ရှမ်းမြောက် သိန္နီနယ်တွင် တိုက်ပွဲများ ဆက်ဖြစ်၊ ပြည်သူ ၇၀၀ ကျော် စစ်ရှောင်နေရ

ရှမ်းမြောက် သိန္နီနယ်တွင် တိုက်ပွဲများ ဆက်ဖြစ်၊ ပြည်သူ ၇၀၀ ကျော် စစ်ရှောင်နေရ

ရှမ်းပြည်နယ် မြောက်ပိုင်းရှိ၊ သိန္နီ - ချင်းရွှေဟော် သွားလမ်းပေါ်က ကျေးရွာများဘက်တွင် ဖြစ်ပွားခဲ့သည့် စစ်ကောင်စီနှင့် KIA တပ်တို့အကြား တိုက်ပွဲဖြစ်များထဲ ပြည်သူထိခိုက်မှု၊ ဒေသခံနေအိမ်အချို့ ထိခိုက်မှုရှိခဲ့သည့် အပြင် ပြည်သူ ၇၀၀ နီးပါးလည်း ယနေ့အချိန်ထိ စစ်ရှောင်နေကြရသည်။

သိန္နီမြို့နယ်၊ ကွန်ကောက်ကျေးရွာတွင် စစ်ကောင်စီနှင့် ကချင်လွတ်လပ်ရေးတပ်မတော် (KIA) တို့အကြား အောက်တိုဘာလ ၄ ရက်နေ့မှ ၈ ရက်အထိ နှစ်ဖက်တပ် တိုက်ပွဲဖြစ်ပွားကြပြီး ယနေ့အချိန်ထိ စစ်ရေးတင်းမာ နေဆဲ ဖြစ်သည်။

အောက်တိုဘာလ ၉ ရက်နေ့ နံနက်ပိုင်းက စစ်ကောင်စီတပ်က ပစ်ခတ်လိုက်သည့် လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုကြောင့် ကိုယ်ဝန်ဆောင် အမျိုးသမီးတစ်ဦးလည်း ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။

“မနက် ၁၀ နာရီလော စစ်တပ်က ပစ်လိုက်တာပါ။ ကွန်ကောက်အုပ်စုထဲက ကောင်းချိုရွာမှာ လက်နက်ကြီး ကျတာဟုတ်တယ်။ အဲ့မှာ ကိုယ်ဝန်သည် မိခင် ကျည်စထိသွားတယ်လေ။ အခုက ရွာခံတွေက ထွက်ပြေးနေကြ ပြီလေ။ လက်နက်ကြီး ပစ်တာကလည်း ဟို ဝမ်ပန်ဘက်ကနေ ပစ်တာ။ အခုက နားကုန်း၊ ကောင်းချို၊ ကွန် ကောက် အဲ့က လူတွေအားလုံးထွက်ပြေးရတာပေါ့” ဟု ဒေသခံ တစ်ဦးက ပြောသည်။

တိုက်ပွဲအတွင်း ကွန်ကောက်ကျေးရွာထဲက နေအိမ်အချို့နှင့် ဘုန်းကြီးကျောင်း ထိခိုက်ပျက်စီးခဲ့သည်ဟု ရွာသား များက ပြောသည်။

အမည်မဖော်လိုသူ ဒေသခံတစ်ဦးက “တိုက်ပွဲတွေ ဖြစ်ပွားတဲ့နေရာက ကွန်ကောက်ရွာ၊ ပိန်းဟုန်းရွာနဲ့ နောင် မောင်းရွာ အဲ့ရွာတွေဘက်မှာ အဓိက ဖြစ်ပွားကြတယ်။ KIA တပ်က အဲ့ရွာတွေမှာ နေရာယူပြီး စစ်ကောင်စီ တပ် ဘက်က ပန်နား ဟိုနောင်ရွာဘက်မှာ လက်နက်ကြီးတွေ လမ်းထုလာတယ်” ဟု ပြောသည်။

တိုက်ပွဲအတွင်း စစ်ကောင်စီတပ်နှင့် KIA တပ်တို့အကြား အပြန်အလှန် ပစ်ခတ်ခဲ့ကြရာ ကျေးရွာအတွင်းရှိ ပြည် သူများမှာ လုံခြုံမှုမရှိတော့သည့်အတွက် ဘေးလွှတ်နိုင်မည့် တောင်ယာများနှင့် ဟိုမိန်းကျေးရွာ ဘုန်းကြီး ကျောင်းတွင် လူဦးရေ (၇၀၀) နီးပါး ထွက်ပြေးတိမ်းရှောင်ကြရခြင်း ဖြစ်သည်။

ကချင်တပ်မတော် (KIA) တပ်က ကျေးရွာအတွင်း လူအင်းအားဖြန့်ချထားပြီး ကားသမာများထံ ငွေကြေးတောင်း ခံမှုများ ရှိနေသည်ဟု ရွားအချို့ကဆိုသော်လည်း မြေပြင်ရှိ KIA တာဝန်ရှိသူများကို ဆက်သွယ်ခဲ့ရာ ဆက်သွယ်၍ မရခဲ့ပေ။

“အဲ့ရွာတွေက လမ်းမကြီးဘေးတွေမှာပဲ ရှိတယ်။ KIA က အဲ့ရွာထဲနေပြီး ဆက်ကြေးကောက်နေတာ တိုက်ပွဲ ဖြစ်ပွားတာ အဲ့ဒါကြောင့် ဖြစ်တယ်။ ကျနော်တို့ လူပြီးတွေက သူတို့ကို သွားပြီးတောင်းပန်တောင် သူတို့က နေ ရာ မရွှေ့ပြောင်းပေးဘူး။ အဲ့မှာပဲ ရှိနေတယ်” ဟု ပြောသည်။

ယခုလက်ရှိရာသီမှာ စိုက်ထားသည့် ပြောင်းဖူးများ ချိုးရမည့် အချိန်ဖြစ်သောကြောင့် ဒေသခံများက ၎င်းတို့ စိုက်ပျိုးထားသည့် ပြောင်းဖူးများ အချိန်မှီ မချိုးရဘဲ ပျက်စီးသွားမည်ကို စိုးရိမ်နေကြသည်။

ထို့ကြောင့် ဒေသခံများက ၎င်းတို့၏ ကျေးရွာများအတွင်းနှင့် ကျေးရွာပတ်ပတ်လည် အနီးတဝိုက်မှ ကချင် လွတ်လပ်ရေးတပ်မတော် KIA အဖွဲ့ဝင်များ အပြင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ၊ အခြားသော လက်နက်ကိုင်များ မနေကြရန်နှင့် ထွက်သွားပေးရန် တောင်းဆိုနေကြသည်။

ကွန်ကောက်ကျေးရွာဘက်တွင် ယခုကဲ့သို့ တိုက်ပွဲဖြစ်ပွားခြင်း၊ ရွာသားများ ထွက်ပြေးရခြင်း၊ နေအိမ်များ ထိခိုက်ပျက်စီးခြင်းမှာ ယခုအကြိမ်သည် ပထမဆုံးအကြိမ်ဖြစ်သည်ဟု ရွာခံပြည်သူများက ဆိုသည်။

Most read this week

October 25, 2024
စစ်ကောင်စီက ကရင်နီပြည်နယ်အတွင်းရှိ မြို့ပေါ်ရပ်ကွက်အချို့၌ သန်းခေါင်စာရင်း ကောက်ယူမှုများ...
October 24, 2024
ရှမ်းပြည်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့တွင် စစ်ပွဲအတွင်း...
October 23, 2024
စစ်ကောင်စီတပ်က ၎င်းတို့ လက်လွှတ်ဆုံးရှုံးထားရသည့် ရှမ်းမြောက်ဒေသထဲက လားရှိုးမြို့အပါအဝင်...
October 22, 2024
ကရင်နီပြည် ဒီးမော့ဆိုမြို့နယ်အတွင်း ဆန် ဈေးနှုန်း မြင့်တက်လာမှုကြောင့် စစ်ဘေးရှောင်များ သာမက...