မြိတ်တွင် အုပ်စုဖွဲ့ ဆိုင်ကယ်လုယက်မှုများ အဖြစ်များလာ

မြိတ်တွင် အုပ်စုဖွဲ့ ဆိုင်ကယ်လုယက်မှုများ အဖြစ်များလာ

ညမထွက်ရ အမိန့်ထုတ်ပြန်ထားသည့် တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့နယ်တွင် ယခုတလော ည ဘက်အချိန် အုပ်စုဖွဲ့ ဆိုင်ကယ်လုယက်မှုများ ပိုမိုအဖြစ်များလာလျက်ရှိကြောင်း ဒေသခံများ၏ ပြောပြချက်အရ သိရသည်။

မြိတ်မြို့နယ်တွင် ညမထွက်ရ အမိန့်ကို ပြီးခဲ့သည့် အောက်တိုဘာလ၂၇ ရက်နေ့မှ စတင်ပြီး စစ်ကောင်စီ အုပ်ချုပ်ရေးအဖွဲ့က ည ၁၂ နာရီမှ နံနက် ၃နာရီသို့ လျှော့ချသတ်မှတ်ပြီးနောက်ပိုင်း ညဘက်အချိန်တွင် စစ်ဘက်ရေးရာလုံခြုံရေးတပ်ဖွဲ့အဖြစ် ယောင်ဆောင်ကာ အုပ်စုဖွဲ့ဆိုင်ကယ်လုယက်မှုများ ပိုမို အဖြစ်များလာကြောင်း အမည်မဖော်လိုသူ မြိတ်မြို့ခံတစ်ဦးက ပြောသည်။

၎င်းမြို့ခံက “ညဘက် အချိန်တွေပေါ့။ ပြီးခဲ့တဲ့လဆန်းပိုင်းက ညအချိန် အရပ်ဝတ်တွေနဲ့ သူတို့ ကိုယ်သူတို့ စရဖကဆိုပြီး မိန်းမတွေတောင် ပါသေးတယ်။ ပြီးတော့ ဆိုင်ကယ်လုသွားတယ် ။ ပြည်သူ ဘဝတွေ စစ်တပ်က ညအချိန်လျှော့လည်း မလုံခြုံတော့ဘူး။ “ဟု ကေအိုင်စီသို့ ပြောသည်။

မြိတ်မြို့နယ်တွင် စစ်တပ်မှ ညမထွက်ရ အချိန်ကို လျှော့ချသတ်မှတ်ထားသော်လည်း မြို့နယ်အတွင်းရှိ ရပ်ကွက်များတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ညအချိန်တွင် ပြည်သူများကို အကြောင်းအမျိုးမျိုးပြ ကာ အကြမ်းဖက် ညဉ်းပမ်း နှိပ်စက်မှုများပြုလုပ်လျက်ရှိကြောင်း ဒေသအခြေစိုက် ပြည်သူ့  ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။

၎င်းကာကွယ်ရေးတပ်ဖွဲ့ဝင်က “မြို့ထဲမှာကတော့ သူတို့ ဘယ်ချိန်ဘယ်ကာလပဲ သတ်မှတ်ပါစေ ၈ နာရီကျော်ပြီးနောက်ပိုင်းမှာ ဒေသခံတွေကို ညဉ်းပမ်းနှိပ်စက်နေတာတွေ ရှိတယ်။ ဧည့်စာရင်းတွေ ပြခိုင်း ပြီးတော့ နေအိမ်အပေါ်ထိ တက်ပြီးတော့ မတရားအကြမ်းဖက်တာတွေ အခုချိန်ထိ လုပ်နေတယ်။ အဲ့ဒီ အတွက်ကြောင့် ပြည်သူတွေကိုလည်း အကြမ်းဖက် စစ်ကောင်စီက ထုတ်ပြန်တဲ့ ထုတ်ပြန်စာတွေကို အထူးဂရုပြီးတော့ နေထိုင်ကြပါလို့ ပြောချင်တယ်။”ဟု ကေအိုင်စီသို့ပြောသည်။

စစ်တပ် အာဏာသိမ်းပြီးနောက်ပိုင်း မြိတ်မြို့နယ်တွင် လုယက်မှုများသည် တစ်လအတွင်း ငါးကြိမ်ထက် မနည်းဖြစ်ပွားလေ့ရှိပြီး ယခုလို စရဖ အသွင်ဆောင်ကာ ဆိုင်ကယ်လုယက်မှုသည် ညမထွက်ရအချိန် လျှော့ချပြီး နောက်ပိုင်းမှသာ ပိုမိုအဖြစ်များလာခြင်းဖြစ်ကြောင်း ဒေသခံများက ပြောသည်။

ထို့အပြင် မြိတ်-ထားဝယ်လမ်းပိုင်းတွင် အာဏာသိမ်းစစ်ကောင်စီနှင့် ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ ဝင်များကြား တိုက်ပွဲများ မကြာခဏ ဖြစ်ပွားပြီး စစ်ရေးတင်းမာမှုများ ရှိနေသောကြောင့် ည(၉) နာရီ နောက်ပိုင်းတွင် ဖြတ်သန်းသွားလာခြင်းမပြုကြရန် သရက်ချောင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-ပကဖကလည်း သတိပေးထုတ်ပြန်ထားသည်။

October 22, 2024
ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA (ဗဟို)ဌာနချုပ်အနီးဝန်းကျင်ကို ယနေ့  (အောက်တိုဘာ ၂၂...
October 22, 2024
စစ်ကောင်စီတပ်၏  မြဝတီမြို့တောင်ဘက် လေးကေ့ကော်ဒေသ စွယ်တော်အမြောက်ကုန်း အပါအဝင်စစ်စခန်း ၄ ခု...
October 21, 2024
ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ဘက်၊ သေ့ဘောဘိုးဒေသ၊ ဘလယ်ဒိုကျေးရွာရှိ ကာကင်းစခန်း ၃ ခုကို ...
October 18, 2024
မြဝတီမြို့တောင်ဘက်ရှိ လေးကေ့ကော်မြို့သစ်အနီးရှိ  စစ်ကောင်စီ၏  စွယ်တော်ကုန်း  (...