ကော့ကရိတ်မြို့ တိုက်ပွဲအတွင်း အရပ်သားထိခိုက်မှုရှိနေ

ကော့ကရိတ်မြို့ တိုက်ပွဲအတွင်း အရပ်သားထိခိုက်မှုရှိနေ

ကရင်ပြည်နယ် ကော့ကရိတ်မြို့အတွင်း ယနေ့နံနက် အစောပိုင်းက စတင်ဖြစ်ပွားသည့် တိုက်ပွဲတွင် စစ်တပ်ဘက်က မြို့မ‌နှစ်ထပ်ဈေးအပေါ်ထပ်မှနေ၍ ရပ်ကွက်လူနေအိမ်များဘက် လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်ရာတွင် အရပ်သားထိခိုက်မှုများရှိနေသည်ဟု ကော့ကရိတ်မြို့ခံများက ပြောသည်။

မြို့တွင်းပိတ်မိနေသူ တစ်ဦးက “တိုက်ပွဲ ဖြစ်နေတာ လက်နက်ကြီးက တော်တော်ကျတယ်။ ရပ်ကွက် တွေထဲကိုဈေးကြီး အပေါ်ထပ်ကနေ လှည်ပတ်ပစ်ထုတ်နေတယ်။ ဝင်းကြီးပိုင်းလည်း လူတွေထိတယ်။ ဇိနသုခဘုရားဘက်လည်း လူတွေထိတယ်။ အရပ်သားတွေ ကယ်ထုတ်ဖို့ ခက်နေတယ်။ အရေ အတွက် တော့ မသိရသေးဘူး။ လေယာဉ်လာပစ်တယ်။ ဗုံးကြီးကြဲနေတယ် ”ဟု ပြောသည်။

ယနေ့ ဒီဇင်ဘာလ ၁ ရက်၊ သန်းခေါင်ကျော် ည ၁၂နာရီ ၃၀ အချိန်က စစ်တပ်လေယာဉ် ဗုံးကြဲမှုကြောင့် ကော့ကရိတ်မြို့ တောင်ဘက်ပိုင်းရှိ အံဖကြီးကျေးရွာနေအိမ်တစ်လုံးပေါ်ဗုံးသီးကျခဲ့ရာ အိမ်ရှင် မိသားစုဝင် အမျိုးသမီးတစ်ဦးသေဆုံးပြီး အမျိုးသားတစ်ဦး ဦးခေါင်းထိခိုက်ဒဏ်ရာ အပြင်းအထန် ရရှိသေးကြောင်း သိရှိရသည်။

လက်ရှိ ကော့ကရိတ် လှိုင်ဝတံတားဂိတ်၊ ကြာပန်းအဝိုင်း မြို့အဝင် နေရာများတွင် KNLA ပူးပေါင်းတပ်များနှင့် စစ်တပ်တို့ တိုက်ပွဲဖြစ်နေပြီး စက်မှုလယ်ယာရုံး၊ စည်ပင်ရုံးများအနီး ဝန်းကျင်တွင်  မီးလောင်နေကြောင်း ကော့ကရိတ် မြို့ခံများက ပြောဆိုကြသော်လည်း မြေပြင်တိုက်ပွဲဖြစ်ပွားနေသည့် အခြေအနေအသေးစိတ်ကို ကေအိုင်စီက သီးခြားအတည်မပြုနိုင်သေးပါ။

ကော့ကရိတ်မြို့ တိုက်ပွဲဖြစ်ပွားသည့်နေရာများတွင် စစ်ကောင်စီတပ်က လေကြောင်းဖြင့် ၃ ကြိမ် ပစ်ခတ်ဗုံးကြဲတိုက်ခိုက်ပြီးနောက် ကင်းထောက်လေယာဉ်မှ ကင်းထောက်ပျံသန်းမှုဆက်ရှိနေကြောင်း၊ မြို့တွင်းနှင့် မြို့ပြင် နေရာ ၅ ခု ထက်မနည်း ရင်ဆိုင်တိုက်ပွဲဆက်ဖြစ်နေကြောင်း  ‌မြေပြင် စစ်ရေး နယ်မြေ သတင်းအရင်းအမြစ်က ပြောသည်။

Most read this week

October 21, 2024
ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ဘက်၊ သေ့ဘောဘိုးဒေသ၊ ဘလယ်ဒိုကျေးရွာရှိ ကာကင်းစခန်း ၃ ခုကို ...
October 18, 2024
မြဝတီမြို့တောင်ဘက်ရှိ လေးကေ့ကော်မြို့သစ်အနီးရှိ  စစ်ကောင်စီ၏  စွယ်တော်ကုန်း  (...
October 16, 2024
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး တပ်မဟာ(၇)နယ်မြေ၊ ဖားအံခရိုင်၊ ပိုင်ကျုံမြို့နယ်၊ ပေါင်ကျေးနယ်...
October 16, 2024
တနင်္သာရီတိုင်းဒေသကြီး၊ ဘိတ်ခရိုင်၊ ပုလောမြို့နယ်၊ မီးလောင်ချောင်းကျေးရွာဘက်သို့...