ကလေးမြို့ စက္ကန့်ကျေးရွာက မြေးအဖွားနှစ်ဦးကို စစ်တပ်က သတ်ဖြတ်ပြီး နေအိမ်နှင့်အတူ မီးရှို့

ကလေးမြို့ စက္ကန့်ကျေးရွာက မြေးအဖွားနှစ်ဦးကို စစ်တပ်က သတ်ဖြတ်ပြီး နေအိမ်နှင့်အတူ မီးရှို့

စစ်ကိုင်းတိုင်း၊ ကလေးမြို့ အနောက်တောင်ဘက် စက္ကန့်ကျေးရွာက မြေးအဖွားနှစ်ဦးကို စစ်ကောင်စီတပ်ဖွဲ့က သတ်ဖြတ်ပြီး နေအိမ်နှင့်အတူ မီးရှို့ခဲ့သည်။

စစ်ကောင်စီတပ်ဖွဲ့သည် အောက်တိုဘာလ ၇ ရက်နေ့၊ နံနက်ပိုင်းတွင် စက္ကန့်ကျေးရွာထဲသို့ ၀င်ရောက်ကာ လူနေအိမ်များကို မီးရှို့ဖျက်ဆီးနေချိန် ရွာထဲမှ ထွက်ပြေးရန်ပြင်ဆင်နေသော မြေးအဖွားနှစ်ဦးကို ဖမ်းဆီး၍ သတ် ဖြတ်သွားခဲ့ခြင်းဖြစ်သည်ဟု ဒေသခံများနှင့်နီးစပ်သော သတင်းအရင်းအမြစ်များက ပြောသည်။

သေဆုံးသွားသော မြေးအဖွား ၂ ဦးမှာ အသက် ၆၅ နှစ်အရွယ်ဒေါ်  Neih Hnem နှင့် အသက် ၁၄ နှစ်အရွယ် Van Bawi Lian တို့ဖြစ်သည်။ စစ်ကောင်စီတပ်ဖွဲ့သည် မြေးအဖွားနှစ်ဦးကို သတ်ဖြတ်ပြီးနောက် နေအိမ် နှင့်အတူ မီးရှို့ခဲ့ကြသည်။

မသန်စွမ်း အမျိုးသားတစ်ဦးလည်း ရွာထဲတွင် ကျန်ရစ်ပြီး ယခုအချိန်ထိ ရှာမတွေ့ကြသေးဘဲ သေသလား ရှင်သလား မသိရကြောင်း အထက်ချင်းတွင်း ဒေသအဖွဲ့ (CNO Upper Chindwin Region – UCR - CNO UCR) က ထုတ်ပြန်သည်။

ချင်းတောင်ခြေတွင်တည်ရှိသော စက္ကန့်ကျေးရွာသည် အိမ်ခြေ ၆၀၀ ခန့်ရှိပြီး ချင်းလူမျိုးများနေထိုင်သည့် ကျေးရွာဖြစ်သည်။

စစ်ကောင်စီတပ်ဖွဲ့က အောက်တိုဘာ ၇ ရက်မနက်ပိုင်းကတည်းက ကျေးရွာအတွင်းရှိနေအိမ်းများ စတင်မီးရှို့ခဲ့ ပြီး လူနေအိမ်ခြေ ၁၀၀ နီးပါးခန့်ပျက်စီးမည်ဟုခန့်မှန်းကြသည်။

ယခုနှစ် ဇန်န၀ါရီလ ၅ ရက်နေ့ တုန်းကလည်း စက္ကန့်ကျေးရွာက နေအိမ် ၈၀ ကျော်ကို စစ်ကောင်စီက မီးရှို့ ဖျက်ဆီးခဲ့ပြီးဖြစ်သည်။

ပုံစာ- သတ်ဖြတ်မီးရှို့ခံရသော မြေးအဖွားနှင့် စက္ကန့်ကျေးရွာ (Photo Crd)

October 25, 2024
အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်တွင် ဩဇာတိက္ကမအကြီးဆုံးသော အရပ်ဖက်အဖွဲ့အစည်းဖြစ်သည့် မီဇိုးလူ...
October 24, 2024
ချင်းပြည်နယ်၊ မတူပီမြို့နယ်ထဲက ချင်းကာကွယ်ရေးတပ်ဖွဲ့ဖြစ်သည့် CDF - မတူပီ၏ တပ်မဟာ - ၁ နှင့်...
October 24, 2024
ချင်းပြည်နယ်၊ မတူပီမြို့နယ်ထဲက ချင်းကာကွယ်ရေးတပ်ဖွဲ့ဖြစ်သည့် CDF - မတူပီ၏ တပ်မဟာ - ၁ နှင့်...
October 23, 2024
ချင်းပြည်မရာနယ်မြေအတွင်း လုပ်ငန်းစီမံကိန်းအကောင်အထည်ဖော်မည့် NGO/INGO များအနေဖြင့်...