နမ့်ခမ်းမြို့နယ်ရှိ ကျားဖြန့်ငွေလိမ်ဂိုဏ်းကို SSPP/SSA ဖမ်းဆီးတရုတ်အစိုးရထံ လွှဲအပ်

နမ့်ခမ်းမြို့နယ်ရှိ ကျားဖြန့်ငွေလိမ်ဂိုဏ်းကို SSPP/SSA ဖမ်းဆီးတရုတ်အစိုးရထံ လွှဲအပ်

သျှမ်းပြည် မြန်မာ-တရုတ်နယ်စပ် နမ့်ခမ်းမြို့နယ် အတွင်း ရှမ်းပြည်တိုးတက်ရေးပါတီ၊ ရှမ်းပြည်တပ်မတော် (SSPP/SSA) ထိန်းချုပ်နယ်မြေတွင် ငွေလိမ်လည်ဂိုဏ်းတစ်ခုကို ဖမ်းဆီးခဲ့ပြီး တရုတ်အစိုးရထံ လွှဲပြောင်းခဲ့ကြောင်း စုံစမ်းသိရသည်။

ပြီးခဲ့သည့် နိုဝင်ဘာ ၂၃ရက်တွင် SSPP/SSA ထိန်းချုပ်သည့် နယ်မြေအတွင်း အဆောက်အဦးတစ်ခု၌ ကျားဖြန့် လုပ်ကိုင်သည့် ဂိုဏ်တစ်ခုတွင် တရုတ်နိုင်ငံသား (၈၈)ဦးနှင့် မြန်မာနိုင်ငံသား (၂၈)ဦး စုစုပေါင်း (၁၁၆)ဦးကို ဖမ်းဆီးမိ ခဲ့ကြောင်း SSPP ၏ ထုတ်ပြန်ချက်အရသိရသည်။

“တရုတ်နိုင်ငံသား (၈၈)ဦး ကို တရုတ်အစိုးရထံလွှဲပြောင်းပေးခဲ့ပြီး ကျန်ရှိတဲ့ မြန်မာနိုင်ငံသား (၂၈)ဦး ကို SSPP မှ အမှုစစ်ဆေးပြီး ဆက်လက်ဆောင်ရွက်သွားမယ်” ဟု SSPP က ပြောသည်။

တရုတ်-မြန်မာနယ်စပ်ရှိ ကျားဖြန့် အွန်လိုင်းငွေလိမ်ဂိုဏ်းများသည် ယခင်က မကြာခဏဆိုသလို တရုတ်-မြန်မာ ပူးပေါင်းဖမ်းစီးခဲ့သော်လည်း ၎င်းလုပ်ငန်းများ လျော့ကျလာခြင်းမရှိခဲ့ပေ။

ရှမ်းပြည်တိုးတက်ရေးပါတီ၊ ရှမ်းပြည်တပ်မတော် SSPP/SSA သည်လည်း ၎င်း၏ အုပ်ချုပ်ရေးနယ်မြေ အတွင်း တရားမဝင်သည့် အွန်လိုင်းငွေလိမ်လုပ်ငန်းများ လုံးဝမရှိစေရေးအတွက် တားဆီးနှိမ်နင့်သွားမည်ဟုလည်း ပြောဆိုထားသည်။

October 21, 2024
သျှမ်းမြောက်၊ နောင်ချိုမြို့နယ်တွင် စစ်ကောင်စီတပ် တန်ပြန် ထိုးစစ်ဆင် တိုက်ခိုက်လာသဖြင့် TNLA...
October 16, 2024
သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့အနီး ချဉ်းကပ်လာသည့် ကိုးကန့်တပ်ဖွဲ့ (MNDAA) နှင့်...
October 15, 2024
သျှမ်း-မန္တလေးနယ်စပ် မိုးကုတ်နှင့် မိုးမိတ်မြို့နယ်ရှိ ရွှေမျှောလုပ်ကိုင်သူများကို တအာင်း(ပလောင်...
October 15, 2024
သျှမ်းပြည်တောင်ပိုင်း ၊ ပင်လောင်းမြို့နယ်တွင် စစ်ကောင်စီ နှင့်...