပြီး အဲ့ဒီတိုက်ပွဲအတွင်းမှာ စစ်ကောင်စီအရာရှိအပါအဝင် တပ်ဖွဲ့ဝင်(၇)ယောက် သေဆုံးတယ်လို့ CDF-Matupiက သတင်းထုတ်ပြန်ပါတယ်။

“ဗိုလ်ကြီးဖြိုးမင်းထက်အပါအဝင်(၇)ဦးသေဆုံးပြီး Ma-3 (၂)လက်၊ MA-5 Pistol(၁)လက် ကိုသိမ်းဆည်းရရှိခဲ့တယ်”လို့ CDF-Matupiက သတင်းထုတ်ပြန်ထားပါတယ်။

အဲ့ဒီအပြင် အဆိုပါတိုက်ခိုက်မှုဖြစ်စဉ်အတွင်း ဒေသကာကွယ်ရေးတပ်ဖွဲ့ CDF-Matupiဖက်က ထိခိုက် ဒဏ်ရာမရှိဘဲ ကျန်းမာစွာဆုတ်ခွာနိုင်တယ်လို့သိရပြီး စစ်ကောင်စီဖက်က သေဆုံးကျဆုံးမှု အရေအတွက်တွေနဲ့ ပတ်သက်ပြီးတော့ Chin World Media အနေနဲ့သီးခြားအတည်မပြုနိုင်သေးပါဘူး။

စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ ကာကင်းကုန်းစခန်းဟာ မတူပီမြို့နယ် မင်းတပ်-မတူပီလမ်းမကြီးပေါ်မှာရှိတဲ့ စခန်း တစ်ခုဖြစ်ပြီး မတူပီမြို့ပေါ်နဲ့ မတူပီမြို့ပေါ်ကနေ မင်းတပ်ဖက်ကိုသွားမယ့် ဒေသခံတွေကို လုံခြုံရေး အကြောင်းပြပြီး စစ်ဆေးရေး တွေ တင်းကြပ်ထားတဲ့ ကင်းစခန်းတစ်ခုဖြစ်တယ်လို့သိရပါတယ်။

အဲ့ဒီ စစ်ကောင်စီရဲ့ကာကင်းကုန်းစခန်းသိမ်းပိုက်ခဲ့တဲ့အချိန် မတူပီမြို့ပေါ် အခြေစိုက်တဲ့ စစ်ကောင်စီတပ်စခန်းဖက် ကလဲ လက်နက်ကြီးနဲ့ရမ်းသမ်းပစ်ခတ်တာတွေ လုပ်ဆောင်နေတယ်လို့သိရပြီး မတူပီမြို့ပေါ်ကဒေသခံတွေဟာ ကြောက်ရွံ့ထိတ်လန့်နေကြလို့ အိမ်ပြင်တောင်မထွက်ရဲကြဘူးလို့ မတူပီမြို့ကဒေသခံတွေကပြောပါတယ်။

Most read this week

October 11, 2024
ယခု ၂၀၂၄ ခုနှစ်အတွင်းတီးတိန်မြို့နယ်နှင့် တွန်းဇံမြို့နယ်တို့မှာ ဘိန်းစိုက်ပျိုးမှု...
October 10, 2024
ချင်းပြည်နယ် ဖလမ်းမြို့နယ်မှာ စစ်ကောင်စီတိုက်ခိုက်မှုကြောင့် အရပ်သားထိခိုက်သေဆုံးတာတွေ...
October 7, 2024
ချင်းပြည်နယ်က မြို့နယ်အများစုမှာ ဆက်သွယ်ရေးဖုန်းလိုင်းဖြတ်တောက်ထားလို့...
October 2, 2024
ချင်းပြည်နယ်ဟားခါးမြို့မှာ ဆိုင်ကယ်တစ်စီးကို အမျိုးသား ၂ ဦးစီးလာတာမျိုးတွေ့ရင် စစ်ကောင်စီတပ်က...