မြန်မာဒုက္ခသည်တွေကိုကူညီဖို့ အထူးအာရုံစိုက်နေတယ်လို့ ထိုင်းဝန်ကြီးချုပ်ပြော

မြန်မာဒုက္ခသည်တွေကိုကူညီဖို့ အထူးအာရုံစိုက်နေတယ်လို့ ထိုင်းဝန်ကြီးချုပ်ပြော

ထိုင်းဝန်ကြီးချုပ်နဲ့ ဘဏ္ဍာရေးဝန်ကြီးဖြစ်သူ မစ္စတာဆရီထာသာဗီဇင်က နိုင်ငံအတွင်းမှာရှိတဲ့ မြန်မာဒုက္ခသည် တွေကို အကောင်းဆုံး စောင့်ရှောက်မှုတွေပေးထားကြောင်း၇၈ ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံမှာ အခိုင်အမာ ပြောကြားခဲ့ပါတယ်။

ဒါဟာထိုင်းနိုင်ငံအနေနဲ့ လူ့အခွင့်အရေးရဲ့ အရေးပါပုံကို အတိအလင်း ဖော်ပြခဲ့တာဖြစ်တယ်လို့လည်း ဆိုခဲ့ပါ တယ်။

မစ္စတာဆရီထာက ထိုင်းနိုင်ငံဟာ လူအခွင့်အရေးကို အရေးကြီးတဲ့နေရာမှာထားရှိသလို ငြိမ်းချမ်းရေး ဆွေးနွေးမှု တွေကိုလည်း ထောက်ပံ့လျှက်ရှိတယ်လို့ ပြောကြားထားပါတယ်။

ထိုင်းနိုင်ငံဟာ ဒုက္ခသည်တွေကို ကူညီပေးရေး အခန်းကဏ္ဍမှာ ပါဝင်ဆောင်ရွက်နေတာသာဖြစ်ပြီး အိမ်နီးချင်း နိုင်ငံရဲ့ ပြည်တွင်းရေး ပဋိပက္ခတွေကို ဝင်ရောက်စွက်ဖက်မှာ မဟုတ်ဘူးလို့လည်း ဆိုပါတယ်။

ကုလသမဂ္ဂအထွေထွေညီလာခံမှာ ထိုင်းဝန်ကြီးချုပ်က သူရဲ့စိုးရိမ်မှုကို ထုတ်ဖော်ပြောခဲ့ပြီး ထိုင်းဟာ ဒုက္ခသည် တွေကို ကူညီစောင့်ရှောက်ထားတဲ့နိုင်ငံဖြစ်တယ်ဆိုတဲ့ သတင်းစကားကိုသာ အကြောက်အကန် ပြောကြားခဲ့ တာ ဖြစ်ပါတယ်။

စက်တင်ဘာလ ၂၁ ရက်နေ့မှာ ကျရောက်မယ့် ကမ္ဘာငြိမ်းချမ်းရေးနေ့နဲ့ ပတ်သက်ပြီး သတင်းထောက်တွေက မေးမြန်းရာမှာတော့ ထိုင်းဝန်ကြီးချုပ်က ကမ္ဘာ့နေရာအနှံ့မှာ ပဋိပက္ခတွေ မြင့်တက်နေတာကြောင့် ငြိမ်းချမ်းရေး ဟာလည်း ထိရှလွယ်တဲ့ ပြဿနာတစ်ရပ် ဖြစ်လာတယ်လို့ ဖြေကြားခဲ့ပါတယ်။

၇၈ ကြိမ်မြောက် ကုလအထွေထွေညီလာခံမှာ နိုင်ငံတွေအကြား “သန့်ရှင်းသော လေထုကိစ္စရပ်” ဟာလည်း ဘုံ သဘောတူညီတဲ့ ကိစ္စရပ်ဖြစ်ခဲ့ပြီး ကုလအကြီးအကဲနဲ့ ထိုင်းနိုင်ငံခြားရေး ဝန်ကြီးတို့အကြား ဆွေးနွေးခဲ့တဲ့ ရေ ရှည် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ၂၀၃၀ အစီအစဉ် အတိုင်း ထိုင်း အစိုးရအသစ်ရဲ့ ဦးစားပေးလုပ်ငန်းတွေကို ဆောင်ရွက်သွားမယ်လို့လည်း ဆိုပါတယ်။

ဒါ့အပြင် ကုလအကြီးအကဲကလည်း ကနဦး အကောင်အထည်ဖော်ထားတဲ့ လုပ်ငန်းစဉ်တွေကို ဆောင်ရွက်ဖို့ ထိုင်းနဲ့ကုလတို့ရဲ့ ရေရှည်ဖွံ့ဖြိုးတိုးတက်ရေး ပန်းတိုင်တွေကို အရှိန်အဟုန်မြှင့် ဆောင်ရွက်နိုင်ဖို့နဲ့ ရာသီဥတု အရေးဆောင်ရွက်မှုတို့ လုပ်ဆောင်ဖို့ သဘောတူညီခဲ့တာပါ။

မစ္စတာဆရီထာက ကုလသမဂ္ဂရဲ့ အကြီးတန်းရာထူးတွေမှာ ထိုင်းနိုင်ငံသားတွေကို ပိုမြင်ချင်ပါတယ်လို့လည်း သူ့ရဲ့ဆန္ဒကို ထုတ်ဖော်ပြောကြားခဲ့ပါတယ်။

ကုလအထွေထွေအတွင်းရေးမှူးကလည်း ထိုင်းနိုင်ငံနှင့် ကုလအကြား ကောင်းမွန်တဲ့ဆက်ဆံရေး အပြင် ထိုင်းနိုင် ငံဟာ ဒေသအတွင်းမှာ ကုလအေဂျင်စီအများစုကိုလက်ခံဖို့ တက်ကြွတဲ့အခန်း ကဏ္ဍမှာတည်ရှိနေတာကြောင့် ဂုဏ်ယူပါကြောင်း ပြောကြားခဲ့တယ်လို့ ထိုင်းအစိုးရ ထုတ်ပြန်ချက်တွေအရ သိရပါတယ်။

ကုလအထွေထွေ ညီလာခံကို ၇၈ ကြိမ်တိုင်တိုင် ကျင်းပနေချိန်မှာ ထိုင်းပါလီမန်အတွင်းမှာလည်း Move Forward ပါတီ အမတ်က မြန်မာနိုင်ငံနဲ့ပတ်သက်ပြီး စက်တင်ဘာလ ၂၁ ရက်နေ့မှာ တောင်းဆိုချက်တစ်ခု တင် သွင်းခဲ့ပါတယ်။

Move Forward ပါတီမှ လွှတ်တော်အမတ် ချူလာဖုံ ယူကိတ်က ရှမ်းပြည်မှာဖြစ်ပွားခဲ့တဲ့ မငြိမ်မသက်မှုများ ကြောင့် ထိခိုက်ခဲ့ရတဲ့ မြန်မာပြည်သူများကို ကူညီန် အစားအစာ၊ ဆေးဝါးအထောက်အပံ့နဲ့ အခြား လူသားချင်း စာနာမှုဆိုင်ရာ အကူအညီများကို ပေးပို့ချင်တဲ့ နိုင်ငံတကာအဖွဲ့အစည်းများကို ထောက်ပံ့ပေးဖို့ ထိုင်းအစိုးရကို စက်တင်ဘာ ၂၂ ရက်နေ့က တိုက်တွန်းခဲ့ပါတယ်။

Ref-Bangkok Post

Most read this week

October 25, 2024
မွန်ပြည်နယ် သထုံမြို့နယ်ရှိ သထုံအကျဉ်းထောင်မှာ ဖမ်းဆီးအကျဉ်းကျခံနေရတဲ့ အကျဉ်းသားတွေကို...
October 24, 2024
နယ်မြေစိုးမိုးမှု ပြန်လည်ရရှိရေးအတွက် တနင်္သာရီတိုင်းရှိ မြို့နယ်တွေမှာ တန်ပြန်စစ်ဆင်ရေးအ ဖြစ်...
October 23, 2024
ပဲခူးတိုင်း ဒိုက်ဦးမြို့နယ် ဒိုက်ဦးအကျဉ်းထောင်မှာ သောက်သုံးရေ ပြတ်လပ်မှုဖြစ်ပေါ်နေပြီး ချိုးရေ...
October 23, 2024
ခုခံတော်လှန်စစ်တွေကို တောက်လျှောက်ရင်ဆိုင်နေရတဲ့ စစ်ကောင်စီက စစ်မှုထမ်းသင်တန်းသားတွေကို...