ကလေးမြို့တွင် လျှပ်စစ်မီတာခွန် မဆောင်သူများကို စစ်ကောင်စီက မီးဖြတ်တောက်

ကလေးမြို့တွင် လျှပ်စစ်မီတာခွန် မဆောင်သူများကို စစ်ကောင်စီက မီးဖြတ်တောက်

စစ်ကိုင်းတိုင်း၊ ကလေးမြို့တွင် လျှပ်စစ် မီတာကြေး အခွန်မဆောင်သည့်အိမ်များကို စစ်ကောင်စီက လျှပ်စစ်မီး မပေးတော့ဘဲ ဖြတ်တောက်မှုရှိနေကြောင်း ဒေသခံများက ပြောသည်။

စစ်ကောင်စီတပ်ဖွဲ့များသည် ကလေးမြို့ပေါ် ရပ်ကွက်အချို့တွင် လုံခြုံရေးအပြည့်နှင့် လျှပ်စစ် မီတာခွန်များ ပေးဆောင်ရန် လိုက်လံသတိပေးပြီးနောက် အောက်တိုဘာလ ပထမပတ်ကစ၍ အခွန်မဆောင်သော အိမ်များကို စတင်ဖြတ်တောက်လိုက်ခြင်း ဖြစ်သည်။

ထို့ကြောင့် ရပ်ကွက်နေပြည်သူများသည် ကလေးခရိုင် လျှပ်စစ်ရုံးသို့ သွားရောက်ကာ မီတာခွန်များ ပေးဆောင် နေ ကြရသည်ဟု တောင်ဖီလာရပ်ကွက်နေ အမျိုးသမီးတစ်ဦးက ပြောသည်။

“ကျွန်မတို့ရပ်ကွက်မှာ မီးမရတာ အခုဆိုရင် တစ်လ ကျော်ပြီ။ မီတာခမပေးဆောင်တဲ့သူတွေ မီးဖြတ်တယ်ဆိုလို့ ကျွန်မ တို့လဲ စုပြီး မီတာခသွားဆောင်တာ။ ရုံးက တစ်ပါတ်နေပြန်ရမယ်လို့ ပြောတယ် ဒါပေမဲ့ အခုတစ်ပါတ် ကျော်နေပြီ မီးပြန် မရသေးဘူး။ မီးမရတော့ အခက်တွေ့တာပေါ့” ဟု ၎င်းက ပြောသည်။

အောက်တိုဘာလဆန်းပိုင်းတွင် စစ်ကောင်စီတပ်ဖွဲ့များသည် လုံခြုံရေးအပြည့်ဖြင့် ချင်းလူမျိုးအများစု နေထိုင် ကြသော တာဟန်းရပ်ကွက်တွင် မီတာခွန်များပေးဆောင်ရန် လိုက်လံသတိပေးခဲ့သည်ဟု ဆိုသည်။

ထို့နောက် ရပ်ကွက်လူကြီးများ အဖွဲ့အစည်းများ စုပေါင်းကာ ရုံးသို့ သွားရောက်အခွန်ဆောင်ပြီးနောက် အောက် တိုဘာလ ၉ ရက်နေ့ညတွင် မီးပြန်လည်ရရှိခဲ့ကြောင်း တာဟန်းရပ်ကွက်နေ ဒေသခံများက ပြောသည်။

ယခုလက်ရှိကလေးမြို့တွင် စစ်ကောင်စီက လျှပ်စစ်မီးပုံမှန်မပေးနိုင်တော့သည်မှာ ၂ နှစ်ကျော်ရှိသွားပြီဖြစ်ကာ မီးလာသည့်အချိန်မှာလည်း နာရီပိုင်းလောက်သာ လာလေ့ရှိသည့်အတွက် ဒေသခံများအနေဖြင့် အခက်အခဲများ နှင့် ရင်ဆိုင်နေကြရသည်။

“အရင် နိုင်ငံရေးကောင်းတုန်းကတော့ ကျနော်တို့ လျှပ်စစ်မီးနဲ့ပဲ ချက်စားရတာ။ ရေလဲတင်တယ် အဆင်ပြေ တယ်။ အခုနောက်ပိုင်းတော့ မီးလဲ ပုံမှန်မရဘူး ရတဲ့ချိန်မှာလဲ ခဏလေးပဲရတာ ပျက်လိုက် လာလိုက်ပေါ့။ လျှပ် စစ်မီး အဆင်မပြေတော့ ထမင်းဟင်းချက်တာက မီးသွေးခဲတို့ ဂက်စ်တို့ သုံးတယ်လေ နေသားကျနေပါပြီ။ ဒါပေမဲ့ အခုလို မီးလုံးလုံးဖြတ်လိုက်တော့ ရေတင်လို့မရဘူး အဲဒါတော့ တော်တော် အဆင်မပြေပါဘူး” ဟု ကလေးမြို့ ဒေသခံ အိမ်ရှင်မတစ်ဦးက ပြောသည်။

မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းမှုဖြစ်ပွားပြီးနောက် ကလေးမြို့တွင် စစ်ကောင်စီယန္တရား လည်ပတ်မှု ရပ်တန့် စေရန် ပြည်သူများသည် လျှပ်စစ်မီတာခွန်မဆောင်ကြသည်မှာ လပေါင်း ၂၈ လခန့်ရှိသွားပြီ ဖြစ်သည်။

ထို့အတွက်ကြောင့် ပြည်သူများအနေဖြင့် လျှပ်စစ်မီတာအခွန်များကို အရစ်ကျဖြင့် ၃ ကြိမ်ပေးသွင်းရမည်ဖြစ်ပြီး အကယ်၍ မပေးသွင်းနိုင်ပါက လျှပ်စစ်မီးဖြတ်တောက်ခံရမည်ဟု စစ်ကောင်စီလက်အောက်ခံ လျှပ်စစ်ဌာနက အသိပေး ခြိမ်းခြောက်မှုများ လုပ်နေသည်ဟု ဆိုကြသည်။

ကလေးမြို့အနောက်ဘက် ကြို့သုံးပင်ရပ်ကွက်တစ်ခုလုံးသည်လည်း မီးဖြတ်တောက်ခံခဲ့ရကာ ရပ်ကွက် လူကြီး များနှင့် အရပ်ဖက်အဖွဲ့အစည်းများမှ မီတာခလိုက်လံကောက်ခံကာ ပေးသွင်းပြီး ညှိနှိုင်းခဲ့ခြင်းကြောင့် မီးပြန် လည်ရရှိခဲ့သည်။

ထိုသို့ မီတာခွန်များ ပေးဆောင်ရာတွင် မိမိအနေဖြင့် မီတာခွန်မပေးခဲ့သည့် အချိန်မှစ၍ ယနေ့ချိန်ထိ ကျသင့် သည့် ငွေပမာဏကို ပေဆောင်ကြရပြီး အချို့သည် သိန်း ၂၀ ကျော် ကျသင့်သူများရှိသလို အချို့မှာ သောင်း ဂဏန်းသာ ကျသင့်သူများလည်း ရှိကြောင်း ဒေသခံများက ပြောသည်။

October 25, 2024
အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်တွင် ဩဇာတိက္ကမအကြီးဆုံးသော အရပ်ဖက်အဖွဲ့အစည်းဖြစ်သည့် မီဇိုးလူ...
October 24, 2024
ချင်းပြည်နယ်၊ မတူပီမြို့နယ်ထဲက ချင်းကာကွယ်ရေးတပ်ဖွဲ့ဖြစ်သည့် CDF - မတူပီ၏ တပ်မဟာ - ၁ နှင့်...
October 24, 2024
ချင်းပြည်နယ်၊ မတူပီမြို့နယ်ထဲက ချင်းကာကွယ်ရေးတပ်ဖွဲ့ဖြစ်သည့် CDF - မတူပီ၏ တပ်မဟာ - ၁ နှင့်...
October 23, 2024
ချင်းပြည်မရာနယ်မြေအတွင်း လုပ်ငန်းစီမံကိန်းအကောင်အထည်ဖော်မည့် NGO/INGO များအနေဖြင့်...