အင်းတော်တွင် တိုက်ပွဲမရှိပဲ ဗုံးကြဲ၊ ကျောင်းထိုင်ဘုန်းကြီးတစ်ပါး ပျံလွန်

အင်းတော်တွင် တိုက်ပွဲမရှိပဲ ဗုံးကြဲ၊ ကျောင်းထိုင်ဘုန်းကြီးတစ်ပါး ပျံလွန်

စစ်ကိုင်းတိုင်း အင်းတော်မြို့နယ်ထဲ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီက လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှု ကြောင့် ကျောင်းထိုင်ဘုန်းကြီးတစ်ပါး ပျံလွတ်တော်မူခဲ့သည့်အပြင် ကပ္ပိယတစ်ဦးလည်း ပွဲချင်းပြီး သေဆုံးသွား ခဲ့သည်။

အင်းတော်မြို့နယ်ရှိ ခရမ်းစပ်ကုန်းရွာမှာ စက်တင်ဘာလ ၁၅ ရက်နေ့၊ ည ၈ နာရီအချိန်ခန့်တွင် တိုက်ပွဲဖြစ်ပွား ခြင်း မရှိဘဲ စစ်ကောင်စီတပ် ဂျက်ဖိုက်တာတစ်စီးက ဗုံးကြဲ ၂ လုံး ကြဲတိုက်ခိုက်မှုကြောင့် ထိခိုက်သေဆုံးမှုများ ရှိခဲ့သည်ဟု Indaw Revolution-IR တာဝန်ရှိသူက ပြောသည်။

“ခရမ်းစပ်ကုန်းရွာကို မနေ့ည ၈ နာရီလောက်မှာ ဂျက်ဖိုက်တာ တစ်စီးနဲ့ ဗုံး ၂ လုံးကြဲသွားတာပေါ့ အဲမှာက တိုက်ပွဲဖြစ်ပွားခြင်းလည်း မရှိဘူး။ နောက်ပြီး PDF တွေရှိနေတာမျိုးလည်း မဟုတ်ဘူး။ အဲ့ဒါကိုမှ တစ်ယောက် ယောက်က ဒလန်ဖြစ်ဖြစ် သတင်းအတိအကျပေးလိုက်လို့ ထင်တယ် အဲရွာကိုပဲ လေယာဉ်နဲ့ လာပြီးကြဲတာ၊ ဘုန်းကြီး ကျောင်းတစ်ခုပဲ ထိသွားတာ။ ဇရပ်အဆောင်ရယ် ဘုန်းကြီးကျောင်းမကြီးရယ် ကျောင်းထိုင်ဘုန်း ကြီးလည်း ပျံလွန်တော်မူသွားတယ်။ ကပ္ပိယလည်း ဆုံးသွားတယ်ပွဲချင်းပြီးပဲ။

စက်တင်ဘာလ ၁၅ ရက်နေ့ ညက လေယာဉ်နဲ့ ဗုံးကြဲမှုထဲ ကျောင်းထိုင်ဘုန်းကြီး တစ်ပါးနှင့် ကပ္ပိယတစ်ဦး ကွယ်လွန် သွားသည့်အပြင် ကျောင်းဆောင်လည်း ထိခိုက်ပျက်စီးမှုရှိခဲ့သည်ဟု ဒေသခံများနှင့် Indaw Revolution-IR တာဝန်ရှိသူက အတည်ပြုပြောသည်။

စစ်ကောင်စီက လေယာဉ်ဗုံးကြဲမှုထဲ သက်တော် ၇၇ နှစ် ဝါတော် ၅၇ ဝါရှိသော ကျောင်းထိုင်ဘုန်းကြီးမှာ ဦးခေါင်းကွဲအက် ဒဏ်ရာနှင့် ပျံလွန်တော်မူခဲ့ခြင်း ဖြစ်သည်။

ယခု ဗုံးကြဲတိုက်ခိုက်မှမှာ ကျေးရွာကိုဦးတည်ပြီး တိုက်ခိုက်မှုမျိုးဖြစ်နိုင်ကြောင်း၊ လေယာဉ်နှင့် ဗုံးကြဲပြီးနောက် တွင်လည်း အင်းတော်မြို့တွင် အထိုင်ချထားသည့် စစ်ကောင်စီတပ်ကနေ လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ် ခတ်မှုခဲ့များ ရှိခဲ့သည်ဟု ဒေသခံများက ပြောသည်။

ထိုသို့လက်နက်ကြီးနှင့် ရမ်းသမ်းပစ်ခတ်မှုထဲတွင် အရပ်သား နေအိမ်တစ်လုံးနှင့် ဆိုင်ကယ် တစ်စီး ထိမှန်ပျက်စီး သွားခဲ့သည်ဟု ဒေသခံတစ်ဦးက ပြောသည်။

“ညလည်းဖြစ်ပြန်ဆိုတော့ ရွာကိုလာကြဲတာက ဘုန်းကြီးကျောင်းကို ထိလိုက်တာ ထင်တယ်။ ရွာကိုလာကြဲတဲ့ အဲ့လိုပုံစံမျိုးပဲ ရွာမဟုတ်ရင်တော့ ရွာအနီးစပ်တောကို ကြဲတာနေမှာ။ ဘုန်းကြီးကျောင်းကို လာထိလိုက်တဲ့ ပုံစံ မျိုး အရပ်သားတွေက ဒီလေယာဉ်နဲ့ကြဲတဲ့အခါ ထိခိုက်မှုမရှိဘူး။ လေယာဉ်နဲ့ကြဲပြီးတဲ့နောက် အင်းတော် စစ် တပ်ကုန်းကနေပြီး ၁၂၀ မမ နဲ့ လှမ်းထုတာပေါ့။ အဲမှာ အရပ်သားနေအိမ် တစ်လုံးရယ် ဆိုင်ကယ်တစ်စီးရယ် ပျက်ဆီးသွားတယ်ပေါ့။ ဒီမှာ တိုက်ပွဲမဖြစ်တာတောင် ကြာပြီ။”

တိုက်ပွဲမဖြစ်ဘဲ ယခုကဲ့သို့ လေယာဉ်နှင့် ဗုံးကြဲတိုက်ခိုက်မှုမှာ သတင်းပေးသူများ ရှိခြင်းကြောင့် နေရာကို တိတိ ကျကျ ကြဲချနိုင်ခြင်းမျိုး ဖြစ်နိုင်သည်ဟုလည်း Indaw Revolution-IR တာဝန်ရှိသူက သုံးသပ်ပြောဆိုသည်။

“ဒီလေကြောင်းနဲ့ကြဲတာကတော့ ဒလန်တွေကြောင့် ဒလန်တွေကနေပြီးတော့ သတင်းအတိအကျပေးလို့ ကြဲ တာလာပေါ့။ စစ်တပ်ကတော့ ဒီနေရာမဟုတ်ရင်လည်း တခြားနေရာမှာဆိုရင်လည်း ဒီတိုင်းကြဲနေတာ ဆိုတော့ လုပ်မြဲတမ်းလုပ်နေမှာ သူတို့ ရက်ရက်စက်စက် ရိုင်းရိုင်းလုပ်နေမှာပဲ။ ဒလန် သတင်းပေးတာကြောင့်မို့လို့ ထင်မိတယ်။”

ယခုလေယာဉ်နှင့် ဗုံးကြဲခံရသည့် ခရမ်းစပ်ကုန်းကျေးရွာသည် အိမ်ခြေ ၂၀၀ ကျော်ရှိသည့် ရွာကြီးတစ်ရွာဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ စိုးမိုးမှုအားကောင်းသည့် နေရာဖြစ်သည်ဟုလည်း ဆိုသည်။

အင်းတော်မြို့နယ်တွင် စစ်တပ်က အာဏာသိမ်းပြီးနောက် စစ်ကောင်စီတပ်၏ လေယာဉ်နှင့် ဗုံးကြဲတိုက်ခိုက်မှုက ၈ ကြိမ် အထိရှိခဲ့ပြီး စစ်အုပ်ချုပ်ရေးလည်း ကြေညာထားသည့် ဒေသဖြစ်သည်။

ဓါတ်ပုံ - Crd

October 26, 2024
၂၀၂၄ ခုနှစ် အောက်တိုဘာလ ၂၆ ရက်။ကချင်ပြည်နယ် ပန်ဝါမြို့ကို သိမ်းပိုက်လိုက်သည့် ကချင်လွတ်လပ်ရေး...
October 25, 2024
စစ်ကောင်စီက ကရင်နီပြည်နယ်အတွင်းရှိ မြို့ပေါ်ရပ်ကွက်အချို့၌ သန်းခေါင်စာရင်း ကောက်ယူမှုများ...
October 24, 2024
ရှမ်းပြည်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့တွင် စစ်ပွဲအတွင်း...
October 23, 2024
စစ်ကောင်စီတပ်က ၎င်းတို့ လက်လွှတ်ဆုံးရှုံးထားရသည့် ရှမ်းမြောက်ဒေသထဲက လားရှိုးမြို့အပါအဝင်...