ရပ်စောက် စစ်ကောင်စီ တပ်ဖွဲ့ တိုက်ခိုက်ခံရ၊ သုံးဦး သေဆုံး

ရပ်စောက် စစ်ကောင်စီ တပ်ဖွဲ့ တိုက်ခိုက်ခံရ၊ သုံးဦး သေဆုံး

ရှမ်းပြည်နယ် တောင်ပိုင်း၊ ရပ်စောက်မြို့နယ်၊ အလည်ချောင်ကျေးရွာ အနီးရှိ ဘုရားကိုးဆူကုန်းတွင် တပ်စွဲ ထားသော စစ်ကောင်စီတပ် တိုက်ခိုက်ခံရပြီး ၃ ဦး သေဆုံးသွားသည်ဟု ကျေးရွာနေ ပြည်သူများက ပြောသည်။

ရပ်စောက်မြိုနှင့် ၁၀ မိုင်ခန့် အကွာရှိနေရာတွင် အင်အား ၅၀ ခန့်ဖြင့် တပ်စွဲထားသော စစ်ကောင်စီ လက် အောက်ခံ တပ်မ ၅၅၊ တပ်မ ၉၉ တပ်တို့ကို ဓနုပြည်သူ့ လွတ်မြောက်ရေးတပ်ဦး (DPLF) က ဝင်ရောက် တိုက် ခိုက်ခဲ့ခြင်း ဖြစ်သည်။

မြေပြင်က အခြေအနေနှင့် ပတ်သက်၍ DPLF ပြန်ကြားရေး တာဝန်ခံက ကိုထွန်းထွန်းနိုင်က “မြင်တာကတော့ ရဲဘော်တွေ မြင်တာပေါ့။ အတည်ပြုပေးတာတော့ ရွာသားတွေ အတည်ပြုပေးတာ။ ဒါပေမယ့် ဘယ်ရွာလို့ တော့ မပြောဘဲ ကျနော်တို့က တမင်ကို ချန်ထားတာ။ အလယ်ချောင်ကျေးရွာဘက်က အန္တရာယ်ရှိမှာ စိုးလို့ လေ” ဟု ပြောသည်။

အဆိုပါ တိုက်ခိုက်မှုကို စက်တင်ဘာလ ၂၃ ရက်နေ့၊ နံနက် ၈ နာရီခွဲ အချိန်ခန့်တွင် တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်ဟု ဓနုပြည်သူ့ လွတ်မြောက်ရေးတပ်ဦး DPLF ပြန်ကြားရေး တာဝန်ခံက ကိုထွန်းထွန်းနိုင်က ပြောသည်။

ထို့နောက် နှစ်ဖက်ကြား အပြန်အလှန်ပစ်ခတ်မှု ၁၅ မိနစ်ခန့် ကြာမြင့်ခဲ့ပြီး စစ်ကောင်စီဘက်က သေဆုံးမှုအပြင် ပြင်းထန်ဒဏ်ရသူ အများအပြား ရှိခဲ့သည်ဟု ဆိုသည်။ သို့သော် DPLF တပ်ဖွဲ့ဝင်မှာမူ အထိအခိုက် အကျအဆုံး မရှိ ပြန်လည် ဆုတ်ခွါနိုင်ခဲ့သည်ဟု ကိုထွန်းထွန်းနိုင်က ပြောသည်။

စစ်ကောင်စီတပ်သည် ယခင်က အလယ်ချောင်ကျေးရွာရှိ ပြည်သူများကို ပေါ်တာဆွဲခြင်း၊ ခြိမ်းခြောက်ကာ ၎င်းတို့ အတွက် ကားမောင်းခိုင်းခြင်းမျိုးတို့ကို အတင်းအဓမ္မစေခိုင်းသည့် လုပ်ရပ်များ ကျူးလွန်နေခြင်းကြောင့် ပြည်သူများ ထိခိုက်မှာကို စိုးရိမ်ပြီး ယခုစစ်ဆင်ရေးအတွက် နှစ်ရှည်လများကြာ စောင့်ကြည့်ခဲ့ရသည်ဟု DPLF  တာဝန်ရှိသူ က ဆက်ပြောသည်။

“ကျနော်တို့ မစ်ရှင် နည်းနည်းများမှပဲ ပူးပေါင်း ပါဝင်တဲ့ရွာ အခုခါကျတော့ အဲမှာရှိတဲ့ရွာ များများစားစား လည်း မရှိတာရော၊ အခု သူတို့တွေက တအားကြောက်ပြီးတော့မှ တစ်ရွာလုံး ငြိမ်နေကြတာလေ။ လမ်းသွား လမ်းလာတောင် မရှိတော့လောက်အောင် ဖြစ်နေတဲ့အခါကျတော့ ပြာည်သူ ဆိုပေမယ့်လည်း အဲပတ်ဝန်းကျင် က ပြည်သူတွေ ထိခိုက်မှာစိုးလို့လေ။ အမှန်တော့ အဲဒီရွာက ပြည်သူတွေ ကူတာ မရှိဘူးပေါ့။ အကူအညီလည်း မတောင်း ဘူးပေါ့။ တခြားဘေးရွာက မလှမ်းမကမ်းရွာတွေ အနီးကပ်ဆုံး ရွာတွေကို ကျနော်တို့က အကူအညီ မတောင်းဘူးပေါ့။ တခြားရွာတွေ အကူအညီတောင်းရတာ ပိုအဆင်ပြေတယ်ပေါ့။ ကူညီကြတယ်။ အဲဒါတော့ ရှိတယ်။ တကယ်တမ်း ပြောရရင်တော့ အဲဒီရွာတွေ သွားထိခိုက်မှာစိုးလို့ သတင်းချန်လိုက်တာ။”

စက်တင်ဘာလ ၂၃ ရက်နေ့က ဖြစ်ခဲ့သည့် ထိတွေ့တိုက်ပွဲပြီးနောက် ရပ်စောက်-ကောင်းဘို့-ပင်းတယ လမ်းမ ကြီး တစ်လျှောက်တွင် စစ်ကောင်စီတပ်ဖွဲ့များက အစစ်အဆေး တင်းကြပ်ထားပြီး ညနေ ၆ နာရီမှ နံနက် ၆ နာရီ အတွင်း ဖြတ်သန်းသွားလာခွင့်ကိုပါ ပိတ်ထားသည်ဟု ဒေသခံများနှင့် လမ်းသွားလမ်းလာ ပြည်သူများက ပြောသည်။

ထို့အပြင် DPLF က စည်းရုံးရေးဆင်းခဲ့သည့် ရပ်စောက်မြို့နယ်၊ ကောင်းဘို့ကျေးရွာတွင်လည်း စစ်ကောင်စီတပ် က စက်တင်ဘာလ ၁၈ ရက်နေ့ကစပြီး လျှပ်စစ်မီး ဖြတ်တောက်ထားသည်ဟု ဒေသခံများက ပြောသည်။

October 26, 2024
၂၀၂၄ ခုနှစ် အောက်တိုဘာလ ၂၆ ရက်။ကချင်ပြည်နယ် ပန်ဝါမြို့ကို သိမ်းပိုက်လိုက်သည့် ကချင်လွတ်လပ်ရေး...
October 25, 2024
စစ်ကောင်စီက ကရင်နီပြည်နယ်အတွင်းရှိ မြို့ပေါ်ရပ်ကွက်အချို့၌ သန်းခေါင်စာရင်း ကောက်ယူမှုများ...
October 24, 2024
ရှမ်းပြည်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့တွင် စစ်ပွဲအတွင်း...
October 23, 2024
စစ်ကောင်စီတပ်က ၎င်းတို့ လက်လွှတ်ဆုံးရှုံးထားရသည့် ရှမ်းမြောက်ဒေသထဲက လားရှိုးမြို့အပါအဝင်...