စစ်ကောင်စီတပ်သားများ ရိုက်နှက်ခဲ့သည့် ကလေးမြို့က ချင်းအမျိုးသမီး ၁ ဦး သေဆုံး

စစ်ကောင်စီတပ်သားများ ရိုက်နှက်ခဲ့သည့် ကလေးမြို့က ချင်းအမျိုးသမီး ၁ ဦး သေဆုံး

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့တွင် လုံခြုံရေး အကြောင်းပြကာ စစ်ဆေးမှုလုပ်ဆောင်ခဲ့ချိန် စစ်ကောင်စီ တပ်သားများ၏ ရိုက်နှက်စစ်ဆေးခြင်းကို ခံခဲ့ရသော ချင်းအမျိုးသမီးတစ်ဦး သေဆုံးသွားသည်။

ဩဂုတ်လ ၂၇ ရက်နေ့တွင် လုံခြုံရေးကိုအကြောင်းပြကာ စစ်သားများ စစ်ဆေးရိုက်နှက်ခဲ့ရာ အဆိုပါ အမျိုး သမီးမှာ စက်တင်ဘာလ ၅ ရက်နေ့၊ ညနေပိုင်းတွင် သေဆုံးသွားခဲ့ခြင်း ဖြစ်သည်။

ဒေသခံတစ်ယောက်က “တော်တော်လေး အရိုက်ခံရတာ၊ ပြီးတော့ ဆိုင်ကယ်ကိုလည်း ၅၀၀၀၀ နဲ့ လာရွေးဖို့ကို လည်း ပြောတာပေါ့။ အရိုက်ခံရတဲ့သူက နောက်နေ့ မနက် ဆိုင်ကယ်နဲ့ ဖုန်းကို ၅၀၀၀၀ နဲ့ သွားရွေးမယ့် မနက်မှာ ပဲ ထမင်းစားနေတဲ့အချိန် ခေါင်းတွေ ကိုက်ခဲတယ်၊ နားရွက်ကနေလည်း သွေးတွေထွက်တာ။ အဲ့ဒါကြောင့် ကလေးမြို့ ပေါ်က ဆေးရုံတင်လိုက်ရတယ်” ဟု ပြောသည်။

ထို့နောက် “ကလေးမြို့ပေါ်က ဆေးရုံမှာ ဆေးကုသနေတဲ့ အချိန် သူ့ရဲ့အနာဟာ သက်သာလာတာ မရှိတဲ့အတွက် မန္တလေး မြို့က ဆေးရုံတွေကိုလွဲပြီး မန္တလေးကိုသွားနေတဲ့ အချိန်လမ်းပေါ်မှာပဲ ရရှိထားတဲ့ ဒဏ်ရာကြောင့် စက် တင်ဘာလ ၅ ရက်နေ့ ညနေပိုင်းမှာတော့ သေဆုံးသွားပြီလို့ သိရပါတယ်” ဟု ဆက်ပြောသည်။

အသက် ၃၀ အရွယ် အဆိုပါ အမျိုးသမီးမှာ ရိုက်နှက်ခံထားရသည့် ဒဏ်ရာများကြောင့် သေဆုံးသွားခြင်း ဖြစ် သည်ဟု ဆိုသည်။

ပြည်တော်သာကျေးရွာတွင် နေထိုင်သူ အဆိုပါ အသက် ၃၀ နှစ်ခန့်အရွယ် မဒိုဒိတ်ဟွဲသည် ကလေးမြို့သို့ သူငယ် ချင်းဖြစ်သူနှင့်အတူ လာသည့်အချိန်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ ၎င်းတို့၏ ဆိုင်ကယ်နှင့်ဖုန်း၊ ပိုက်ဆံအိတ် တို့ ကို သိမ်းဆည်းခဲ့သည်။

ထိုသို့ သိမ်းဆည်းခဲ့သည့်အပြင် မဒိုဒိတ်ဟွဲကို ရိုက်နှက်ဖမ်းဆီးကာ ပိုက်ဆံ ကျပ် ၅၀၀၀၀ ဖြင့် ဆိုက်ကယ်နှင့် ဖုန်းတို့ကို နောက်တနေ့တွင် လာရွေးရန် ပြောဆိုသွားခြင်း ဖြစ်သည်။

အလားတူပင် ဩဂုတ်လ ၂၇ ရက်နေ့ကလည်း ကလေးမြို့မှ တာဟန်းဖက်ကိုလာသည့် အမျိုးသမီး နှစ်ဦးကို စစ်ကောင်စီ တပ်ဖွဲ့ဝင်များက ဆိုင်ကယ်လိုင်စင်သည်ကို အကြောင်းပြကာ ငွေညှစ်တောင်းခံမှုများ ရှိခဲ့သည်ဟု မြို့ခံအချို့က ဆိုသည်။

ကလေးမြို့ခံတစ်ဦးက “ ဒီဗိုလ်ချုပ်လမ်းမကြီးပေါ်မှာပဲ စစ်သားကော၊ ရဲကောပါတဲ့ အဖွဲ့ကပေါ့ လိုင်စင်မပါလို့ ဆို ပြီး ပိုက်ဆံ(၅) သိန်းတောင်းတယ်၊ အခုချက်ချင်းပေးပေါ့ ၊ မပေးရင်ဖမ်းမယ်ဆိုပြီး လက်ထိပ်လဲခတ်တယ်ပေါ့၊ (၅)သိန်းမရှိဘူး၊ ရှိတဲ့(၃)သိန်းကိုပဲယူကြဆိုတော့ ပြန်လွှတ်ပေးကြတယ်” ဟု ပြောသည်။

စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့တွင် ၂၀၂၂ ခုနှစ်မှစပြီး စစ်ကောင်စီ တပ်ဖွဲ့ဝင်များက ဖြတ်သန်းသွားလာနေ ကြသည့် ဒေသခံပြည်သူများကို အတင်းအဓမ္မ ငွေညှစ်တောင်းခံခြင်း၊ ဖမ်းဆီးရိုက်နှက် စစ်ဆေးခြင်းများကို ပိုမို လုပ်ဆောင်လာသည်ဟု ဆိုကြသည်။

ထိုသို့သော လူ့အခွင့်အရေးချိုးဖောက်မှုများကို စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့်အတူ ပျူစောထီးအဖွဲ့များလည်း ပါဝင်ကာ ချိုးဖောက်နေကြခြင်း ဖြစ်သည်။

Most read this week

October 28, 2024
ချင်းပြည်နယ် ဖလမ်းမြို့မှာ စစ်ကောင်စီတပ်ဖွဲ့နဲ့ ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (CNO/CNDF) အကြား...
October 28, 2024
ချင်းပြည်နယ်က မြို့နယ် ၉ မြို့နယ်ထဲမှာ စစ်ကောင်စီတပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုခံရတာအများဆုံးကြုံ...
October 25, 2024
ဇိုလဲန်းပြည်သူ့ရဲ့တပ်ဖွဲ့ (People’s Police Force-Zoland) နဲ့ ပူးပေါင်းပြီး တီးတိန်မြို့နယ်ထဲမှာ...
October 11, 2024
ယခု ၂၀၂၄ ခုနှစ်အတွင်းတီးတိန်မြို့နယ်နှင့် တွန်းဇံမြို့နယ်တို့မှာ ဘိန်းစိုက်ပျိုးမှု...