လုံလောက်သည့် ကျန်းမာရေးစောင့်ရှောက်ခွင့်မရ၍ ဒေါ်အောင်ဆန်းစုကြည် အသက်အန္တရာယ် အထူးစိုးရိမ်မိ ကြောင်း NLD ထုတ်ပြန်

လုံလောက်သည့် ကျန်းမာရေးစောင့်ရှောက်ခွင့်မရ၍ ဒေါ်အောင်ဆန်းစုကြည် အသက်အန္တရာယ် အထူးစိုးရိမ်မိ ကြောင်း NLD ထုတ်ပြန်

စစ်ကောင်စီ၏ ဖမ်းဆီးထောင်ချခြင်းကို ခံထားရသည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်သည် လုံလောက်သည့် ကျန်းမာရေးစောင့်ရှောက်ခွင့် မရဖြစ်နေသည့်အတွက် အသက် အန္တရာယ်ကို အထူးစိုးရိမ်ကြောင်း NLD က ထုတ်ပြန်လိုက်သည်။

ထို့သို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်သည် လုံလောက်သည့် ကျန်းမာ ရေးစောင့်ရှောက်ခွင့် မရဖြစ်နေသည့်အတွက် အသက်အန္တရာယ် ထိခိုက်မှု ဖြစ်ပေါ်လာပါက စစ်ကောင်စီတွင် လုံးဝတာဝန်ရှိကြောင်း NLD ပါတီ ဗဟို အလုပ်ကော်မတီ စက်တင်ဘာလ ၁၄ ရက်နေ့၊ နံနက်ပိုင်းက ထုတ်ပြန် သည့် ထုတ်ပြန်ချက်ထဲတွင် ဖော်ပြသည်။

အသက် ၇၈ နှစ် အရွယ်ရှိပြီ ဖြစ်သည့် ဒေါ်အောင်ဆန်းစုကြည်သည် ပြီးခဲ့သည့်ရက်ပိုင်းက သွားဖုံးရောင်ဝေဒနာ ခံစားခဲ့ရသည်ကို စနစ်တကျ ကုသခွင့်မရခဲ့သည့်အပြင် ကျန်းမာရေးနှင့် ညီညွတ်သောအစားအစာ၊ နေရာထိုင် ခင်းတို့ကို သင့်တင့် မျှတအောင် ဆောင်ရွက်ပေးမထားဘဲ အသက်အန္တရာယ်ရှိစေဖို့ ရည်ရွယ်ဖန်တီးထားသည့် အတွက် အထူး ပင်စိုးရိမ်ပူပန်မိပါကြောင်း ဖော်ပြထားသည်။

ဒေါ်အောင်ဆန်းစုကြည် ကျန်းမာရေးမကောင်းဘူးဆိုသည့် သတင်းများကြောင့် ပါတီအနေနဲ့ အထူးစိုးရိမ်ပြီး နိုင်ငံတကာကလည်း ဖိအားပေးနိုင်မယ့် နည်းလမ်းတွေ ဝိုင်းဝန်းလုပ်ပေးကြဖို့လိုမယ်လို့ NLD ဗဟိုကော်မတီဝင် တစ်ဦးဖြစ်သူ ဦးဘိုဘိုဦးက နိရဉ္စရာ ကို ပြောသည်။

“လောလောဆယ်မှာ ဒေါ်အောင်ဆန်းစုကြည်ကို ပြင်ပကမ္ဘာနဲ့အဆက်အသွယ်ဖြတ်ထားတယ်။ မိသား စုဝင်တွေနဲ့ အဆက်အသွယ်ဖြတ်ထားတဲ့ ကိစ္စရပ်နဲ့ပတ်သက်ပြီး ကျန်းမာရေး မကောင်းဘူးဆိုတဲ့ အချက်အလက်တွေ လည်း ပေါ့နော်။ ဆိုရှယ်မီဒီယာမှာ ပျံ့နှံ့နေတာနဲ့ပတ်သက်ပြီးတော့ ပါတီအနေနဲ့ အရမ်းကိုစိုးရမ်ပါတယ်။ နိုင်ငံတ ကာအနေနဲ့ တတ်နိုင်သရွှေ့တော့ ဝိုင်းဝန်းပံ့ပိုးနေတယ်ဆိုတာ ပါတီ အနေနဲ့ ယုံကြည်ပါတယ်။ ဒီထက်ပိုပြီးတော့ ထိထိရောက်ရောက်ဖြစ်နိုင်မယ့်နည်းလမ်းများကို ဝိုင်း ဝန်းပြီးတော့ ဖိအားပေးနိုင်ဖို့အတွက်ကို လိုလားပါတယ် ခင်ဗျာ။”

စစ်ကောင်စီသည် ဒေါ်အောင်ဆန်းစုကြည်ကို ကြားခံတစ်ဦးအဖြစ် ပြန်ပေးဆွဲထားသလို နိုင်ငံရေး အကျဉ်းသား တစ်ဦး၏ ရပိုင်ခွင့် အခွင့်အရေးများကိုပင်မပေးဘဲ လျှို့ဝှက်သည့် နေရာတစ်ခု၌ ဖမ်းဆီး ချုပ်နှောင်ထားသည် ဟုလည်း ထုတ်ပြန်ချက်တွင် ထည့်သွင်းဖော်ပြထားသည်။

ဒေါ်အောင်ဆန်းစုကြည်နှင့်အတူ ဖမ်းဆီးခံထားရသည့် နိုင်ငံရေးအကျဥ်းသားများအားလုံး အမြန်ဆုံး ခြွင်းချက် မရှိ လွတ်မြောက်စေဖို့ ကမ္ဘာ့ကုလသမဂ္ဂ၊ အာဆီယံအသိုက်အဝန်းနှင့် အိမ်နီးချင်းနိုင်ငံများမှ ခေါင်းဆောင်များ၊ နိုင်ငံတကာအဖွဲ့အစည်းများနှင့် ပြည်တွင်းပြည်ပ တော်လှန်ရေး အင်အားစုများကလည်း ဝန်းရံတိုက်တွန်းပေး ကြပါဖို့ NLD က အ‌လေးအနက်တောင်းဆို မေတ္တာရပ်ခံအပ်သည်ဟုလည်း ထုတ်ပြန်ချက်တွင် ဖော်ပြထား သည်။

ဒေါ်အောင်ဆန်းစုကြည်ကို စစ်ကောင်စီက စွပ်စွဲခဲ့သည့်အမှုပေါင်း ၁၉ မှုအတွက် ထောင်ဒဏ်စုစုပေါင်း ၃၃ နှစ် အမိန့်ချခံလိုက်ရပြီး ပြီးခဲ့သည့်သြဂုတ်လဆန်းပိုင်းက အမှုငါးမှုအတွက် ခြောက်နှစ် လွတ်ငြိမ်း သက်သာခွင့်ရခဲ့ သည့် အတွက် နောက်ထပ်ထောင်ဒဏ် ၂၇ နှစ် ဆက်လက် ကျခံနေရဖို့ ရှိနေသေးသည်။

October 26, 2024
စစ်ကောင်စီ အုပ်ချုပ်မှုရှိနေသေးသည့် စစ်တွေ၊ ကျောက်ဖြူ၊ မာန်အောင်၊ အမ်း၊ တောင်ကုတ် နှင့်...
October 25, 2024
ရခိုင်ပြည်၊ ဂွမြို့၊ မြို့မ ရပ်ကွက်မှ ဒေသခံ အမျိုးသား၃ ဦးကို စစ်ကောင်စီနှင့် ပြည်သူ့စစ်တို့က...
October 24, 2024
ရခိုင်ပြည်၊ မောင်‌တောမြို့နယ်မြောက်ပိုင်း ဖားဝပ်ချောင်းကျေးရွာမှ ကထိန်ခင်းသည့် နေအိမ်အား...
October 23, 2024
တိုက်ပွဲအပြင်းအထန် ဖြစ်ပွားပြီးနောက် ဂွမြို့နယ်၊ ကြွေချိုင် ယာယီအထိုင် စစ်စခန်းကို...