အကျဉ်းထောင် အသီးသီးကို ထောင်ဝင်စာပို့ခွင့် ကန့်သတ်မှုကြောင့် အကျဉ်းသားများ စာရေးသောက်ရေး ခက်ခဲ

အကျဉ်းထောင် အသီးသီးကို ထောင်ဝင်စာပို့ခွင့် ကန့်သတ်မှုကြောင့် အကျဉ်းသားများ စာရေးသောက်ရေး ခက်ခဲ

မြစ်ကြီးနားအကျဉ်းထောင် အပါအဝင် မြန်မာနိုင်ငံတစ်ဝှမ်းမှာရှိတဲ့ အကျဉ်းထောင် အသီးသီးမှာ ထောင်ဝင်စာ ပစ္စည်းပေးပို့ခွင့် အရေအတွက် ကန့်သတ်လိုက်တာကြောင့် အကျဉ်းသားတွေ စားရေးသောက်ရေး ခက်ခဲနေ တယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေး အကျဉ်းသားများကွန်ရက် (Political Prisoners Network- Myanmar) က ပြောပါတယ်။

အကျဉ်းကျခံနေသူရတွေကို ပေးပို့မယ့် အစားအသောက်တွေ လျော့ချ ကန့်သတ်လိုက်တာ ဖြစ်ပြီး အနည်း အကျဉ်းသာ ရရှိတော့တာကြောင့် အကျဉ်းသားတွေ ခက်ခဲနေတာလို့ အထက်ပါကွန်ရက်ရဲ့ ဦးဆောင် ကော်မတီ ဝင် ဦးသိုက်ထွန်းဦးက မြစ်ကြီးနားသတင်းဂျာနယ်ကို ပြောပါတယ်။

“အကျဉ်းထောင် တော်တော်များများမှာ အခု ညွှန်ကြားချက်လို့ ကြားတယ်။ ကော်ဖီဆို ၇ ထုပ် ခေါက်ဆွဲ ၆ ထုပ်၊ ငပိကြော် ၂၀ သား၊ ဟင်းဆိုလည်း ၅၀ ကျပ်သား မုန့်တစ်မျိုး အသီးတစ်မျိုးပဲရတော့မယ်လို့ ကန့်သတ်လာ တယ်။ ပိုလာရင် မိသားစုတွေကို ပြန်ထည့်ပေးလိုက်တယ်” လို့ ဦးသိုက်ထွန်းဦးက ဆိုပါတယ်။

အကျဉ်းဦးစီးဌာန ညွန်ကြားရေးမှူးချုပ်အဖြစ် စစ်ဗိုလ်ချုပ်ဟောင်း မျိုးဆွေကို စစ်ကောင်စီကနေ ခန့်အပ်လိုက် ပြီးနောက် အကျဉ်းထောင်တွေမှာ နိုင်ငံရေး အကျဉ်းသားတွေ အပေါ် ဖိနှိပ်ခံရမှု သိသိသာသာ များပြားလာ တယ်လို့လည်း နိုင်ငံရေးအကျဉ်းသားတွေကို ထောင်ဝင်စာပေးပို့ဖို့ ကူညီနေသူတွေက ပြောပါတယ်။

ဖိနှိပ်မှုများစွာထဲက ထောင်ဝင်စာပေးပို့ခွင့် ပမာဏကို ကန့်သတ်လိုက်တာကလည်း အကျဉ်းသားတွေကိုသာမက မိသားစုဝင်တွေကိုပါ စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာအရ ဖိနှိပ်ဖို့ ပြုလုပ်‌တာဖြစ်တယ်လို့လည်း မြန်မာနိုင်ငံလုံး ဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (Political Prisoners Network- Myanmar) က စက်တင်ဘာလ ၂၄ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

အကျဉ်းထောင်တွေမှာ အစားအသောက်ကို တစ်ပတ် (၁၄) နပ်စာအတွင်း အသားဟင်းလေးတုံးသာ ရရှိတာ ဖြစ်ပြီး တစ်ခြားလိုအပ်တဲ့ နေ့ရက်တွေမှာ စားသောက်နိုင်ဖို့ မိသားစုတွေ ဆီကပေးပို့လာတဲ့ ထောင်ဝင်စာတွေ အပေါ် မှီခုစားသောက်နေရာတာ ဖြစ်တယ်လို့လည်း ဆိုကြပါတယ်။

“အရင်က ကျန်ကျောင်းအိတ် တစ်အိပ်စာတောင် ပို့လို့ရတာ။ ၈ လပိုင်းမတိုင်ခင်ကဆို ကော်ဖီမစ်တစ်ပါကင် ယမ်ယမ်ချဉ်စပ်ဆို တစ်ပါကင် နှစ်ပါကင်ထိတောင် ရတာရှိတယ်။ အနည်ဆုံး ကော်ဖီကတော့ ပို့ခွင့်ရပါတယ်” လို့ ရန်ကုန်မြို့မှာ နေထိုင်တဲ့ နိုင်ငံရေးအကျဉ်းသားဟောင်းတစ်ဦးက မြစ်ကြီးနားသတင်းဂျာနယ်ကို ပြောပါ တယ်။

စစ်ကောင်စီကတော့ နိုင်ငံရေးအကျဉ်းသားတွေကို စိတ်ပင်ပန်းအောင် ဖိနှိပ်လိုတဲ့သဘောနဲ့ ကန့်သတ်တာ ဖြစ် သလို အပြင်မှာရှိနေတဲ့ မိသားစုဝင်တွေကိုပါ စိတ်ပိုင်းဆိုင်ရာအရ ဖိနှိပ်ဖို့ ကြိုးစားနေတာ ဖြစ်တယ်လို့လည်း ဦးသိုက်ထွန်းဦးက သုံးသပ်ပြောကြားပါတယ်။

မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများ ကွန်ရက်ကနေ စက်တင်ဘာလ ၂၄ ရက်နေ့အထိ မြေပြင်စာရင်း တွေကို ကောက်ယူထားချက်အရ ကန့်သတ်ခံထားရတဲ့ အကျဉ်းထောင်တွေကတော့ အင်းစိန်အကျဉ်းထောင် (ရန်ကုန်)၊ အိုးဘိုအကျဉ်းထောင် (မန္တလေး)၊ သာယာဝတီအကျဉ်းထောင် (ပဲခူး)၊ ဒိုက်ဦးအကျဉ်းထောင် (ပဲခူး)၊ ဘားအံအကျဉ်းထောင် (ကရင်)၊ ပုသိမ်အကျဉ်းထောင် (ဧရာဝတီ)၊ ဖျာပုံအကျဉ်းထောင် (ဧရာဝတီ)၊ ဟင်္သာတ အကျဉ်းထောင် (ဧရာဝတီ)၊ မြောင်းမြအကျဉ်းထောင် (ဧရာဝတီ)၊ မအူပင်အကျဉ်းထောင် (ဧရာဝတီ)တို့ ပါဝင်ပါတယ်။

အလားတူ မြင်းခြံ အကျဉ်းထောင် (မန္တလေး)၊ မုံရွာအကျဉ်းထောင် (စစ်ကိုင်း)၊ မကွေးအကျဉ်းထောင် (မကွေး)၊ ပခုက္ကူအကျဉ်း ထောင်(မကွေး)၊ သရက်အကျဉ်းထောင်(မကွေး)၊ ပြည်အကျဉ်းထောင် (ပဲခူး)၊ ပေါင်းတည် အကျဉ်းထောင် (ပဲခူး)၊ ညောင်ရွှေအကျဉ်းထောင် (ရှမ်းပြည်)၊ မြိတ်အကျဉ်းထောင် (တနင်္သာရီ)၊ ထားဝယ်ထောင် (တနင်္သာရီ)၊ ပဲခူးအကျဉ်းထောင် (ပဲခူး)၊ မြစ်ကြီးနား အကျဉ်းထောင် (ကချင်)၊ စစ်တွေအကျဉ်းထောင် (ရခိုင်)၊ နဲ့ ကျိုက်မရော အကျဉ်းထောင် (မွန်ပြည်နယ်)တို့လည်း ကန့်သတ်ခံထားရတာ ဖြစ်ပါတယ်။

October 22, 2024
ကချင်အထူးဒေသ ၁၊ အမှတ် ၁၀၀၃ ကချင်နယ်ခြားစောင့်တပ်(BGF) တပ်ရင်းဌာနချုပ်ကို အောက်တိုဘာလ ၂၁ ရက်နေ့...
October 19, 2024
ကချင်အထူးဒေသ(၁)၊ နယ်ခြားစောင့်တပ်(BGF) ရဲ့ ဌာနချုပ်အခြေစိုက်ရာ တရုတ်နယ်စပ်က ပန်ဝါမြို့ကို KIA၊...
October 8, 2024
လက်လွှတ်လိုက်ရတဲ့ တပ်စခန်းတွေကို ပြန်လည်သိမ်းပိုက်မယ်လို့ သတင်းထွက်ပေါ်ပြီးနောက် မြစ်ကြီးနား-...
September 20, 2024
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ဆိပ်မူကျေးရွာအုပ်စု၊ စပေါ့ကျေးရွာမှာ ဒီကနေ့ နေ့လယ် ၂ နာရီခွဲခန့်က...