မုန်လိုင်ခက်စစ်ရှောင်စခန်း တိုက်ခိုက်မှုဟာ ကြီးမားတဲ့စစ်ရာဇဝတ်မှုဖြစ်

မုန်လိုင်ခက်စစ်ရှောင်စခန်း တိုက်ခိုက်မှုဟာ ကြီးမားတဲ့စစ်ရာဇဝတ်မှုဖြစ်
ဓာတ်ပုံ-Simsa Kasa
ဓာတ်ပုံ-Simsa Kasa

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ ငြိမ်းချမ်းရေးရရှိဖို့ ကြိုးပမ်းနေတဲ့ စစ်ကောင်စီရဲ့ မုန်လိုင်ခက် စစ်ရှောင်စခန်းတိုက်ခိုက်မှုဟာ လူသားမျိုးနွယ်အပေါ် ကျုးလွန်တဲ့ စစ်ရာဇဝတ်မှုဖြစ်တယ်လို့ တော်လှန်ရေး အင်အားစုတွေနဲ့ လူ့အခွင့်အရေးဆောင်ရွက်နေသူတွေက ပြောဆိုလိုက်ပါတယ်။

အောက်တိုဘာ ၉ ရက်နေ့ ည ၁၁ နာရီအချိန်ခန့်က ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO/KIA) ဌာနချုပ်လိုင်ဇာအနီး ရှိ မုန်လိုင်ခက်စစ်ရှောင်စခန်း ဗုံးကြဲတိုက်ခိုက်ခံရတာကြောင့် ကလေးသူငယ်အ ပါအဝင် အရပ်သားပြည်သူ ၃၀ ထက်မနည်း သေဆုံးပြီး ၆၀ နီးပါး ဒဏ်ရာရရှိခဲ့တာပါ။

စစ်အုပ်စုက အရပ်သား ပြည်သူတွေကို ပစ်မှတ်ထားပြီး တိုက်ခိုက်တာဟာ ကြီးမားတဲ့လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုလို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ပြောခွင့်ရ ဦးနေဘုန်းလတ်ကတော့ သံလွင် တိုင်းမ်ကို ပြောပါတယ်။

“ကျွန်တော်တို့ ရရှိထားတဲ့ သတင်းတွေအရဆို လက်နက်ကြီးတွေနဲ့လည်း ပစ်တယ်။ ဒရုန်းတွေလည်း ဝဲနေ တယ်။ အဲဒီထဲမှာမှ လေယာဉ်ကနေ ဗုံးအကြီးတစ်လုံးကို ပစ်မှတ်ဆီကီု တည့်တည့်ချသွားတဲ့ အနေအထားကို တွေ့ရပါတယ်။ အဲဒီတော့ အကြမ်းဖက်စစ်အုပ်စုက အရပ်သားပြည်သူတွေကို ပစ်မှတ်ထားပြီးတော့ တိုက်ခိုက် တာဟာ တကယ့်ကိုကြီးမားတဲ့ လူသားမျိုးနွယ်စုအပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေကို ကျူးလွန်နေတာ ဖြစ်ပါ တယ်။ အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့ ကချင်ပြည်သူ လူ ထုနဲ့အတူ အတူတကွရှိနေပြီးတော့ ဒီလိုဖြစ်ရပ် တွေအတွက် တရားမျှတမှု ပြန်လည်ရနိုင်ဖို့ အတူတကွလက်တွဲဆောင်ရွက်သွားမှာ ဖြစ်ပါတယ်ဗျ” လို့ ပြော ပါတယ်။

တစ်ဖက်မှာတော့ လာမယ့်ရက်ပိုင်းအတွင်း ကျရောက်မယ့် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘော တူ စာချုပ် (NCA) ၈ နှစ်ပြည့် အခမ်းအနားမှာ KIO ကို တက်ရောက်ဖို့ စစ်ကောင်စီက ဖိတ်ကြားပြီးနောက် အခု လိုဖြစ်စဉ်တွေ ပေါ်ပေါက်ခဲ့တာပါ။

NCA မှာ လက်မှတ်မထိုးထားတဲ့ အဖွဲ့တွေအနေနဲ့ ငြိမ်းချမ်းရေးလိုချင်တယ်ဆိုရင် အခမ်းအနား လာတက်ခြင်း ဖြင့် ငြိမ်းချမ်းရေးလမ်းကြောင်းပေါ်မှာ လျှောက်လှမ်းနိုင်ရေး လမ်းခင်းဖို့လိုတယ်လို့ ပြီးခဲ့တဲ့ စစ်ကောင်စီ အစည်းအဝေးမှာ စစ်ခေါင်းဆောင်က ပြောဆိုခဲ့တာပါ။

ပအိုဝ်းအမျိုးသားဖက်ဒရယ်ကောင်စီ (PNFC) ဥက္ကဋ္ဌ ခွန်မြင့်ထွန်းက စစ်အုပ်စုအနေနဲ့ စစ်မှန်တဲ့ ငြိမ်းချမ်းရေးကို အကောင်အထည်ဖော်တာ မဟုတ်တဲ့အတွက် အခုလိုလူထုအပေါ် တိုက်ခိုက်မှုတွေ မနားတမ်း လုပ်ဆောင်နေ တာလို့ ဝေဖန်တာပါ။

“ငြိမ်းချမ်းရေး ဖြစ်စဉ်တွေ ဆောင်ရွက်နေတဲ့ဟာတွေကတော့ လုပ်ပိုင်ခွင့်မရှိတဲ့ စစ်အုပ်စုကနေပြီးတော့ ဆောင် ရွက်နေတာ ဖြစ်ပါတယ်။ ဒါကြောင့်မို့လို့လည်း စစ်မှန်တဲ့ငြိမ်းချမ်းရေးကို အကောင်အထည်ဖော်တာ မဟုတ်တဲ့ အတွက် အခုလို တိုက်ခိုက်မှုတွေ လူထုအပေါ်မှာ ကလေးသူငယ်တွေအပါအ ဝင် တိုက်ခိုက်မှုတွေတိုင်းကို သူက (စစ်တပ်) မနားတမ်းလုပ်ဆောင်နေတာ ဖြစ်ပါတယ်” လို့ ပြောပါတယ်။

ကချင်လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့ (KHRW) က လည်း ဒီဖြစ်စဉ်နဲ့ ပတ်သက်ပြီး စစ်ကောင်စီရဲ့ မတရား အကြမ်းဖက်မှုကို ပံ့ပိုးကူညီပေးနေတဲ့ အဖွဲ့အစည်းတွေနဲ့ ပုဂ္ဂိုလ်တွေကို ထိထိရောက်ရောက် အရေးယူပေးဖို့နဲ့ စစ်ရာဇဝတ်မှုကို ကျူးလွန်နေတဲ့ စစ်ကောင်စီကို နိုင်ငံတကာခုံရုံးဆီ အမြန်ဆုံးအရေးယူပေးဖို့ တောင်းဆို ထားတာပါ။

ကချင်လူ့အခွင့်အရေးအစောင့်ကြည့်ရေးအဖွဲ့ (KHRW) တာဝန်ရှိသူက “စစ်ကောင်စီကနေ အခုလိုမျိုးလုပ်ခြင်း ကတော့ လူ့အခွင့်အရေးအနေနဲ့ ပြင်းထန်စွာ ရှုတ်ချပါတယ်။ ဒီလိုမျိုးလုပ်ခြင်းက ကချင်လူထုအတွက်ကတော့ နာကျည်းမှုလက္ခဏာဖြစ်ပါတယ်ဗျ” လို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။

စစ်ကောင်စီတပ်နဲ့ ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) တို့ဟာ ဇူလိုင်လဆန်းကစပြီး လိုင်ဇာမြို့အနီးရှိ နမ့်ဆန်ယန် ကျေးရွာမှာ တိုက်ပွဲဖြစ်ပွားရာကနေ စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုတွေ ရှိခဲ့ပြီး မြစ်ကြီးနား-ဗန်းမော် ကား လမ်းတလျှောက်မှာလည်း နှစ်ဖက်တိုက်ပွဲတွေ ပြင်းထန်နေတာပါ။

အခုလိုတိုက်ပွဲတွေ ဆက်တိုက်ပြင်းထန်နေမှုကြောင့် စစ်ရှောင်ပြည်သူတွေဟာ တရုတ်နယ်စပ်ရှိ လိုင်ဇာမြို့နဲ့ နှစ်မိုင်လောက်သာဝေးတဲ့ မုန်လိုင်ခက်စစ်ရှောင်စခန်းမှာ လာရောက်တိမ်းရှောင်စဉ် စစ်ကောင်စီတပ်ကနေ ပစ်ခတ်တိုက်ခိုက်တာလို့ ဒေသတွင်းလူ့အခွင့်အရေးအဖွဲ့တွေက ဆိုပါတယ်။

နိုင်ငံရေးလေ့လာသုံးသပ်သူ ဒေါက်တာလှကျော်ဇောကတော့ KIA ဟာ NCA စာချုပ်မှာ လက်မှတ်မရေးထိုးရ သေးတဲ့ အဖွဲ့ဖြစ်တာကြောင့် အခုလုပ်ရပ်ဟာ လက်မှတ်ထိုးဖို့ ဖိအားပေးတာနဲ့တူနေပြီး အပြောတစ်မျိုး၊ လက်တွေ့တစ်မျိုးလို့ သုံးသပ်ပါတယ်။

“NCA စာချုပ်မထိုးတဲ့သူတွေကို ကြည့်ရတာ နည်းနည်းဖိအားပေးတာနဲ့တူတယ်။ အဲဒီဟာလိုချင်လို့နဲ့ တူတယ်။ KIA က NCA မထိုးဖြစ်တာကိုး။ အဲဒါကြောင့်မို့များ ဖိအားပေးတဲ့ သဘောလားမသိဘူးဗျ။ သူ (စစ်ကောင်စီ) ပါး စပ်ကပြောတော့တစ်မျိုး၊ လက်တွေ့လုပ်တော့ တစ်မျိုးပေါ့။ အောက်ခြေတပ်တွေကလည်း တချို့တစ်ခါ တလေ သူတို့ပြောမရတာလည်း ဖြစ်နိုင်တာပေါ့။ ဒါပေမယ့်ဒီကိစ္စနဲ့ ပတ် သက်လို့ စစ်ကောင်စီနဲ့ပတ်သက်လို့ ယုံချင် စရာကိုမရှိပါဘူး” လို့ ပြောပါတယ်။

အခုဖြစ်စဉ်ကြောင့် ကချင်ပြည်နယ်မှာ စစ်ကောင်စီတပ်နဲ့ KIA ပူးပေါင်းတပ်ဖွဲ့တို့ကြား နှစ်ဖက်လက်နက်ကိုင် တိုက်ပွဲတွေ သက်သာသွားစရာမရှိဘဲ ပိုမိုပြင်းထန်လာဖို့ ရှိနိုင်တယ်လို့ ဒေါက်တာ လှကျော်ဇောက မှတ်ချက် ပြုပါတယ်။

စစ်ကောင်စီဘက်ကတော့ မုန်လိုင်ခက်စစ်ရှောင်စခန်းကို ပစ်ခတ်တိုက်ခိုက်တာမရှိဘူးလို့ ငြင်းဆိုထားပြီး ပေါက်ကွဲမှု ဖြစ်စဉ်အပေါ် စုံစမ်းနေတယ်လို့ ဗိုလ်ချုပ်ဇော်မင်းထွန်းက စစ်တပ်ဝါဒဖြန့် သတင်းတွေမှာ ဖြေကြား ထားပါတယ်။

KIO သတင်းပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူကတော့ ဒီတိုက်ခိုက်မှုဟာ စစ်ကောင်စီတပ်ကနေ လူထု အပေါ် ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်တာလို့ သတင်းဌာနတချို့ကို ဖြေဆိုထားတာပါ။

ပြီးခဲ့တဲ့နှစ် အောက်တိုဘာလတုန်းကလည်း ဖားကန့်မြို့နယ်ရှိ အနန့်ပါဒေသကို စစ်ကောင်စီတပ်ရဲ့ လေကြောင်း ကနေ ဗုံးကြဲတိုက်ခိုက်ခဲ့မှုကြောင့် KIA ဝန်ထမ်းတွေအပါအဝင် အရပ်သားပြည်သူ အယောက် ၆၀ ကျော် သေဆုံးထားရပါတယ်။

ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးရုံး OHCHR ရဲ့ အစီရင်ခံစာအရ စစ်တပ်အာဏာ သိမ်းတဲ့ နှစ် နှစ်ကျော်အတွင်း စစ်ကောင်စီတပ်ရဲ့ လေကြောင်းတိုက်ခိုက်မှု အကြိမ်တစ်ထောင်ဝန်း ကျင်ကြောင့် အနည်းဆုံး လူပေါင်း ၂၈၁ ဦး သေဆုံးခဲ့တယ်လို့ ပြီးခဲ့တဲ့ စက်တင်ဘာလအတွင်း ထုတ်ပြန်ထားပါတယ်။

October 25, 2024
မွန်ပြည်နယ် သထုံမြို့နယ်ရှိ သထုံအကျဉ်းထောင်မှာ ဖမ်းဆီးအကျဉ်းကျခံနေရတဲ့ အကျဉ်းသားတွေကို...
October 24, 2024
နယ်မြေစိုးမိုးမှု ပြန်လည်ရရှိရေးအတွက် တနင်္သာရီတိုင်းရှိ မြို့နယ်တွေမှာ တန်ပြန်စစ်ဆင်ရေးအ ဖြစ်...
October 23, 2024
ပဲခူးတိုင်း ဒိုက်ဦးမြို့နယ် ဒိုက်ဦးအကျဉ်းထောင်မှာ သောက်သုံးရေ ပြတ်လပ်မှုဖြစ်ပေါ်နေပြီး ချိုးရေ...
October 23, 2024
ခုခံတော်လှန်စစ်တွေကို တောက်လျှောက်ရင်ဆိုင်နေရတဲ့ စစ်ကောင်စီက စစ်မှုထမ်းသင်တန်းသားတွေကို...