လုပ်သားရှားပါးမှုကြောင့် မွန်ပြည်နယ်က ရော်ဘာခြံလုပ်ငန်းများ ပြန်စဖို့ အခက်ကြုံ

လုပ်သားရှားပါးမှုကြောင့် မွန်ပြည်နယ်က ရော်ဘာခြံလုပ်ငန်းများ ပြန်စဖို့ အခက်ကြုံ
ဓာတ်ပုံ-CJ
ဓာတ်ပုံ-CJ

မွန်ပြည်နယ်မှာ စစ်ကောင်စီလက်ထက် လုပ်သားရှားပါးမှု ပြဿနာ ပိုမိုကြီးထွာလာမှုနှင့် အတူ နိုင်ငံရေး မတည် ငြိမ်မှုမှုကြောင့် ရော်ဘာခြံလုပ်ငန်းများ ပြန်စဖို့ အခက်ကြုံရနေသည်ဟု ရော်ဘာခြံရှင်များက သံလွင်တိုင်းမ်ကို ပြောသည်။

ရော်ဘာခြံလုပ်ငန်းများကို မွန်ပြည်နယ်တွင် နှစ်စဉ် စက်တင်ဘာလမှ မေလအထိလုပ်ကိုင်ကြခြင်း ဖြစ်ပြီး ယခု နှစ်တွင် ကျွမ်းကျင်လုပ်သားရှားပါးမှုနှင့် ပြဿနာကို အကြီးအကျယ် ရင်ဆိုင်နေရသည်။

ရော်ဘာခြံလုပ်ငန်းများမှာ လုပ်သားအသစ်များ ခေါ်ယူ၍မရခြင်း၊ ယခင်ရှိပြီးသား ကျွမ်းကျင်လုပ်သားများက လည်း ကုန်ဈေးနှုန်း အဆမတန်ကြီးမြင့်မှုနှင့် စားဝတ်နေရေး အခက်အခဲမှုများကြောင့် တဖက်နိုင်ငံတို့တွင် သွား ရောက် အလုပ်လုပ်ကိုင်နေသောကြောင့် လုပ်သားရှားပါးလာခြင်း ဖြစ်သည်။

ရော်ဘာခြံရှင်တစ်ဦးက “အလုပ်သမားရှားပါးမှုက နှစ်တိုင်းကြုံနေရတာ။ ဘာဖြစ်လို့လဲဆိုတော့ ရော်ဘာရဲ့ အလုပ်က လုပ်သားတွေ တအားသုံးရတာများတဲ့အခါ နှစ်တိုင်းတော့ ဒီအခက်အခဲတော့ ရှိနေမှာပဲလေ။ ဘယ်လို အခြေအနေကြောင့်လဲဆို မြန်မာပြည်မှာ လုပ်စားလို့ အဆင်မပြေတော့ဘူးလေ။ ငတ်တလှည့် ပြတ်တလှည့် ဖြစ် လာပြီလေ။ နောက်ပြီးတော့ သန်မာတဲ့သူတွေ၊ ငယ်ရွယ်တဲ့သူတွေက ထိုင်းကိုသွားကုန်ကြပြီလေ။ မွန်ပြည်နယ် မှာကတော့ ရွာမှာပဲဖြစ်ဖြစ်၊ မြို့မှာပဲဖြစ်ဖြစ်၊ ဘယ်နယ်ပဲဖြစ်ဖြစ် အသက်ကြီးရွယ်အိုနဲ့ စီးပွားရေးလုပ်တဲ့ သူ လောက်ပဲ ကျန်တာ” ဟု ပြောသည်။

ထို့အပြင် အခြားသော တိုင်းနှင့် ပြည်နယ်တို့က အလုပ်သမားများကိုလည်း ခေါ်ယူရခက်ခဲခြင်းကြောင့် ကျွမ်း ကျင်လုပ်သား ရှားပါးမှုနှင့် ကြုံနေရသည်ဟု အဆိုပါ ရော်ဘာခြံရှင်က ဆက်ပြောသည်။

“ဒီကလူတွေမရှိတော့ ဧရာဝတီတိုင်းတို့၊ ပဲခူးတိုင်းတို့က လူတွေကိုခေါ်ပြီးတော့ တစ်ခါလုပ်ရပြန်၊ ကိုယ့်နယ် က လူ မဟုတ်တော့ခေါ်ရတာလည်း ခက်ခဲတာပေါ့။ ဒီလိုပဲခက်ခဲတယ် အရာရာအကုန်လုံးပါပဲ။”

ရော်ဘာကျွမ်းကျင် လုပ်သားများကို ပြီးခဲ့သည့်နှစ်က အစေးခြစ်ခ အနေဖြင့် တစ်ပင်ကို ၁၃ ကျပ် ပေးခဲ့ရပြီး လက်ရှိ ကျွမ်းကျင်လုပ်သား ရှားပါးလာခြင်းကြောင့် တစ်ပင်အား ၁၅ ကျပ် အထိ တိုးပေးနေသော်လည်း လာ ရောက် လုပ်ကိုင်မှု မရှိကြတော့ဘူးဟု ဆိုသည်။

ရော်ဘာခြံလုပ်သား အဟောင်းများလည်း မရှိတော့သလို လုပ်သားအသစ်လည်း မရရှိပါက ခြံပိတ်ထားရမည့် အခြေအနေမျိုး ဖြစ်လာနိုင်ကြောင်း အခြား ရော်ဘာခြံပိုင်ရှင် တစ်ဦးက ပြောသည်။

“အခု ကျွန်တော်တို့ကတော့ လုပ်သားရှာနေတုန်းပေါ့။ လုပ်သားအဟောင်းတွေကလည်း ထိုင်းတက်ကုန်ပြီ။ လုပ်သား အသစ်တွေကိုတော့ ရှာနေတုန်းပဲ။ ခြံ (၃) ဧက၊ (၄) ဧက၊ (၅) ဧကတွေပေါ့နော် ရတဲ့သူလည်း ရ တယ်။ မရ တဲ့ သူလည်းမရ ဒီလိုပါပဲ။ ဒါပေမယ့် ဒီဘက်က ဒေသခံ အမြောက်အများက အဲဒီလိုပေါ့။ ထိုင်း၊ မလေးရှား သွား လိုက်တဲ့အပေါ်မှာ အလုပ်သမားရှားပါးမှု အခက်အခဲ ဖြစ်တာပေါ့။ အဓိက က ရော်ဘာခြံ သမားတိုင်းက အလုပ် သမား မွေးထားနိုင်မှလေ။ ဒါက အလုပ်သမား ပြတ်တယ်ဆိုတာနဲ့ အစေးခြစ်တဲ့ လုပ် ငန်းလည်း ရပ်ကုန်ပြီလေ။ ခြံပိတ်သွားမှာပေါ့။ ခြံမခြစ်ပဲနဲ့နေရမှာပေါ့၊ ဒါပါပဲ။”

ရော်ဘာကျွမ်းကျင် လုပ်သားရှားပါးမှုကြောင့် ရော်ဘာလုပ်ငန်းများ အပြည့်အဝ ပြန်လည်ပတ်ရန်အတွက် အခက်အခဲရှိလာနေပြီး သတ်မှတ်အချိန်အတွင်း လုပ်သားမရပါကလည်း တနိုင်တပိုင်သာ လုပ်ကိုင်ရမည့် အခြေ အနေမျိုး ဖြစ်လာပါက ရော်ဘာထွက်ကုန် သိသိသာသာ ကျဆင်းလာနိုင်သည်ဟု ရော်ဘာခြံရှင်များ က ဆိုသည်။

တဖက်တွင် အခြားတိုင်းနှင့် ပြည်နယ်က ရော်ဘာကျွမ်းကျင်လုပ်သားများမှာ စစ်ကောင်စီ၏ နယ်မြေဖြတ်ကျော် သွားလာ ခွင့်ကန့်သတ်ချက်များ၊ ဧည့်စာရင်း အခက်အခဲများအပြင် ညမထွက်ရအမိန့်များကြောင့်လည်း လာ ရောက် လုပ်ကိုင်သူ နည်းပါးလာခြင်း ဖြစ်သည်။

မွန်ပြည်နယ်မှာ ရော်ဘာစိုက်ပျိုးဧက ငါးသိန်းကျော်ရှိသည့် ပြည်နယ်တစ်ခုဖြစ်ပြီး နှစ်စဉ်ရော်ဘာတန်ချိန် တစ်သိန်းကျော် ထွက်ရှိနေကာ ရော်ဘာကဏ္ဍမှ အမေရိကန် ဒေါ်လာသန်းနှင့်ချီ ဝင်ငွေရရှိသည်။

သို့သော် ရော်ဘာကဏ္ဍမှာ အာဏာသိမ်းကာလအတွင်း စစ်ကောင်စီ၏ ကန့်သတ်ချက်များအပြင် မူဝါဒ အလွှဲ အမှားများကြောင့် နာလန်မထူနိုင် ဖြစ်နေရသည်ဟု လုပ်ငန်းရှင်များက ဆိုသည်။

October 28, 2024
မွန်ပြည်နယ် မော်လမြိုင်မြို့ ထားဝယ်စုရပ်ကွက်ရှိ သံလွင်တိုင်းမ်သတင်းဌာန...
October 25, 2024
မွန်ပြည်နယ် သထုံမြို့နယ်ရှိ သထုံအကျဉ်းထောင်မှာ ဖမ်းဆီးအကျဉ်းကျခံနေရတဲ့ အကျဉ်းသားတွေကို...
October 24, 2024
နယ်မြေစိုးမိုးမှု ပြန်လည်ရရှိရေးအတွက် တနင်္သာရီတိုင်းရှိ မြို့နယ်တွေမှာ တန်ပြန်စစ်ဆင်ရေးအ ဖြစ်...
October 23, 2024
ပဲခူးတိုင်း ဒိုက်ဦးမြို့နယ် ဒိုက်ဦးအကျဉ်းထောင်မှာ သောက်သုံးရေ ပြတ်လပ်မှုဖြစ်ပေါ်နေပြီး ချိုးရေ...