ပြည်သူ့စစ်တွေကို စစ်အုပ်စုတွင်တွင်ကျယ်ကျယ် အသုံးပြုလာ

ပြည်သူ့စစ်တွေကို စစ်အုပ်စုတွင်တွင်ကျယ်ကျယ် အသုံးပြုလာ

နိုင်ငံအနှံ့နီးပါး စစ်မျက်နှာဖွင့်ထားရတဲ့ စစ်တပ်ဟာ ပြည်သူ့စစ်အဖွဲ့တွေကို ရှေ့တန်းတိုက်ပွဲတွေအပြင် မြို့ပေါ် လုံခြုံရေးတွေမှာပါ တွင်တွင်ကျယ်ကျယ် အသုံးပြုလာတယ်လို့ စစ်ရေးစောင့်ကြည့်လေ့လာသူတွေက သံလွင် တိုင်းမ် ကို ပြောပါတယ်။

မြေပြင်တိုက်ပွဲတွေမှာ တပ်အင်အားပြုန်းတီးမှုနဲ့အတူ စိတ်ဓါတ်ရေးရာပါ ကျဆင်းနေတဲ့ စစ်တပ်ဟာ တပ်အင် အား လိုအပ်ချက်အတွက် ဌာနေပြည်သူ့စစ်တွေနဲ့ ရပ်ကွက်ကျေးရွာတွေမှာ ဖွဲ့စည်းထားတဲ့ ပြည်သူ့စစ်အဖွဲ့တွေ ကို အားကိုးလာရတာ ဖြစ်ပါတယ်။

စစ်တပ်ဟာ တိုင်းရင်းသားဒေသရှိ ဌာနေပြည်သူ့စစ်အဖွဲ့တွေကို ရှေ့တန်းတိုက်ပွဲတွေမှာ အများဆုံးအသုံးပြုလာ သလို မြို့ပေါ်တွေမှာတော့ တပ်တွင်း၊ တပ်ပြင်နဲ့ ဌာနဆိုင်ရာရုံးတွေအပြင် မြို့ပေါ်လုံခြုံရေးတွေမှာပါ အဓိက အသုံးပြုနေတာပါ။

ပြည်သူ့စစ်အဖွဲ့တွေဟာ တိုက်ပွဲ အတွေ့အကြုံမရှိတဲ့အတွက် အသုံးဝင်မှာမဟုတ်ပေမယ့် ရန်သူအခြေအနေကို အထင်မသေးကြဖို့ လိုအပ်နေတယ်လို့ သျှမ်းပြည်မြောက်ပိုင်း မဟာမိတ်တပ်ရင်း NSSAA အဖွဲ့ တာဝန်ခံ ကိုပိုင် က ပြောပါတယ်။

“သူတို့ရဲ့ ပြည်သူ့စစ် သဘောတရားအရ စစ်ရေးကွပ်ကဲမှုတွေနဲ့ တခြားကိစ္စတွေမှာ ဒီလောက်ကြီးအထိ အသုံးချ လို့ရမယ့်လူတွေတော့ မဟုတ်ဘူးပေါ့ဗျာ။ ဒါပေမယ့် ရန်သူတစ်ဘက်သားကိုလည်း အထင်သေးလို့ မရဘူး ဆို ပေမယ့်လည်း သူတို့ဘက်မှာက တိုက်ရည်ခိုက်ရည်နဲ့ စိတ်ဓာတ်ပိုင်းဆိုင်ရာမှာတော့ မဖြစ်လောက်ဘူးလို့ ကျွန်တော်တို့ ယူဆပါတယ်” လို့ ဆိုပါတယ်။

တဖက်မှာတော့ အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ ပြည်သူ့စစ်ခေါင်းဆောင် တွေနဲ့ ကိုယ်တိုင်တွေ့ဆုံပြီး စည်းရုံးရေးဆင်းတာတွေ ပေါ်ပေါ်ထင်ထင် လုပ်ဆောင်လာပါတယ်။

အဲဒီထဲမှာ ပြီးခဲ့တဲ့ စက်တင်ဘာ ၁၀ ရက်နေ့ကလည်း ရှမ်းပြည်နယ်ရှိ ဌာနေပြည်သူ့စစ်တပ်ဖွဲ့ ခြောက်ဖွဲ့ရဲ့ ခေါင်းဆောင်တွေနဲ့ သူကိုယ်တိုင်တွေ့ဆုံခဲ့ပြီး နိုင်ငံတော် အရံအင်အားဖြစ်တဲ့ ပြည်သူ့စစ်တွေအနေနဲ့ လက်နက်ကိုင် ပဋိပက္ခတွေ ချုပ်ငြိမ်းစေရေး ဝိုင်းဝန်းဆောင်ရွက်ပေးကြဖို့ အကူအညီတောင်း ခံခဲ့တာပါ။

လက်ရှိမှာလည်း စစ်ကောင်စီဟာ ရှမ်းပြည်နယ်မြောက်ပိုင်းက တအာင်းအမျိုးသား လွတ်မြောက်ရေး တပ်မ တော် TNLA နဲ့ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေအတွင်း လုံထန်ပြည်သူ့စစ်၊ နမ့်ခမ်းမြို့မပြည်သူ့စစ် အပါအဝင် တခြား ပြည်သူ့စစ်အဖွဲ့တချို့ အသုံးပြုလာတယ်လို့ တော်လှန်ရေးအင်အားစုတွေဘက်က ဆိုထားပါတယ်။

ဒါ့အပြင် ကယား (ကရင်နီ) ပြည်နယ်ထဲက တိုက်ပွဲတွေမှာလည်း ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO) ပြည်သူ့ စစ် တွေက စစ်ကောင်စီဘက်က ဝင်တိုက်ပေးနေပြီး ဒီသတင်းအပေါ်  PNO တာဝန်ရှိသူတွေကို သံလွင်တိုင်းမ်က မေးမြန်းစဉ် ငြင်းဆိုထားတာပါ။

ပအိုဝ်းအမျိုးသားဖက်ဒရယ်ကောင်စီ PNFC ဥက္ကဌ ခွန်မြင့်ထွန်းက “ကိုယ့်လူမျိုးတွေကြားမှာ သတ်ကြဖြတ်ကြ တော့မယ့် ပုံစံတွေရောက် လာတာဖြစ်တယ်။ စစ်တပ်ကခိုင်းတဲ့ ပြည်သူ့စစ်တွေကြောင့် ပအိုဝ်းအမျိုးသား အချင်းချင်းကြားမှာရော၊ နောက်တစ်ခုက ဒီတိုင်းရင်းသားတွေပေါ့နော်။ လူမျိုးတစ်မျိုးထဲမဟုတ်သော်လည်း တိုင်းရင်းသားအချင်းချင်းကြားမှာ ဒါတွေဟာ စိတ်မကောင်းစရာတွေ ဖြစ်လာပါတယ်။ စစ်ကောင်စီဘက်ကနေ ပေါင်းတိုက်တာတို့ ပူးပေါင်းလုပ်တာတို့ဆိုရင်တော့ ဒါဟာပြည်သူ့ရဲ့ရန်သူလို့ သတ်မှတ်ခံ ရမှာဖြစ်ပါတယ်” လို့ ပြောပါတယ်။

ပအိုဝ်းလူငယ် အဖွဲ့အစည်းတွေကတော့ ပအိုဝ်းပြည်သူ့စစ် ခေါင်းဆောင်တွေနဲ့ စစ်ကောင်စီဟာ အကျိုးစီးပွား ပတ်သက်မှုတွေရှိတာကြောင့် စစ်ကောင်စီသဘောအတိုင်း ဆက်လုပ်နေမှာလို့ သုံးသပ်ကြပါတယ်။

တဖက်မှာ စစ်ကောင်စီဟာ နိုင်ငံတဝန်းရှိ ရပ်ကွက်၊ ကျေးရွာအလိုက် ပြည်သူ့စစ်တွေ ထပ်မံဖွဲ့စည်းသွားဖို့ ပြင ်ဆင်ထားသလို ဖွဲ့စည်းပြီးသာ ပြည်သူ့စစ်တွေကိုတော့ လက်နက်တပ်ဆင်ပေးပြီး နယ်မြေလုံခြုံရေးလုပ်ငန်းစဉ် တွေမှာ အသုံးပြုနေတာ ဖြစ်ပါတယ်။

ထူးခြားမှုအနေနဲ့ ရန်ကုန်တိုင်းဒေသကြီးရှိ တောင်ဒဂုံ၊ အရှေ့ဒဂုံနဲ့ ဒဂုံဆိပ်ကမ်းမြို့နယ်တို့မှာ အခုလအတွင်း ပြည် သူ့စစ်အဖွဲ့လို အဖွဲ့တွေ ဖွဲ့စည်းထားပြီး လုံခြုံရေးကင်းလှည့်တဲ့နေရာတွေမှာ အသုံးပြုလာတယ်လို့ ရန်ကုန်မြို့ခံ တစ်ဦးက ပြောပါတယ်။

“ပြည်သူ့စစ်လို့တော့ နာမည်မတပ်ထားဘူး။ ဒါပေမယ့် သိန်းငှက်အဖွဲ့လို့တော့ သူတို့အင်္ကျီတွေထုတ် ပေးထား တယ်။ ပြောက်ကျားဝတ်စုံတွေဘာတွေ ထုတ်ပေးထားတယ်။ သူတို့မွေးထားတဲ့ လူတွေရှိတယ်ပေါ့နော်။ များ သောအားဖြင့်တော့ ရပ်ကွက်ထဲက လူမိုက်တွေလည်းပါတယ်။ သေနတ်တွေဘာတွေ ပေး၊ မပေးတော့ မသိဘူး ပေါ့နော်။ ဒါပေမယ့် ဓားတွေ၊ လက်နက်တွေကိုင်ပြီးတော့ တရားဝင်ကင်းလှည့်နေတာတွေရှိတယ်။ သူတို့ (စစ်ကောင်စီတပ်) ကင်းလှည့်ရင် အဲဒီသိန်းငှက်အဖွဲ့တွေကို ခေါ်သွားလေ့ရှိတယ်” လို့ ပြောတယ်။

စစ်ကောင်စီအနေနဲ့ တပ်အင်အားလျော့နည်းမှုကို အစားထိုးနိုင်ဖို့ ရှိပြီးသား ပြည်သူ့စစ်အဖွဲ့တွေကို စည်းရုံးတာ အပြင် ပြည်သူ့စစ်အသစ်တွေကိုသင်တန်းပေးတာတွေပါ တပြိုင်တည်းလုပ်ဆောင်နေတာပါ။

မြန်မာနိုင်ငံအလယ်ပိုင်းမှာဆိုရင်လည်း ပျူစောထီးသင်တန်းတွေ ဆက်တိုက်ပေးနေပြီး ပြည်သူ့စစ်သဖွယ် အသုံး ချနေတယ်လို့ စစ်ကိုင်းတိုင်းဒေသကြီးရှိ တော်လှန်ရေးအင်အားစုတွေက ဆိုကြပါတယ်။

လွတ်လပ်တဲ့ အစီရင်ခံစာတစ်ခုရဲ့ အဆိုအရ နိုင်ငံတွင်းမှာ ပြည်သူ့စစ်အုပ်စုပေါင်း ၅၀၀၀ ကျော်ရှိပြီး ၂၀၀၈ ခုနှစ် နောက်ပိုင်း စစ်အစိုးရဟာ ကျေးရွာပေါင်း တစ်သောင်းကျော်မှာ ပြည်သူ့စစ်အဖွဲ့တွေ ဖွဲ့ဖို့ ကြိုးပမ်းခဲ့တယ်လို့ ဆိုထားပါတယ်။

ပြည်သူ့စစ်အဖွဲ့တွေဟာ လွတ်လပ်ရေးရပြီးနောက် ပြည်တွင်းလက်နက်ကိုင် သောင်းကျန်းမှုတွေကို ထိန်းချုပ်ဖို့ အတွက် စစ်တပ်ကနေ ကျေးရွာကာကွယ်ရေးတပ်အသွင်အပြင် လမ်းပြနဲ့သတင်းပေးအဖြစ် ဆောင်ရွက်ဖို့ စစ်အစိုးရ အဆက်ဆက် ဖွဲ့စည်းလာခဲ့တာပါ။

နိုင်ငံရေး လေ့လာသုံးသပ်သူတွေကတော့ အရံအင်အားဖြစ်တဲ့ ပြည်သူ့စစ်တွေကို တွင်တွင်ကျယ်ကျယ် အသုံးပြု လာတာဟာ တပ်တွင်းတော်တော့်ကို အခြေအနေကျဆင်းလာတာဖြစ်နိုင်တယ်လို့ သုံးသပ်ထားပါတယ်။

October 25, 2024
မွန်ပြည်နယ် သထုံမြို့နယ်ရှိ သထုံအကျဉ်းထောင်မှာ ဖမ်းဆီးအကျဉ်းကျခံနေရတဲ့ အကျဉ်းသားတွေကို...
October 24, 2024
နယ်မြေစိုးမိုးမှု ပြန်လည်ရရှိရေးအတွက် တနင်္သာရီတိုင်းရှိ မြို့နယ်တွေမှာ တန်ပြန်စစ်ဆင်ရေးအ ဖြစ်...
October 23, 2024
ပဲခူးတိုင်း ဒိုက်ဦးမြို့နယ် ဒိုက်ဦးအကျဉ်းထောင်မှာ သောက်သုံးရေ ပြတ်လပ်မှုဖြစ်ပေါ်နေပြီး ချိုးရေ...
October 23, 2024
ခုခံတော်လှန်စစ်တွေကို တောက်လျှောက်ရင်ဆိုင်နေရတဲ့ စစ်ကောင်စီက စစ်မှုထမ်းသင်တန်းသားတွေကို...