အရပ်သား ၃ ဦးကို သေနတ်ဖြင့် ပစ်သတ်ပြီး ရေထဲ ပစ်ချ

အရပ်သား ၃ ဦးကို သေနတ်ဖြင့် ပစ်သတ်ပြီး ရေထဲ ပစ်ချ

စစ်ကိုင်းတိုင်း၊ ကန့်ဘလူခရိုင်အတွင်း ဒေသခံပြည်သူ ၃ ဦး သေနတ်ဖြင့် ပစ်သတ်ခံခဲ့ရပြီး ၎င်းတို့၏ အလောင်း များအား ရေထဲပစ်ချထားသည်ဟု ဒေသခံများက ပြောသည်။

ကန့်ဘလူခရိုင်၊ သရက်ခေါင်းကျေးရွာထဲ စစ်ကောင်စီစစ်ကြောင်း ခြေမြန်တပ်ရင်း ၃၆၁ နှင့် ပျူစောထီး အဖွဲ့တို့ နှင့်တိုးကာ သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်ကာ အလောင်းများအား ရေထဲတွင် ပစ်ချထားခဲ့ခြင်း ဖြစ်သည်ဟု ပြောသည်။

ကျွန်းလှ-ကန့်ဘလူ တက်ကြွ လှုပ်ရှာသူများအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက “အဲ့ ၃ ယောက်က စစ်ကြောင်းနဲ့ ဝင် တိုးတာပေါ့လေ။ ပြေးတဲ့အချိန်မှာ ရိုးရိုးဒေသခံဘဲ သူတို့က၊ တချို့တွေက ရေထဲပစ်ချထားခဲ့တာ ရှိသလို တချို့ က လမ်းပေါ်မှာ ဒီတိုင်းပစ်ထားခဲ့တာ ရှိတယ်။ ဒီတိုင်းပဲ သေနတ်နဲ့ ပစ်သတ်ထားတာပေါ့။ ဒေသခံတွေက ပြန် မဝင် ကြသေးဘူး။ တချို့ရွာတွေတော့ ပြန်ဝင်တာရှိတယ်” ဟု ပြောသည်။

ကန့်ဘလူခရိုင်ထဲ ဩဂုတ်လ ၃၀ ရက်နေ့၊ နံနက် ၂ နာရီခန့်တွင် ဒေသခံပြည်သူ ၃ ဦးအား သေနတ်ဖြင့် ပစ်သတ် ကာ အလောင်းကို ရေထဲတွင် ပစ်ချထားခဲ့ခြင်း ဖြစ်သည်။

သရက်ခေါင်းကျေးရွာထဲ စစ်ကောင်စီထိုးဝင်လာသည့် စစ်ကောင်စီတပ် ခြေမြန်တပ်ရင်း ၃၆၁ နှင့် ပျူစောထီး အဖွဲ့ အင်အား ၁၅၀ ကျော်က အဆိုပါ ကျေးရွာအား တတိယအကြိမ် မီးရှို့ဖျက်ဆီးခဲ့သည်ဟု ကျွန်းလှ-ကန့်ဘလူ တက်ကြွ လှုပ်ရှာသူများအဖွဲ့မှ တာဝန်ရှိသူက ပြောသည်။

သရက်ခေါင်းကျေးရွာသည် ယခုအကြိမ်သည် တတိယအကြိမ်မြောက် မီးရှို့ခံရခြင်းဖြစ်ပြီး ယခုနှစ် ဧပြီလနှင့် မေလတို့တွင်လည်း နှစ်ကြိမ် မီးရှို့ခံခဲ့ရပြီး နေအိမ် ၅ လုံးနှင့် စာသင်ဆောင် ၃ ဆောင် မီးလောင်ခဲ့ပြီး ဖြစ်သည်ဟု ကျွန်းလှ-ကန့်ဘလူ တက်ကြွ လှုပ်ရှာသူများအဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။

သတ်ဖြတ်ခံထားရသည့် ဒေသခံများသည် အင်တောပေါက်တဲတိုက်နယ်မှ အသက် ၆၀ နှစ်အရွယ် ဦးကံထွန်း၊ ဖလံချိုင်ကျေးရွာမှ အသက် ၂၅ နှစ်အရွယ် ကိုကောင်းမြတ် နှင့် ရင်ခတ်ကုန်းကျေးရွာမှ အသက် ၁၉ နှစ်အရွယ် မောင်ရဲမင်းတို့ သတ်ဖြတ်ခံရခြင်း ဖြစ်ကြောင်း ကျွန်းလှ-ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့က ထုတ်ပြန် ထားသည်။

ထို့နောက် ဩဂုတ်လ ၃၁ ရက်နေ့၊ နံနက် ၁၁ နာရီအချိန်ခန့်၌ သရက်ခေါင်းကျေးရွာရှိ လူနေအိမ် ၅ လုံးအား မီးရှို့ သွားပြီး အဆိုပါ စစ်ကောင်စီ စစ်ကြောင်းသည် ဩဂုတ်လ ၂၅ ရက်နေ့၌လည်း ဇီးကုန်းတိုက်နယ်နှင့် ထန်းကုန်း တိုက်နယ်တို့မှ လူနေအိမ်များအား မီးရှို့ဖျက်ဆီးခဲ့ပြီး ပြည်သူပိုင် ပစ္စည်းဥစ္စာများကိုလည်း သိမ်းယူသွားကြသည် ဟု ဆိုသည်။

ကန့်ဘလူမြို့နယ်တွင် စစ်ကောင်စီ လက်အောက်ခံ ခြေမြန်တပ် စစ်ကြောင်း ၃၆၁ နှင့် ပျူစောထီးအဖွဲ့တို့သည် ကျေးရွာ ၁၄ ရွာအား မီးရှို့ဖျက်ဆီးခဲ့ပြီး ဒေသခံပြည်သူ ၂ သောင်းကျော်က ဘေးလွှတ်နိုင်မည့် နေရာများတွင် ထွက်ပြေးတိမ်းရှောင်နေကြရသည်။

အဆိုပါ စစ်ရှောင်ပြည်သူများအတွက် ယခုကဲ့သို့ မိုးတွင်းကာလတွင် အမိုးအကာများ၊ ဆေးဝါးနှင့် စားနပ်ရိက္ခာ များ အကူအညီ လိုအပ်နေကြောင်း ကျွန်းလှ-ကန့်ဘလူ တက်ကြွလှုပ်ရှားသူများ အဖွဲ့က ထုတ်ပြန်ထားသည်။

Most read this week

October 26, 2024
၂၀၂၄ ခုနှစ် အောက်တိုဘာလ ၂၆ ရက်။ကချင်ပြည်နယ် ပန်ဝါမြို့ကို သိမ်းပိုက်လိုက်သည့် ကချင်လွတ်လပ်ရေး...
October 25, 2024
စစ်ကောင်စီက ကရင်နီပြည်နယ်အတွင်းရှိ မြို့ပေါ်ရပ်ကွက်အချို့၌ သန်းခေါင်စာရင်း ကောက်ယူမှုများ...
October 24, 2024
ရှမ်းပြည်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့တွင် စစ်ပွဲအတွင်း...
October 23, 2024
စစ်ကောင်စီတပ်က ၎င်းတို့ လက်လွှတ်ဆုံးရှုံးထားရသည့် ရှမ်းမြောက်ဒေသထဲက လားရှိုးမြို့အပါအဝင်...