ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လွှတ်ပေးနိုင်ဟု KNU သုံးသပ်

ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လွှတ်ပေးနိုင်ဟု KNU သုံးသပ်

စစ်ရေး၊ နိုင်ငံရေးနှင့် သံတမန်ရေးအရာတွင် အဖက်ဖက်က ရှုံးနိမ့်နေသောကြောင့် စစ်ကောင်စီက နိုင်ငံ့ခေါင်း ဆောင် ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးပြီး အပေးအယူ လုပ်ကာ တွေ့ဆုံဆွေးနွေးမှုမျိုးကို  လုပ်ဆောင် လာနိုင်သည်ဟု တော်လှန်ရေး အင်အာစုများနှင့် ပြည်သူတွေကို KNU က သတိပေးပြောဆို လိုက်သည်။

ကရင်အမျိုးသားအစည်းအရုံး KNU ပြောရေးဆိုခွင့်ရှိသူ ပဒိုစောတောနီးက ပြည်သူလူထုအား ပြောကြားသည့် သတင်းစကားရုပ်သံထဲမှာ အခုလို ထည့်သွင်းပြော  ဆိုသွားတာ ဖြစ်ပါတယ်။

“စစ်ကောင်စီဟာ အင်မတန်မှပဲ နိုင်ငံရေးအရရော စစ်ရေးအရရော အင်မတန်မှပဲ ဆောက်တည်ရာ မရတဲ့ အနေ အထားမျိုးကို ကြုံတွေ့နေရပြီဖြစ်ပါတယ်။ အဲ့ဒါကြောင့်မို့လို့ စစ်ကောင်စီဖက်က လုပ်ရိုးလုပ်စဉ်အတိုင်း မကြာခဏပဲ မဲပြာပုဆိုးကို ပြန်ဝတ်လေ့ရှိတဲ့ အလေ့အထမျိုးအတိုင်းပဲ မရိုးနိုင်တဲ့ ဖြစ်စဉ်တွေကို ပြန်လုပ်တော့ မှာ ဖြစ်ပါတယ်။ အထူးသဖြင့် ပြည်သူလူထု ဝေဝါးသွားစေနိုင်တဲ့ဟာတွေကိုတော့ လုပ်ဆောင်လာမှာ ဖြစ်ပါ တယ်။ တစ်အချက်အနေနဲ့ မတရားဖမ်းဆီးထားတဲ့ နိုင်ငံရေး အကျဉ်းသားတို့ကို တစ်ယောက်စ နှစ်ယောက်စ ပြန်ပြီးတော့ လွှတ်ပြေတာမျိုး နောက်ပြီးတော့ အင်မတန် ထင်ရှားကျော်ကြားတဲ့ နိုင်ငံရေး ခေါင်းဆောင် တစ် ယောက်ကို လွှတ်ပေးပြီးတော့ ပြည်သူလူထုဝေဝါးစေနိုင်တဲ့ သူတို့နဲ့ ဆွေးနွေးမှုမျိုး အပေးအယူလုပ်တာမျိုးကို လုပ်လာ နိုင်ပါတယ်။ ဒီဟာတွေကိုလည်း ဂရုစိုက်စောင့်ကြည့်ဖို့လိုပါတယ်။”

ထို့အပြင် စစ်ကောင်စီက လက်ရှိခေါင်းဆောင်နေရာတွင် အခြားလူတစ်ဦးတစ်ယောက်နှင်လည်း အစားထိုးပြီး ဟန်ပြအပြောင်းအလဲ လုပ်ဆောင်လာနိုင်သည့် အနေအထားမျိုးကို တွေ့မြင်နေရသည်ဟု KNU က ဆိုသည်။

ထိုသို့သော အခြေအနေမျိုး ဖြစ်လာခဲ့ပါက တွေဝေမနေကြဘဲ အာဏာရှင်စနစ် ကျရှုံးသွားသည်အထိ ဆက် လက်တိုက် ပွဲဝင်ကြဖို့ ပဒိုစောတောနီး က တိုက်တွန်းထားသည်။

“အဲဒီလိုဖြစ်ခဲ့သည်ရှိသော် ကျနော်တို့ လက်ရှိ တိုက်ပွဲဝင်နေတဲ့ တော်လှန်ရေး အင်အားစု အားလုံးနဲ့ ပြည်သူလူ ထုတစ်ရပ်လုံးကလည်း လုံးဝတွေဝေမနေပဲ ဒီစစ်အာဏာရှင်စနစ်ကို ပြုတ်ကျရေးအတွက် ကျနော်တို့ တစ်စိုက် မတ်မတ် ဆက်လက်လုပ်ဆောင်သွားဖို့တော့ လိုပါတယ်လို့ ကျနော်တို့ တိုက်တွန်းလိုပါတယ်။ အဲဒါကြောင့်မိုလို့ ကျနော်တို့ ဒီလိုရိုက်ခတ်တဲ့ အခါမှာ မျက်နှာစာ အသီးသီးမှာရှိတဲ့ နိုင်ငံရေး တိုက်ပွဲတွေ မျက်နှာစာ အသီးသီးမှာ ရှိတဲ့ သံတမန်ရေး တိုက်ပွဲတွေ နောက်ပြီးတော့ စီးပွားရေး ပိတ်ဆို့မှုတွေ နောက်ပြီးတော့ ပြည်သူလူထု တစ်ရပ် လုံးပါဝင်တဲ့ လူထုတိုက်ပွဲကိုလည်း ကျနော်တို့ ဖော်ဆောင်တော့မှာ ဖြစ်ပါတယ်။”

စစ်အာဏာသိမ်းပြီးနောက် NCA ကို အခြေခံကာ လုပ်ဆောင်နေသည့် တွေ့ဆုံဆွေးနွေးမှုများလည်း ရပ်တန့် သွားသလို နိုင်ငံအနှံ့၌လည်း တိုက်ပွဲများ ဖြစ်ပွားလာခဲ့သည်။

လက်ရှိတွင် နိုင်ငံတဝှမ်း၌ တိုက်ပွဲများ ဖြစ်ပွားနေသလို နိုင်ငံတကာ၌လည်း စစ်ကောင်စီက အဖက်ဖက်က ရှုံးနိမ့် နေသည့်အတွက် ပြည်သူများနှင့် တော်လှန်ရေး အင်အားစုများအား ဝေဝါးသွားစေနိုင်သည့် လုပ်ဆောင်မှုမျိုးကို လုပ်ဆောင်လာနိုင်သည့် အခြေအနေ၊ အနေအထားမျိုးကို တွေ့နေရသည်ဟု KNU က ဆိုသည်။

Most read this week

October 21, 2024
ချင်းပြည်ကောင်စီ၊ ချင်းပြည်လွှတ်တော်မှ ပြန်ဌာန်းထားသည့် အခွန်အကောက်ဥပဒေကို ဇိုဖေရမ်ဒေသအတွင်း...
October 16, 2024
ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်ထဲက ချင်းရွာများတွင် အရေပြားရောဂါ ကူးဆက်ပြန့်ပွားမှုများ...
October 15, 2024
ချင်းပြည်နယ်၊ မတူပီမြို့နယ်ထဲက ကြားကာလတော်လှန်ရေးတပ်ဖွဲ့ များ အချင်းချင်းကြား၊ ဒေသအသီးသီးရှိ...