ထိုင်း-မြန်မာနယ်စပ်တလျှောက် စစ်ကောင်စီတပ်များ တပ်စွန့်ခွာထွက်ပြေးပြီး ရွှေ့ပြောင်းလုပ်သား အဖြစ် ခိုလှုံနေထိုင်လာ

ထိုင်း-မြန်မာနယ်စပ်တလျှောက် စစ်ကောင်စီတပ်များ တပ်စွန့်ခွာထွက်ပြေးပြီး ရွှေ့ပြောင်းလုပ်သား အဖြစ် ခိုလှုံနေထိုင်လာ

ကရင်ပြည်နယ်၊ ထိုင်း-မြန်မာနယ်စပ်တစ်လျှောက် စစ်စခန်းနှင့်လှုပ်ရှားစစ်ကြောင်းများမှ စစ်ကောင်စီ တပ်များဖွဲ့ဝင်များသည် တပ်ကို စွန့်ခွာထွက်ပြေးတိမ်းရှောင်ပြီး တော်လှန်ရေး တပ်ဖွဲ့များ ထံ CDM( အာဏာဖီဆန်ရေးလှုပ်ရှားမှု) ခိုလှုံဝင်ရောက်လာခြင်းမျိုး မလုပ်ဘဲ ရွှေ့ပြောင်းလုပ်သား အဖြစ် နေထိုင် နေသူ အများအပြားရှိလာနေသည်ဟု နယ်စပ်ကျေးရွာမှ ဒေသခံရွာသားများက ပြောသည်။

နယ်စပ်ရှိ ဒေသခံတစ်ဦးက “အခုနယ်စပ်မှာ စစ်ဖြစ်နေတာ ၂ နှစ်ကျော်ပြီ၊ ရွာတွေဘက်ကို လူစိမ်း တွေ ရောက်လာတယ်။ အလုပ်သမားဝင်လုပ်ကြတယ်။ သူတို့ ဘယ်ကလာတယ်မေးတော့ စစ်တပ်က ပြေး လာတယ်ပြော ကြတယ်။ ပြောင်းချိုး၊ စပါးစိုက်၊ ကုန်စိမ်းဟင်းသီးဟင်းရွက်စိုက်ခင်းနဲ့ ကြံစိုက်ခင်းတွေ မှာ အလုပ်ဝင်လုပ်ပြီး နေနေကြတာများလာတယ်။ မြန်မာပြည်က အရင်လာလုပ်နေကျ အလုပ်သမားက ထိုင်းဘက်ကို အလုပ်လာမလုပ်ကြတော့ သူတို့တွေကိုပဲ စားသောက်စရာနဲ့ အသုံးစရိတ်ပေးပြီး ခိုင်းကြ တာမျိုးများလာတယ်။” ဟု ပြောသည်။  

ထို့အပြင် ထွက်ပြေးလာသူ စစ်သားအချို့တွင် လက်နက်ခဲယမ်းများပါလာကြသည့်အခြေအနေရှိပါက ရပ်ရွာအကြီးအကဲများထံအပ်နှံပြီး ၎င်းတို့ လုံခြုံရေးအတွက် စိုက်ပျိုးရေးခြံရှင်များက တာဝန်ယူကာ ရွှေ့ ပြောင်းအ‌ခြေချတိုင်းရင်းသား ဒေသခံများနှင့်အတူ နေထိုင်လုပ်ကိုင်ခွင့်ပေးထား ကြောင်း ၎င်းဒေသခံက ဆက်ပြောသည်။

လတ်တလော ထိုင်း-မြန်မာနယ်စပ် ကရင်ပြည်နယ်နှင့် ထိစပ်နေသည့် နေရာများရှိ ထိုင်း၊ ကရင်၊ မွန် မြန်မာအများစု ရောနှောနေထိုင်သည့် ဒေသများတွင် နှစ်သစ်ကူးချိန်၊ သီးနှံရိတ်သိမ်းချိန် ဖြစ်နေသော် လည်း နယ်မြေတွင်းတိုက်ပွဲများကြောင့် စိုက်ခင်းများပျက်စီးပြီး အချို့နေရာများတွင် စစ်ဘေးရှောင် နေထိုင်ရသူများမှာ နေရပ်ရင်းကျေးရွာများဘက်သို့ မပြန်နိုင်ကြသေးဘဲ ရွှေ့ပြောင်းအလုပ်သမားအဖြစ် စစ်ဘေးရှောင်ရင်း ဝင်ရောက်အလုပ်လုပ်လုပ်ကိုင် နေကြရကြောင်း သိရသည်။

“ပိုင်ကလန်တို့၊ ကနဲလေး၊ ထီးသဲဘလယ်တို့ ကလော့ထော်တို့ဘက်မှာ ထိုင်းတောင်ယာတွေ ရှိတယ်။ အဲ့ မှာ စစ်ဘေးရှောင်ရင်း စားသောက်စရာ ခက်ခဲတော့ စိုက်ပျိုးခင်းတွေ အလုပ်ဝင်လုပ်ပေါ့၊ ကိုယ့်ရွာ က တော့ ပျက်စီးကုန်ပြီ။ ပြန်နေလို့ကလည်း မဖြစ်သေးဘူး။ စစ်တပ်က ပစ်သတ်တာ၊ လမ်းပြ ခေါ်တာတွေ ရှိနေတော့ ဒီထိုင်းနယ်စပ်မှာပဲ ယာယီနေနေရတယ် ” ဟု ဥကရိထ ကျေးရွာ နေထိုင်သူ စစ်ဘေးရှောင်ဒေသခံက ပြောသည်။

လက်ရှိ ကရင်ပြည်နယ် မြဝတီ၊ ကော့ကရိတ်၊ ကျုံဒိုး၊ ကြာအင်းဆိပ်ကြီးနှင့် အာရှလမ်းသစ် လမ်းပိုင်း တွင် စစ်ကောင်စီတပ်နှင့် တော်လှန်ရေးမဟာမိတ်ပူးပေါင်းတပ်များ နှစ်ဖက်တင်းမာမှုဆက်ရှိနေပြီး စစ်တပ်ဘက်က နေ့ရောညပါ ကျေးရွာများဘက် လက်နက်ကြီးပစ်ခတ်မှုပြုလုပ်နေကြောင်း ဒေသခံ သတင်းအရင်းအမြစ်များက ပြောသည်။

October 22, 2024
ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA (ဗဟို)ဌာနချုပ်အနီးဝန်းကျင်ကို ယနေ့  (အောက်တိုဘာ ၂၂...
October 22, 2024
စစ်ကောင်စီတပ်၏  မြဝတီမြို့တောင်ဘက် လေးကေ့ကော်ဒေသ စွယ်တော်အမြောက်ကုန်း အပါအဝင်စစ်စခန်း ၄ ခု...
October 21, 2024
ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ဘက်၊ သေ့ဘောဘိုးဒေသ၊ ဘလယ်ဒိုကျေးရွာရှိ ကာကင်းစခန်း ၃ ခုကို ...
October 18, 2024
မြဝတီမြို့တောင်ဘက်ရှိ လေးကေ့ကော်မြို့သစ်အနီးရှိ  စစ်ကောင်စီ၏  စွယ်တော်ကုန်း  (...