Published
Tuesday, November 28, 2023
မိုင်းကိုင်မှာမိုးအဆက်မပြတ်ရွာသွန်းတာကြောင့် ရိတ်သိမ်းထားတဲ့စပါးတွေအညှောင့်ပေါက်ပြီးဆုံးရှုံးမှုကြုံ
- ရှမ်းပြည်မြောက်ပိုင်း စယ်လန့်ကျေးရွာ ကောင်းနောင်ရပ်မှာ စစ်ကောင်စီတပ်က လေယာဥ်နဲ့ ဗုံးကြဲချခဲ့တာကြောင့် လူနေအိမ်နဲ့ ကားတွေ ပျက်စီးခဲ့ရပါတယ်။
- ရှမ်းပြည်တောင်ပိုင်း မိုင်းကိုင်မြို့မှာ မိုးအဆက်မပြတ်ရွာသွန်းတာကြောင့် လယ်ယာထဲက ရိတ်သိမ်းထားတဲ့စပါးတွေ အညှောင့်ပေါက်ပြီး ဆုံးရှုံးမှုတွေနဲ့ ကြုံတွေ့နေရပါတယ်။
- ရှမ်းလူမျိူးတွေရဲ့ အလှူအတန်းပစ္စည်းတစ်ခုဖြစ်တဲ့ “မိုက်တံ့ပူ” တံပူကို ဘယ်လိုပြုလုပ်ရသလဲဆိုတာ ကျမတို့ သျှမ်းသံတော်ဆင့်က တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။