သိန္နီမြို့နယ် လက်နက်ကိုင်တပ်များ အင်အားထပ်ဖြည့် ၊ ဒေသခံ တချို့က စစ်ရှောင်နေရ

သိန္နီမြို့နယ် လက်နက်ကိုင်တပ်များ အင်အားထပ်ဖြည့် ၊ ဒေသခံ တချို့က စစ်ရှောင်နေရ

သျှမ်းပြည် လားရှိုးခရိုင်၊ သိန္နီမြို့နယ် ကွန်ကောက်ကျေးရွာအုပ်စု နှင့် စယ်အူကျေးရွာအုပ်စု အတွင်း လက်နက် ကိုင်တပ်ဖွဲ့များ စစ်အင်အားဖြည့်တင်းသဖြင့် တိုက်ပွဲဖြစ်မည်ကို စိုးရိမ်သောကြောင့် ဒေသခံ အချို့ စစ်ရှောင်နေ ကြရသည်။

အောက်တိုဘာလ ၆ ရက်နေ့တွင် သိန္နီမြို့နယ် ကွန်ကောက်ကျေးရွာအုပ်စုအတွင်း ကချင်လွတ်လပ်ရေး တပ်မ တော် (KIA) က အင်အားဖြည့်တင်းနေပြီး၊ စယ်အူကျေးရွာအုပ်စုတွင်လည်း စစ်ကောင်စီတပ်က အင်အားဖြည့် တင်းရောက်ရှိနေကြောင်း ဒေသခံများက ပြောသည်။

ယင်းကဲ့သို့ ကျေးရွာအနီး လက်နက်ကိုင် တပ်ဖွဲ့များ စစ်အင်အားဖြည့် စခန်းချ နေထိုင်မှုကြောင့် ဒေသခံ အချို့က ကြိုတင် စစ်ရှောင်နေရကြောင်း အသက် (၃၀) ဝန်းကျင် အမျိုးသား တစ်ဦးက သျှမ်းသံတော်ဆင့်ကိုပြောသည်။

“စစ်တပ်တွေက ရွာရဲ့ အနီးပတ်ဝန်းကျင်မှာ ရှိနေလို့ ကြောက်ရတာပေါ့၊ အဲ့ကြောင့် ဒေသခံ ၃၀၀ နီးပါး လောက် က ကြိုတင်စစ်ရှောင်နေရတယ်၊ ဖိုင်ခမ်းဘုန်းကြီးကျောင်းမှာ ၁၀၀ လောက်ရှိတယ်၊ တချို့က မြို့ပေါ် အမျိုး တွေ ဆီကို ရှောင်သွားကြတယ်” ဟု အသက် (၃၀) ဝန်းကျင် အမျိုးသားက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ကြိုတင် စစ်ရှောင်နေရသည့် ဒေသခံများသည် တန့်ခန်ကျေးရွာ၊ နောင်မွမ်းကျေးရွာ၊ ကွန်ကောက်ကျေးရွာ နှင့် ပိန်းဟုန်းကျေးရွာတို့မှ ဖြစ်ကြသည်။

လက်ရှိတွင် ကွန်ကောက်ကျေးရွာအတွင်း စခန်းချနေသည့် KIA တပ်သည် အင်အား ၄၀၀ နီးပါး ရှိနေပြီး စယ်အူ ကျေးရွာအတွင်းရှိ စစ်ကောင်စီတပ်သည် အင်အား ၂၀၀ ထက်မနည်း ရှိနိုင်ကြောင်း ဒေသခံများက ပြောသည်။

KIA တပ်စခန်းရှိရာ ကွန်ကောက်ရွာသည် စစ်ကောင်စီ စခန်းချရှိနေသည့် စယ်အူရွာ နှင့် နမ့်စလပ်ရွာကြား ရှိနေ သည့်အတွက် တိုက်ပွဲပြင်းထန်မှာကို စိုးရိမ်သည့်အကြောင်း အိုက်စိုင်း (နာမည်လွှဲ) က သျှမ်းသံတော်ဆင့်ကို ပြောသည်။

“နမ့်စလပ်မှာ စစ်ကောင်စီ တပ်စခန်းရှိတယ်၊ အဲ့စခန်းကနေ လက်နက်ကြီးနဲ့ ပစ်လေ့ရှိလို့ တကယ်လို့ တိုက်ပွဲ ဖြစ်ရင် အဲ့တပ်ကနေ လက်နက်ကြီးနဲ့ ရမ်းပစ်ကြမှာ စိုးရိမ်ကြတာ၊ KIA တပ်ကတော့ တကယ်လို့ စကစ ရွာနား ရောက်လာရင် သူတို့ဆုတ်ပေးမယ်၊ ရွာနားတိုက်ပွဲ မဖြစ်စေရဘူးလို့ ဒေသခံတွေကို ပြောထားတယ်” ဟု အသက် (၃၀) ဝန်းကျင် ဒေသခံ အမျိုးသားက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ထို့အပြင် အောက်တိုဘာလ ၅ ရက်နေ့ မွန်းလွဲပိုင်း ၁ နာရီ ဝန်းကျင်တွင်လည်း သိန္နီမြို့နယ် ကွန်ကောက်ကျေးရွာ အုပ်စုရှိ နမ့်တူချောင်းဘေး နယ်ကျွံရောက်လာသည့် စစ်ကောင်စီ စစ်ကြောင်း နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ၊ ရှမ်းပြည်တပ်မတော် (SSPP/SSA) တို့ တိုက်ပွဲဖြစ်ရာ စစ်ကောင်စီက ဆုတ်ခွာခဲ့ရသည်။

လက်ရှိအချိန်သည် KIA တပ်ဖွဲ့မှ ကွန်ကောက်ကျေးရွာ ဘုန်းကြီးကျောင်းဝင်းနား စခန်းချကာ ကွန်လုံဘက် သွား လာသည့် ကုန်တင်ကားများထံမှ ဆက်ကြေးကောက်တောင်းခံ နေကြောင်း ဒေသခံခရီးသွားပြည်သူအချို့က ပြောသည်။

October 25, 2024
ထိုင်း-မြန်မာနယ်စပ်ဖြစ်သည့် တာချီလိတ်မြို့ နှင့်ကျိုင်းတုံမြို့ ရှိ ဂိုဒေါင် တချို့ကို...
October 25, 2024
သျှမ်းပြည် သီပေါမြို့ပေါ် ရပ်ကွက်များတွင် လုံခြုံရေးကင်းမဲ့ကာ သူခိုးရန်ကြောင့် ပြည်သူနေအိမ်များ...
October 24, 2024
သျှမ်း-မန္တလေးနယ်စပ် ပြင်ဦးလွင်မြို့ရှိ တပ်မိသားစုဝင်များကို စစ်ကောင်စီက...
October 23, 2024
မြန်မာ-တရုတ်နယ်စပ် မူဆယ်မြို့ရှိ နယ်စပ်ဂိတ်များတွင် ပို့ကုန်သွင်းကုန် ပစ္စည်းအဝင်အထွက် စစ်ဆေးရေး...