ဆီဆိုင်မြို့က ဆန်ရောင်းဝယ်သူများကို မူလပေါက်ဈေးထက် လျော့ပြီးရောင်းရမည်ဟု စစ်ကောင်စီ ဖိအားပေး

ဆီဆိုင်မြို့က ဆန်ရောင်းဝယ်သူများကို မူလပေါက်ဈေးထက် လျော့ပြီးရောင်းရမည်ဟု စစ်ကောင်စီ ဖိအားပေး

သျှမ်းပြည် တောင်ကြီးခရိုင် ဆီဆိုင်မြို့နယ်ရှိ ဆန်ရောင်းဝယ်ရေး လုပ်ကိုင်သူများ မူလဆန်ပေါက်ဈေးထက် လျော့ပြီးရောင်းရမည်ဟု စစ်ကောင်စီက ဖိအားပေးနေကြောင်း လုပ်ငန်းရှင်အချို့က ပြောသည်။

သြဂုတ်လ နောက်ဆုံးပတ်မှစတင်ပြီး ဆီဆိုင်မြို့နယ်အတွင်း ဆန်ရောင်းဝယ်ရေးကုန်သည်များနှင့် ဆန်စက်ပိုင် ရှင်များကို အစည်းအဝေးခေါ်ယူပြီး ဆန်ဈေးနှုန်း တည်ငြိမ်နိုင်ရေးအတွက် မူလပေါက်ဈေးရှိ ဆန်ဈေးနှုန်းကို ထပ်လျော့ပြီး ရောင်းချပေးရမည်ဖြစ်ကြောင်း ညွှန်ကြားခဲ့သည်။

ဥပမာအားဖြင့် ဆန်တစ်ပြည်ကို ကျပ် ၃,၅၀၀ ကျော် ရှိပါက စစ်ကောင်စီမှ သတ်မှတ်ထားသည့် ဆန်ဈေးနှုန် းအတိုင်း တစ်ပြည်လျှင် ကျပ် ၂,၅၀၀ အောက် ဈေးနှုန်းလျော့ပြီး ရောင်းချရမည်ဖြစ်ကြောင်း ပုံးအင်း ဆန်စက် ပိုင်ရှင် တစ်ဦးက ပြောသည်။

“ဆန်ဈေးနှုန်း တည်ငြိမ်နိုင်ဖို့အတွက် မြို့နယ်ဆန်စက်အသင်း ဥက္ကဋ္ဌကနေ ဦးဆောင်ပြီး ဆန်တွေကို ပေါက်ဈေး ထပ်လျော့ပြီး ရောင်းချပေးမယ်လို့ ပြောတယ်။ တခြားကုန်ပစ္စည်းတွေ မလျော့ဘဲ ဆန်ဈေးတစ်မျိုးကို လျော့ လို့တော့ အဆင်မပြေပါဘူး“ ဟု ၎င်း ဆန်စက်ပိုင်ရှင် က ပြောသည်။

လက်ရှိ ကုန်ဈေးနှုန်း အစစအရာရာ အဆမတန်မြှင့်တက်နေသည့် ကာလအတွင်း စစ်ကောင်စီသည် ဆန်ဈေး နှုန်း ထိန်းချုပ်နိုင်ဖို့ ကြိုးစားရာ ဆန်ရောင်းဝယ်သူများအပေါ်  ဖိအားပေးလာခြင်းဖြစ်ကြောင်း၊ ထိုသို့ မလိုက်နာ ပါက ရဲတပ်ဖွဲ့များကို အာဏာပေးပြီး ဆန်စက်များကို နိုင်ငံတော် အာဏာပိုင်အဖြစ် သိမ်းဆည်းမည်ဟု ခြိမ်း ခြောက်ခဲ့သည်။

အလားတူ ဆီဆိုင်မြို့နယ်အတွင်း ဆန်စက်ပိုင်ရှင်များအား ရန်ပုံငွေအတွက်ဆိုပြီး ဆန်စက်တစ်ရုံကို ကျပ်ငွေ ၃ သောင်းပေးဖို့အတွက် ညွှန်ကြားခဲ့သေးသည်။

ပုံးအင်းဒေသ ဆန်၊ စပါး ရောင်းဝယ်လုပ်ကိုင်သူ အမျိုးသားတစ်ဦးက “ဆန်က အရင်နှစ်တွေထက်ဈေးတက် လာတယ်လို့ ပြောချင်တာပေါ့။ ဒါပေမယ့် ငွေတန်ဖိုးနဲ့ ပြန်တွက်ရင် ဆန်ဈေးက မတက်ဘူး။ ကျနော်တို့ တောင်သူတွေလည်း လယ်လုပ်ဖို့ စရိတ်အများကြီး ကုန်ကျသေးတယ်။ ဈေးရလာတော့မှ ဈေးနှုန်းတက်တယ်လို့ ပြောလို့မရဘူးလေ“ ဟု ၎င်းက ဆိုပြန်သည်။

ထို့အပြင် ဆန်စပါးများကို နယ်ကျော် သယ်ယူရောင်းချမည် ဆိုပါက စစ်ကောင်စီ၏ ဌာနဆိုင်ရာများထံ သတင်း ပေးပို့ရမည် ဖြစ်ပြီး၊ ဌာနဆိုင်ရာ၏ ခွင့်ပြုချက် ပါမှသာလျှင် နယ်ကျော်ရောင်းချခွင့်ရှိသည်ဟုလည်း ဆန်ရောင်း ဝယ်ရေး လုပ်နေသည့် တောင်ကြီးမြို့မှ ဒေသခံ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကိုပြောသည်။

“ဆန်က ပြည်တွင်းစားဖို့တောင်မှ နယ်ကျော်သယ်ခွင့်မပြုဘူး။ ပြည်နယ်လက်မှတ်ပါမှ သယ်လို့ရမယ်တဲ့။ အခု ကျနော်တို့ သာမာန်ပြည်သူတွေ သယ်ခွင့်မရဘူး။ သက်ဆိုင်ရာ လူကြီးတွေရဲ့ ဆက်စပ်သူတွေပဲ လုပ်စားနေ ကြ တာ” ဟု တောင်ကြီး ဆန်ကုန်သည် စိုင်းစိုင်း (အမည်လွှဲ) က ပြောသည်။

နယ်ကျော်ဆန်စပါး သယ်ယူမည်ဆိုပါက သက်ဆိုင်ရာ၏ လက်မှတ်ပါ စာရွက်ရှိမှသာလျှင် သယ်ဆောင်နိုင် ကြောင်း၊ ထိုမှမဟုတ်ပါက ဆန်စပါးများကို သိမ်းဆည်းနိုင်ကြောင်းလည်း စိုင်းစိုင်း (အမည်လွှဲ) က ပြောသည်။

စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံတွင် စစ်ရေးပဋိပက္ခများနှင့် နိုင်ငံရေး အခြေအနေ မတည်ငြိမ် သည့်အပြင် ကုန်စျေးနှုန်းများလည်း တရိပ်ရိပ် မြင့်တက်လာမှုကြောင့် ယခင်လယ်ယာလုပ်ကိုင်သည့် ဒေသ အတွင်း လယ်ယာ မလုပ်နိုင်တော့ရာမှ ဆန်၊ စပါး အထွက်နှုန်း လျော့နည်းပြီး၊ သျှမ်းပြည်လယ်ယာ စိုက်ပျိုးရေး လုပ်ဆောင်သူများသည် တိုင်းတပါးကို ထွက်ခွာပြီး အလုပ်လုပ်ကိုင်နေရသည်။

Most read this week

October 25, 2024
ထိုင်း-မြန်မာနယ်စပ်ဖြစ်သည့် တာချီလိတ်မြို့ နှင့်ကျိုင်းတုံမြို့ ရှိ ဂိုဒေါင် တချို့ကို...
October 25, 2024
သျှမ်းပြည် သီပေါမြို့ပေါ် ရပ်ကွက်များတွင် လုံခြုံရေးကင်းမဲ့ကာ သူခိုးရန်ကြောင့် ပြည်သူနေအိမ်များ...
October 24, 2024
သျှမ်း-မန္တလေးနယ်စပ် ပြင်ဦးလွင်မြို့ရှိ တပ်မိသားစုဝင်များကို စစ်ကောင်စီက...
October 23, 2024
မြန်မာ-တရုတ်နယ်စပ် မူဆယ်မြို့ရှိ နယ်စပ်ဂိတ်များတွင် ပို့ကုန်သွင်းကုန် ပစ္စည်းအဝင်အထွက် စစ်ဆေးရေး...