လူသားချင်းစာနာမှု အကူအညီများ တိုက်ရိုက်ရောက်ရှိရေး အလေးထားဆောင်ရွက်ရန် နိုင်ငံတကာနှင့် ဒေသတွင်း အဖွဲ့များအား BPHWT တောင်းဆို

လူသားချင်းစာနာမှု အကူအညီများ တိုက်ရိုက်ရောက်ရှိရေး အလေးထားဆောင်ရွက်ရန် နိုင်ငံတကာနှင့် ဒေသတွင်း အဖွဲ့များအား BPHWT တောင်းဆို

နိုင်ငံတကာနှင့် ဒေသတွင်း အဖွဲ့အစည်းများအနေဖြင့် အရေးပေါ် အကူအညီများနှင့် လူသားချင်းစာနာမှု အကူ အညီများ အမှန်တကယ်လိုအပ်နေသူများထံသို့ ဆက်စပ်ဆောင်ရွက်နေသူများမှတဆင့် တိုက်ရိုက် ရောက်ရှိနိုင် ရေးကို အလေးထားဆောင်ရွက်ရန် တောင်းဆိုကြောင်း နယ်လှည့်ကျောပိုးအိတ် ကျန်းမာရေးလုပ်သားအဖွဲ့ (Back Pack Health Worker Team)က တောင်းဆိုလိုက်သည်။

ပြီးခဲ့သည့် ဩဂုတ်လ ၁၈ရက်နေ့တွင် နယ်လှည့်ကျော်ပိုး အိတ်ကျန်းမာရေးလုပ်သားအဖွဲ့ (BPHWT) ဖွဲ့စည်းတည် ထောင်ခြင်း ၂၅ နှစ်မြောက် ငွေရတုအထိမ်းအမှတ်နေ့အတွက် ထုတ်ပြန်လိုက်သော ကြေညာချက်တွင် ထိုသို့ တောင်းဆိုထားခြင်း ဖြစ်သည်။

BPHWT အဖွဲ့ ဒါရိုက်တာ စောဝင်းကျော်က “တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ အိုးအိမ်စွန့်ခွာပြီး စစ်ဘေးရှောင် ရတဲ့ ပြည်သူ အများကြီးရှိတယ်။ အဲဒီပြည်သူလူထုအတွက် လူသားချင်းအကူအညီလိုအပ်တယ်။ အဲဒီအကူအညီ တိုက်ရိုက်ပေးဖို့က ကူညီဆောင်ရွက်ပေးနေကြ အဖွဲ့အစည်းတွေကနေ တဆင့်၊ နယ်စပ်ဖြတ်ကျော် အကူအညီ လုပ်ဆောင်ပေးနေတဲ့ အဖွဲ့ကနေ တဆင့် ပေးရင်ကောင်းမယ်လို့ မြင်တယ်။ လူထုတွေ စစ်ရှောင်ရတာက စစ်အုပ် စု လက်ချက်ဖြစ်တာကြောင့် သူတို့ဆီကနေတဆင့် ဖြတ်ပြီး အကူအညီသွားတာမျိုးကတော့ မဖြစ်သင့်တဲ့ အ တွက် အဲဒါကို တောင်းဆိုပြီးထုတ်ပြန်ရတာဖြစ်တယ်” ဟု ကေအိုင်စီသို့ ပြောသည်။

ထို့အပြင် လူသားချင်းစာနာမှုအကူအညီများကို နယ်စပ်ဖြတ်ကျော် အကူအညီများမှတစ်ဆင့် သက်ဆိုင်ရာ အဖွဲ့ အစည်းများသို့ တိုက်ရိုက် ပူးပေါင်းဆောင်ရွက်ရန်၊ ဖက်ဒရယ်ကျန်းမာရေး စနစ်တည်ဆောက်မှုတွင် နိုင်ငံတကာ နှင့် ဒေသတွင်းအဖွဲ့အစည်းများမှ တိုင်းရင်းသားကျန်းမာရေးအဖွဲ့အစည်းများနှင့် ပူးပေါင်း ဆောင်ရွက်ရန်၊ မတရားဖမ်ဆီးခံနေရသော ကျန်းမာရေးလုပ်သားများအား ချွင်းချက်မရှိ အမြန်ဆုံး လွတ်မြောက်ရေးအတွက် စစ်အုပ်စုအား နည်းလမ်းပေါင်းစုံဖြင့် ဖိအားပေးရန် BPHWTက တောင်းဆိုထားသည်။

ဆက်လက်၍ ဆေးရုံ၊ ဆေးခန်းများနှင့် လူထုများအား စစ်အုပ်စုမှပစ်မှတ်ထားတိုက်ခိုက်နေမှုများကို နိုင်ငံတကာ မှ အမြန်ဆုံးအရေးယူ ဆောင်ရွက်ရန်၊ နိုင်ငံတကာမှ စစ်အုပ်စုအား အသိအမှတ်ပြု ဆောင်ရွက်မှုများအား လုံးဝ (လုံးဝ) ရပ်ဆိုင်းရန်နှင့် လူသားချင်းစာနာမှုအကူအညီနှင့် ဖွံ့ဖြိုးရေးအကူအညီများဖြင့် စစ်အုပ်စုကို အကျိုးစီး ပွားဖြစ်စေသည့် ဆောင်ရွက်နေမှုများအား ရပ်ဆိုင်းရန်ကိုလည်း BPHWT က ဆက်လက် တောင်းဆိုထားသည်။

BPHWT ၏ ထုတ်ပြန်ကြေညာချက်အရ ဆယ်စုနှစ် (၃)ခုကျော် တည်ဆောက်ထားခဲ့သော တိုင်းရင်းသား ကျန်းမာ ရေးစနစ်နှင့် လွန်ခဲ့သော ဆယ်စုနှစ်အတွင်း တည်ဆောက်ခဲ့သော အစိုးရကျန်းမာရေးစနစ်တို့၏ ဖြစ်ထွန်းတိုး တက်အောင်မြင်မှုများသည် ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုကြောင့် အာဏာဖီဆန်ရေး လှုပ်ရှားမှုများနှင့် စစ်အာ ဏာရှင်များ၏ စီမံခန့်ခွဲမှုညံ့ဖျင်းမှုများကြောင့် ကျန်းမာရေးစနစ်တစ်ခုလုံး ပြိုလဲပျက်စီးခဲ့ရပြီး လူထု ကျန်းမာ ရေး စောင့်ရှောက်မှုလုပ်ငန်းများလည်း လက်လှမ်းမီမှုမရှိသလောက်ဖြစ်ခဲ့ရသည်ဟု ထောက်ပြထားသည်။

စစ်တပ်အာဏာသိမ်းပြီးသည့်နောက် ၂၀၂၂ ခုနှစ်အတွင်း လူနာအရေအတွက် (၁၀၅,၅၈၄) ခန့်ကို ပြုစုကုသပေး ကာ ကိုယ်ဝန်ဆောင် မိခင်(၃,၀၀၀)ကျော်ကို ပြုစုစောင့် ရှောက်ပေးခဲ့ကြောင်း၊ ကလေး(၂၀၃၉)ဦးကို မွေးဖွားပေး နိုင်ခဲ့ပြီး ကလေး(၁၈၇၉) ဦးကိုလည်း မွေးစာရင်းမှတ်တမ်းထုတ်ပေးနိုင်ခဲ့ကြောင်း BPHWT ၏ ထုတ်ပြန် ကြေ ညာချက်တွင် ဖော်ပြပါရှိသည်။ ထို့အပြင် မြန်မာနိုင်ငံတွင် စစ်ပွဲဖြစ်ပွားသောဒေသနှင့် သဘာဝဘေး ဒဏ်ခံနေရ သည့်ဒေသတွင် ရှေးဦးသူနာပြုလုပ်သားအယောက် ၂၀၀၀ နီးပါး မွေးထုတ်ပေးခဲ့ကြောင်းလည်း BPHWT က ပြောသည်။

“စစ်တပ်အာဏာသိမ်းပြီးတဲ့နောက်မှာသိတဲ့အတိုင်းပဲ CDM လုပ်တဲ့လူတွေဖြစ်စေ၊ အကြောင်းအမျိုးမျိုးကြောင့် တိမ်းရှောင်ရပြီး ထိုင်းနိုင်ငံထဲမဟုတ်ဘဲ နယ်စပ်မှာ ရှောင်နေရတဲ့သူတွေရှိတယ်။ တောထဲမှာ ရောက်တဲ့အခါမှာ အရေးပေါ်အတွက်အဆင်ပြေအောင် ကျနော်တို့က ရှေးဦးသူနာပြု သင်တန်းတွေပေးတာတွေရှိတယ်။ သူတို့ အတွက်ဖြစ်စေ၊ အနီးအနားမှာရှိနေတဲ့သူတွေဖြစ်စေ အရေးပေါ်လိုအပ်ရင် ကုပေးလို့ရအောင် ကျနော်တို့က သင် တန်းပေးတာပေါ့” ဟု BPHWT အဖွဲ့ ဒါရိုက်တာ စောဝင်းကျော်က ဆက်ပြောသည်။

ထို့အပြင် ပြည်သူလူထု၏ ကျန်းမာရေးဆိုင်ရာအခွင့်အရေးများ ရရှိခံစားနိုင်ရန်အတွက် ဝေးလံသီခေါင်ပြီး ပဋိ ပက္ခဖြစ်ပွားနေသည့် ကရင်၊ ကရင်နီ၊ မွန်၊ ရှမ်း၊ ချင်း၊ ကချင်၊ ရခိုင်၊ ပအိုဝ်း၊ တအာင်း(ပလောင်)၊ နာဂနှင့် ကယန်း ဒေသများရှိ ပြည်တွင်းအိုးအိမ်စွန့်ခွာရသည့် ပြည်သူလူထုများအတွက် ပဏာမကျန်းမာရေးစောင့်ရှောက်မှု လုပ် ငန်းများကို ပြည်သူလူထုများနှင့်အတူ ပူးပေါင်းလုပ်ဆောင်ခြင်းရှိကြောင်းလည်း BPHWT က ပြောသည်။

နယ်လှည့်ကျောပိုးအိတ်ကျန်းမာရေးလုပ်သားအဖွဲ့ကို ၁၉၉၈ ခုနှစ်၊ ဩဂုတ်လ (၁၈)ရက်နေ့တွင် ထိုင်း-မြန်မာ နယ်စပ်တစ်နေရာ၌ စတင်ဖွဲ့စည်းတည်ထောင်ခဲ့ပြီး ကျန်းမာရေးလုပ်သားဦးရေ( ၁၂၀)ခန့် ပါဝင်သည့် ကျောပိုး အိတ်ကျန်းမာရေးလုပ်သားအဖွဲ့ငယ် (၃၂)ဖွဲ့ဖြင့် ပဏာမကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ စတင် အကောင် အထည်ဖော်ဆောင်ရွက်ခဲ့သည်။

လက်ရှိအချိန်တွင် ကျန်းမာရေးလုပ်သားဦးရေ(၅၀၀) ကျော်၊ ရိုးရာလက်သည်ဦးရေ(၇၀၀) ကျော်၊ ကျေးရွာ ကျန်း မာရေးလုပ်သားဦးရေ (၃၀၀)ကျော်ခန့်ပါဝင်သည့် ကျန်းမာရေးလုပ်သားပေါင်း (၁,၅၀၀)ကျော်နှင့် ကျောပိုး အိတ် အဖွဲ့ပေါင်း (၁၁၄) ဖွဲ့မှ ဝေးလံသီခေါင်သည့်ဒေသတွင် ကျန်းမာရေးစောင့်ရှောက်မှုများလုပ်ဆောင်ပေးခဲ့သည်ဟု အဖွဲ့၏ ထုတ်ပြန်ထားချက်အရ သိရသည်။

ထို့အတူ ကျန်းမာရေးဝန်ဆောင်မှုနှင့် ဖက်ဒရယ်စနစ် တည်ဆောက်မှုတွင် တိုင်းရင်းသားကျန်း မာရေးအဖွဲ့ အစည်းများဖြင့် စုဖွဲ့ထားသည့် Health Information System Working Group (HISWG)၊ Health Convergence Core Group (HCCG)၊ Ethnics Health System Strengthening Group (EHSSG) စသောအဖွဲ့ အစည်းများ နှင့် လည်း လက်တွဲပူးပေါင်းဆောင်ရွက်နေလျက်ရှိသည်ဟု နယ်လှည့်ကျောပိုးအိတ်ကျန်းမာရေးလုပ်သားအဖွဲ့က ပြောဆိုသည်။

BPHWT အနေဖြင့် ၂၀၀၆ ခုနှစ်တွင် မြန်မာနိုင်ငံ အရှေ့တောင်ပိုင်းဒေသရှိ ကျန်းမာရေးအခြေအနေကို မီးမောင်း ထိုးပြသည့် Chronic Emergency အစီရင်ခံစာ၊ ၂၀၁၀ ခုနှစ်တွင် Diagnosis Critical အစီရင်ခံစာ၊ ၂၀၁၅ခုနှစ်တွင် Long Road To Recovery အစီရင်ခံစာ၊ ၂၀၂၃ ခုနှစ်တွင် The Long Journey အစီရင်ခံစာ တို့ကို ထုတ်ပြန်နိုင်ခဲ့ သည်ဟု အဖွဲ့၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

Most read this week

October 29, 2024
ကရင်ပြည်နယ်၊ ဖားအံမြို့၊ အမှတ်(၃)ရပ်ကွက်တွင် စစ်ကောင်စီက ၎င်းတို့၏...
October 29, 2024
မြဝတီ-ကေ့ကရိတ် ဒေါနတောင်ကျော်လမ်းဟောင်းဘက်သို့စစ်ကောင်စီက ယခုရက်ပိုင်းအတွင်း လေကြောင်း၊...
October 28, 2024
ကရင်အမျိုးသားအစည်းအရုံး-ကေအဲန်ယူ တပ်မဟာ(၃)နယ်မြေ ညောင်လေးပင်ခရိုင်၊ ကျောက်ကြီးမြို့နယ်ရှိ...
October 26, 2024
ထိုင်း-မြန်မာ နယ်စပ် ဘုရားသုံးဆူမြို့ မှတစ်ဆင့် ဝင်လာသည့် ထိုင်းကုန်ပစ္စည်းများကို စစ်ကောင်စီ...