NCA လက်မှတ်ထိုး လက်နက်ကိုင် ၅ ဖွဲ့ နှင့် NSPNC နေပြည်တော်တွင် ၃ ရက်ကြာ တွေ့ဆုံဆွေးနွေးမည်

NCA လက်မှတ်ထိုး လက်နက်ကိုင် ၅ ဖွဲ့ နှင့် NSPNC နေပြည်တော်တွင် ၃ ရက်ကြာ တွေ့ဆုံဆွေးနွေးမည်

စစ်ကောင်စီ၏ ငြိမ်းချမ်းရေး ဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ NSPNC  နှင့် အပစ်ရပ် သဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးထားသည့် လက်နက်ကိုင် တပ်ဖွဲ့  ၅ ဖွဲ့တို့ နေပြည်တော်တွင် (၃) ရက်ကြာ တွေ့ဆုံဆွေးနွေးမည် ဖြစ်ကြောင်း NCA-S EAO အဖွဲ့ တာဝန်ရှိသူက ပြောသည်။

သြဂုတ်လ ၂၉ ရက်နေ့မှ စတင်ကာ စစ်ကောင်စီမှ ဗိုလ်ချုပ်ရာပြည့်  ဦးဆောင်သည့် NSPNC ကိုယ်စားလှယ်အဖွဲ့  နှင့် အပစ်ရပ် (NCA) လက်မှတ်ရေးထိုးသည့် လက်နက်ကိုင် ၅ ဖွဲ့၏ ကိုယ်စားလှယ်များသည် သြဂုတ်လ (၃၁) ရက်နေ့အထိ တွေ့ဆုံဆွေးနွေးကြမည်ဟု NCA-S EAO မှ တာဝန်ရှိသူ တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“တွေ့ဆုံမှုမှာ အဖွဲ့ဝင် (၅) ဖွဲ့ရဲ့ ကိုယ်စားလှယ် အသီးသီး တက်ရောက် ဆွေးနွေးနေပါတယ်။ ဆွေးနွေးမှုကတော့ (၃) ရက်ကြာ ပြုလုပ်မှာ ဆိုတော့ မနက်ဖြန်မှပဲ အစည်းအဝေးက ပြီးမှာပါ။ ဆွေးနွေးမှု အသေးစိတ် အချက်အ လက်တွေကိုတော့ ဆွေးနွေးပွဲပြီးတဲ့ မနက်ဖြန်မှ သိရမှာပေါ့” ဟု NCA-S EAO တာဝန်ရှိသူ တစ်ဦးက ပြောသည်။

NSPNC နှင့် တွေ့ဆုံဆွေးနွေးမှုတွင် အပစ်ရပ် (NCA) အဖွဲ့ (၅) ဖွဲ့တို့သည် ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP)၊ ဒီမိုကရေစီအကျိုးပြု ကရင့်တပ်မတော်(DKBA)၊ ကရင်ငြိမ်းချမ်းရေးကောင်စီ (KNU/KNLA-PC)၊ လားဟူ ဒီမိုက ရက်တစ် အစည်းအရုံး (LDU) နှင့် ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO) တို့မှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြသည်။

တွေ့ဆုံရာတွင် စစ်ကောင်စီ၏ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေမှ ပြင်ဆင်လိုသည့် ပုဒ်မများ၊ ရွေးကောက်ပွဲပြုလုပ် မည့် ကိစ္စများကို ဆွေးနွေးနိုင်ခြေ ရှိကြောင်းလည်း နိုင်ငံရေး လေ့လာသုံးသပ်သူ အမည်မဖော်လိုတစ်ဦးက ပြော ဆို သုံးသပ်ထားသည်။

“ကြိုပြီးတပ်အပ်ပြောနိုင်တဲ့ ကိစ္စ မဟုတ်ပေမဲ့ တိုင်းရင်းသားတွေ လိုလားတဲ့ ၂၀၀၈ ဖွဲ့စည်းပုံကို ပြန်ဆင်လိုတဲ့ အချက်တွေ၊ ပြီးတော့ ဖက်ဒရယ် ဒီမိုကရေစီ နိုင်ငံဖွဲ့စည်း တည်ထောင်ဖို့ ငြိမ်းချမ်းရေးလုပ်ငန်းစဥ်တွေကို ဆွေး နွေးဖြစ်ကြမယ် ထင်တယ်။ နောက်ပြီးတော့ ရွေးကောက်ပွဲ ကျင်းပမယ့် ကိစ္စလည်းပါမှာပေါ့၊ စစ်ကောင်စီ အနေ နဲ့ ဒါတွေကိုပဲ ဆွေးနွေးဖို့ရှိတယ်” ဟု အမည်မဖော်လိုသည့် နိုင်ငံရေး လေ့လာသုံးသပ်သူ တစ်ဦးက သျှမ်းသံ တော်ဆင့်ကို ပြောဆိုထားသည်။

ယခု တစ်ကြိမ် NCA-S EAO နှင့် NSPNC တို့၏ တွေ့ဆုံဆွေးနွေးမှုတွင် NCA လက်မှတ်ရေးထိုးထားသည့် သျှမ်း ပြည် ပြန်လည်ထူထောင်ရေး ကောင်စီ/သျှမ်းပြည် တပ်မတော် (RCSS/SSA) နှင့် မွန်ပြည်သစ်ပါတီ (NMSP) တို့က မတက်ရောက်ကြကြောင်းဘူးဟုလည်း နီးစပ်သူများက ဆိုသည်။

လက်ရှိတွင် PPST ၏ တင်းပြည့် အဖွဲ့ဝင်အဖြစ် ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP)၊ ဒီမိုကရေစီ အကျိုးပြု ကရင့် တပ်မတော် (DKBA)၊ ကရင် အမျိုးသား အစည်းအရုံး/ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် ငြိမ်းချမ်းရေးကောင်စီ (KNU/ KNLA-PC)၊ လားဟူဒီမိုကရက်တစ် အစည်းအရုံး (LDU)၊ ပအိုဝ်း အမျိုးသား လွတ် မြောက်ရေး အဖွဲ့ချုပ် (PNLO) တို့ ဖြစ်ကြပြီး မွန်ပြည်သစ်ပါတီ (NMSP) နှင့် သျှမ်းပြည် ပြန်လည် ထူထောင် ရေး ကောင်စီ၊ သျှမ်းပြည် တပ်မတော် RCSS/SSA တို့က ပူးပေါင်းအဖွဲ့ဝင် အဖြစ်သာ ရှိနေကြခြင်း ဖြစ်သည်။

လက်ရှိတွင် စစ်ကောင်စီသည် ငြိမ်းချမ်းရေး လုပ်ငန်းစဥ်များအား ဖော်ဆောင်ရန်အတွက်ဟု ဆိုကာ တနိုင်ငံလုံး အပစ်ခတ်ရပ်စဲရေး (၁) နှစ် ကြေညာထားသော်လည်း မြေပြင်စစ်ပွဲများက ဆက်လက် ဖြစ်ပွားနေသည်။

Most read this week

October 28, 2024
မြန်မာ-တရုတ်နယ်စပ် ‘ဝ’တပ်ဖွဲ့ UWSA နှင့် မိုင်းလားတပ်ဖွဲ့ NDAA တို့ ထိန်းချုပ်ထားသည့်...
October 25, 2024
ထိုင်း-မြန်မာနယ်စပ်ဖြစ်သည့် တာချီလိတ်မြို့ နှင့်ကျိုင်းတုံမြို့ ရှိ ဂိုဒေါင် တချို့ကို...
October 25, 2024
သျှမ်းပြည် သီပေါမြို့ပေါ် ရပ်ကွက်များတွင် လုံခြုံရေးကင်းမဲ့ကာ သူခိုးရန်ကြောင့် ပြည်သူနေအိမ်များ...
October 24, 2024
သျှမ်း-မန္တလေးနယ်စပ် ပြင်ဦးလွင်မြို့ရှိ တပ်မိသားစုဝင်များကို စစ်ကောင်စီက...