မြို့သိမ်းတိုက်ပွဲဖော်မည်ဟု သတင်းမှားများထုတ်လွှင့်နေသည့်အတွက် မြဝတီမြို့ နေပြည်သူများ စိုးရိမ်မှုမြင့်တက်

မြို့သိမ်းတိုက်ပွဲဖော်မည်ဟု သတင်းမှားများထုတ်လွှင့်နေသည့်အတွက် မြဝတီမြို့ နေပြည်သူများ စိုးရိမ်မှုမြင့်တက်

ထိုင်း-မြန်မာနယ်စပ် မြဝတီမြို့အား ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA ဦးဆောင်သည့် တော်လှန်ရေးပူးပေါင်းတပ်များ ဝင်ရောက် တိုက်ခိုက် တော့မည်ဟု ယခုရက်ပိုင်းအတွင်း သတင်းမှားများထုတ်လွှင့်နေသည့်အတွက် မြို့ခံပြည်သူများ စိုးရိမ်မှု မြင့်တက်နေသည်ဟု သိရသည်။

မြို့သိမ်းတိုက်ပွဲ ဖော်ဆောင်မည်ဟု စစ်တပ်အသိုင်းအဝိုင်းမှ သတင်းရကြောင်း သတင်းမှားများ ပျံ့နှံ့အောင် လူမှုကွန်ရက်စာမျက်နှာများမှ လုပ်ဆောင်နေ သည့် အတွက် မြဝတီဆင်ခြေဖုံးရပ်ကွက်များတွင် နေထိုင်သည့် ပြည်သူများ စိုးရိမ်မှုမြင့် တက်နေပြီး စားသောက် စရာနှင့် စစ်ဘေးရှောင်နေထိုင်ရန် အခက်တွေ့ နေကြရ ကြောင်း အမှတ် ၅ ကျွန်းတော ရပ်ကွက်နေအမျိုးသမီးတစ်ဦးက ပြောသည်။

၎င်းက “အခုရက်ထဲ မြဝတီကို တိုက်မယ်၊ စစ်တပ်တွေ ပြင်နေပြီ၊ BGF တွေ အင် အားဖြည့်နေပြီ။ စားစရာဆန်၊ ဆီ၊ မာမားခေါက်ဆွဲတွေ ဝယ်စုနေပြီ ဆိုပြီး သတင်း တွေက ရပ်ကွက်ထဲက စစ်တပ်ထောက်ခံသူတွေ ပြောနေကြ၊ ဝယ်နေကြတယ်။ တချို့ဆိုရင် ဖားအံ၊ မော်လမြိုင်ဆင်းနေကြတယ်။ တချို့လည်း မဲ‌ဆောက် ကမ်းနား ဘက်ပြောင်းအိပ်တာမျိုးလုပ်လာတယ်။ ကျမတို့ကတော့ စားဖို့ တောင် အနိုင်နိုင် လုပ်နေရတာ ပစ်ကြခတ်ကြရင် စားစရာလည်းမရှိ၊ ပြေးရှောင်စရာလည်း မရှိဘူး။ သတင်းတွေ ပြောနေကြတော့စိတ်ညစ်တယ် ” ဟု ပြောသည်။

ထိုသို့ သတင်းမှားများ ပျံ့နှံ့နေမှုနှင့်ပတ်သက်၍ မြဝတီမြို့ အုပ်ချုပ်ရေးဌာန၊ နယ်ခြားစောင့်တပ် -BGF မြဝတီလုံခြုံရေးတာဝန်ရှိသူများထံ ကေအိုင်စီ-ကရင် သတင်းဌာနက ဆက်သွယ် စုံစမ်းမေးမြန်းသော်လည်း ဆက်သွယ်၍ မရရှိသေးပေ။

လတ်တလောတွင် မြဝတီမြို့၊ အာရှလမ်းသစ်၊ သင်္ဃန်းညီနောင်၊ လမ်းပိုင်းတွင် စစ်တပ်၊ BGF က လုံခြုံရေးဂိတ်များ ၁၀ ခုထက်မနည်း စစ်ဆေးနေသလို မြို့ပြင်ထိ စပ်သည့် ရပ်ကွက်များတွင်လည်း စစ်ကတုတ်များနေရာယူ တပ်စွဲထားကြောင်း ရပ်ကွက်နေထိုင်သူများက ပြောသည်။

“မြဝတီကို PDF တွေ တိုက်ဖို့တော့ မဖြစ်လောက်ဘူးထင်တယ်။ တိုက်ချင်ရင် တိုက်တာ ကြာပြီပေါ့။ ကာစီနိုတွေ၊ ဂိမ်းရုံတွေပေါမှ ပေါပဲလေ၊ ဒါတွေ ထိကုန်ရင် ပြဿနာက မသေးဘူး၊ ဖြစ်သွားမယ်ထင်တယ်။ အခုတလောတော့ ဈေးရောင်း ကောင်းတယ်။  တိုက်ပွဲဖြစ်မယ်ဆိုပြီး ဈေးလာကြိုဝယ်ကြလို့ ၊ စီးပွားရေး သမားကြီးတွေက တိုက်ပွဲဖြစ်မှ ကုန်ဈေးနှုန်းဆွဲတင် ဈေးတက်ချင်တာကြောင့် သတင်းတွေ ဖွနေတယ်လို့ပဲထင်တယ်။ သာမန် ရပ်ကွက်သားတွေပဲ ခံရမှာ ဆိုတော့ ဒါတွေ မြန်မြန်ပြီးချင်ပြီဗျာ ”ဟု  မြဝတီ မြို့ခံတစ်ဦးက ပြောသည်။

လက်ရှိ မြဝတီမြို့တွင် စစ်တပ်က ညမထွက်ရအမိန့် ထုတ်ပြန်ထားပေးသော်လည်း အာဝါဒေးပွဲများ၊ ဇာတ်ပွဲ၊ စတိတ်ရှိုးပွဲများ၊ ငါးပစ်ဂိမ်းရုံများ၊ တရုတ်ကာစီနိုရုံ များ ပုံမှန်ဖွင့်လှစ်လုပ်ကိုင်လျက်ရှိနေပြီး စစ်တပ်၊ BGF တပ်များ မှ မြို့လုံခြုံ‌ရေး ကင်းလှည့်ဆောင်ရွက်နေကြောင်း မြဝတီ မြို့ခံများက ပြောသည်။

October 22, 2024
ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA (ဗဟို)ဌာနချုပ်အနီးဝန်းကျင်ကို ယနေ့  (အောက်တိုဘာ ၂၂...
October 22, 2024
စစ်ကောင်စီတပ်၏  မြဝတီမြို့တောင်ဘက် လေးကေ့ကော်ဒေသ စွယ်တော်အမြောက်ကုန်း အပါအဝင်စစ်စခန်း ၄ ခု...
October 21, 2024
ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ဘက်၊ သေ့ဘောဘိုးဒေသ၊ ဘလယ်ဒိုကျေးရွာရှိ ကာကင်းစခန်း ၃ ခုကို ...
October 18, 2024
မြဝတီမြို့တောင်ဘက်ရှိ လေးကေ့ကော်မြို့သစ်အနီးရှိ  စစ်ကောင်စီ၏  စွယ်တော်ကုန်း  (...