မူဆယ်တွင် တိုက်ပွဲများ ဆက်ဖြစ်နေ

မူဆယ်တွင် တိုက်ပွဲများ ဆက်ဖြစ်နေ
ဓါတ်ပုံ - ပုံဟောင်း
ဓါတ်ပုံ - ပုံဟောင်း

ရှမ်းပြည်မြောက်ပိုင်း တရုတ်နယ်စပ် မူဆယ်တွင် စစ်ကောင်စီတပ်နှင့် TNLA တပ်တို့အကြား တိုက်ပွဲ ထပ်မံ ဖြစ်ပွားနေပြီး စစ်တပ်ဘက်က စစ်ကြောင်းဆက်ထိုးနေသဖြင့် ဒေသခံများ စိုးရိမ်နေကြသည်။

မူဆယ်နှင့် စယ်လန့်ကြားရှိ ဝိန်းနန်းကျေးရွာဘက်တွင် စစ်ကောင်စီတပ်နှင့် တအာင်းအမျိုးသား လွတ်မြောက် ရေး တပ်မတော် TNLA တပ်တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ နှစ်ဖက်ကြား ပြင်းပြင်းထန်ထန် ပြန်လည် ဖြစ်လာ မည်ကို ဒေသခံများက စိုးရိမ်နေကြသည်။

စက်တင်ဘာလ ၁၇ ရက်နေ့၊ တနင်္ဂနွေနေ့ နံနက်ပိုင်း ၉ နာရီဝန်းကျင်အချိန်မှစတင်၍ တနေကုန်နီးပါး နှစ်ဖက် ကြား တိုက်ပွဲများ ဖြစ်ပွားခဲ့သည့်အပြင် စစ်ကောင်စီတပ်ဘက်က ထိုးစစ်ဆင်မှုများ ဆက်လုပ်နေပြီး ဆုတောင်း ပြည့် တောင်နားဘက်မှလည်း လက်နက်ကြီးဖြင့် ဝိန်းနန်းကျေးရွာဘက်ကို လှမ်းပစ်ခဲ့သည်ဟု ရွာသားတစ်ဦးက ပြောသည်။

“မနက် ၉ နာရီလောက်မှာ သူတို့ချတာ၊ စယ်လန့်နဲ့ မူဆယ်ကြားမှာ ဝိန်းနန်းဆိုတဲ့ရွာရှိတယ်လေ။ အဲ့ရွာမှာ ဖြစ် တာပေါ့။ မနက် ၉ နာရီလောက်ကနေစတယ်၊ ညနေ ၅ နာရီလောက်အထိပေါ့။ တနေကုန်ဖြစ်တယ် ဆိုတာက ခဏခဏ နားလိုက် ဖြစ်လိုက် အဲ့လိုဖြစ်ကြတာ။ တနေကုန်လို့ပဲ ပြောလို့ရတယ်။ ထိခိုက်မှုတော့ မသိဘူး။”

နှစ်ဖက်တပ်တိုက်ပွဲအတွင်းမှာ ကျေးရွာဒေသခံများ ထိခိုက်မှုရှိမရှိကိုမူ အတိအကျမသိရသေးသော်လည်း ရွာ သားအချို့က စက်တင်ဘာလ ၁၇ ရက်နေ့ တိုက်ပွဲ ပြန်လည်ဖြစ်ပွားလာချိန်မှ စတင်၍ ဘေးလွှတ်ရာကို ရှောင် နေကြရသည်။

တိုက်ပွဲစတင်ဖြစ်ပွားချိန်မှာ TNLA တပ်ဖွဲ့ဝင်များ စယ်လန့်ကျေးရွာအပေါ်ရှိ တောင်ကုန်းတွင် ရှိနေကြပြီး စစ်ကောင်စီက အဆိုပါ တောင်ကုန်းဘက်သို့ တက်လာသောကြောင့် တိုက်ပွဲဖြစ်ရတာဟု ဒေသခံရွာသားများက ပြောသည်။

စစ်တင်ဘာလ ၁၈ ရက်နေ့ အထိ လက်နက်ကြီးသံများ ကြားနေရသည်ဟု ဒေသခံများက ပြောသည်။

မန်ကန်ရွာသားတစ်ဦးက “စက်တင်ဘာလ ၁၈ ရက်နေ့မှာလည်း လက်နက်ကြီးသံကြားနေရတယ်။ စယ်လန့်ရွာ အကျော်မှာ ဖြစ်နေကြတာ။ အဲ့ဒီဘက်ကနေ လက်နက်ကြီးနဲ့လည်း လှမ်းပစ်တယ်။ အဓိကတော့ စစ်ကြောင်း ထိုးလာလို့ တိုက်ပွဲပြန်ဖြစ်တာ။ TNLA ကတော့ တောင်ပေါ်မှာပဲ၊ ရွာထဲမှာ မရှိဘူး။ ထိတွေ့မှုက စစ်တပ်က ထိုးစစ်ဆင်လို့ ပစ်ခတ်မှုရှိတာ။ ဗမာစစ်တပ်ကတော့ ရွာထဲမှာရှိတယ်။ မိုင်းဆတ်ဘုန်းကြီးကျောင်းမှာ ရှိတယ်။ အင်အားက ၅၀-၆၀ အဲ့လောက်တော့ရှိတယ်” ဟု ပြောသည်။

တိုက်ပွဲဖြစ်ပြီးနောက် စယ်လန့်ဘက်ကို ထိုးဆင်းလာသည့် စစ်ကောင်စီတပ်သားများမှာ ယခုလက်ရှိအချိန်ထိ မိုင်းဆတ်ကျေးရွာ ဘုန်းကြီးကျောင်းတွင် နေနေကြရာ ရွာသားများက စိုးရိမ်နေကြသည်။

ပြီးခဲ့သည့် သြဂုတ်လ ၂၉ ရက်နေ့တုန်းကလည်း စစ်ကောင်စီနှင့် TNLAတပ်တို့အကြား စယ်လန့်ကျေးရွာအနီး တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားခဲ့ပြီး စယ်လန့်ကျေးရွာအုပ်စုထဲက မန်ကန်၊ မိုင်းဆတ်၊ နမ့်ကတ် အစရှိသည့် ကျေးရွာ များမှ ဒေသခံများ အရေးပေါ်ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်။

အဆိုပါရွာသားများမှာ စက်တင်ဘာ ၁၀ ရက်နေ့တွင် တိုက်ပွဲသံများ ငြိမ်သက်သွား၍ နေရပ်ကို ပြန်သွားကြရာ စက်တင်ဘာလ ၁၇ ရက်နေ့မှ စတင်၍ သေနတ်သံများ ပြန်ကြားနေရသောကြောင့် အချို့က ကြိုတင်၍ ဘေး လွှတ်ရာကို ရှောင်နေကြသလို အချို့မှာမူ အခြေအနေကို စောင့်ကြည့်နေကြသည်။

ဩဂုတ်လ ၂၉ ရက်နေ့က တိုက်ပွဲအတွင်း၌လည်း စယ့်လန်ကျေးရွာခံ အမျိုသား ၂ ဦး ကျည်ထိမှန် ဒဏ်ရာရရှိခဲ့ ပြီး နေအိမ် ၁ လုံးလည်း မီးလောင်ပျက်စီးခဲ့ကာ နေအိမ်အချို့ လက်နက်ကြီး ထိမှန်ပျက်စီးခဲ့သည်။

တအာင်းတပ်မတော် TNLA နှင့် စစ်ကောင်စီတပ်တို့အကြား ဇူလိုင်လ ၂၃ ရက်နေ့ကနေ စက်တင်ဘာလ ၁၅ ရက်နေ့အထိ တိုက်ပွဲအကြိမ်ရေပေါင်း (၄၀) ဖြစ်ပွားခဲ့သည်ဟု TNLA က ထုတ်ပြန်ထားသည်။

October 26, 2024
၂၀၂၄ ခုနှစ် အောက်တိုဘာလ ၂၆ ရက်။ကချင်ပြည်နယ် ပန်ဝါမြို့ကို သိမ်းပိုက်လိုက်သည့် ကချင်လွတ်လပ်ရေး...
October 25, 2024
စစ်ကောင်စီက ကရင်နီပြည်နယ်အတွင်းရှိ မြို့ပေါ်ရပ်ကွက်အချို့၌ သန်းခေါင်စာရင်း ကောက်ယူမှုများ...
October 24, 2024
ရှမ်းပြည်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့တွင် စစ်ပွဲအတွင်း...
October 23, 2024
စစ်ကောင်စီတပ်က ၎င်းတို့ လက်လွှတ်ဆုံးရှုံးထားရသည့် ရှမ်းမြောက်ဒေသထဲက လားရှိုးမြို့အပါအဝင်...