ထားဝယ်အကျဉ်းထောင်တွင်း ရှောင်တခင်စစ်ဆေးမှုများ ပိုလုပ်လာပြီး ပြစ်ဒဏ်တိုးမှုများ လုပ်ဆောင်နေ

ထားဝယ်အကျဉ်းထောင်တွင်း ရှောင်တခင်စစ်ဆေးမှုများ ပိုလုပ်လာပြီး ပြစ်ဒဏ်တိုးမှုများ လုပ်ဆောင်နေ

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့ရှိ အကျဉ်းထောင်တွင် ရှောင်တခင် ဝင်ရောက်စစ်ဆေးမှုများ ပိုမို လုပ် လာပြီး ကန့်သတ်ပိတ်ပင်ထားသည့် ပစ္စည်းများ လက်ဝယ်တွင် စစ်ဆေးဖမ်းဆီးရမိသူများကိုလည်း ထောင် ဒဏ်တိုးချမှတ်မှုများ လုပ်ဆောင်လာကြောင်း အကျဉ်းထောင်နှင့် နီးစပ်သူများက ပြောသည်။

ယခင်လ ဇူလိုင်လမှစ၍ ထိုကဲ့သို့ လုပ်ဆောင်လာခြင်း ဖြစ်သည်ဟု အကျဉ်းထောင်တွင်းနှင့် နီးစပ်သူများက ပြောသည်။

ထောင်တွင်းနှင့် နီးစပ်သူတစ်ဦးက “အရင်ကတော့နားလည်မှုနဲ့ ဖုန်းပြောလို့ရတယ်။ ဝန်ထမ်းတွေကို ပိုက်ဆံပေး ပြီး ဖုန်းသွင်း ခိုင်းရတယ်။ ဖုန်းခိုးပြောတာမျိုးပေါ့။ အခုနောက်ပိုင်း စစ်တပ်က စစ်ဆေးရေးဝင်တယ်။ ဖုန်းဖမ်းမိ ရင် ထောင် ၆ လ ထပ်တိုး တွေ လုပ်တယ်။ အရင်က ဖုန်းဖမ်းမိရင် ဖုန်းပဲသိမ်းတယ် အမှုမတိုးဘူး။ အခုက ဖုန်းမိ ရင် အမှုတိုးတယ်ဆိုတော့ သိပ်မပြောရဲကြတော့ဘူး” ဟု ကေအိုင်စီသို့ ပြောသည်။

ထားဝယ်အကျဉ်းထောင် အတွင်းရှိ ထောင်ဝန်ထမ်း (၄) ဦးတွင် မူးယစ်ဆေး ဖမ်းဆီးရမိသည်ဟုဆိုကာ ယခင် ဇူ လိုင်လ တတိယအပတ်မှ စတင်၍ အကျဉ်းထောင်အတွင်းသို့ စစ်ကောင်စီတပ်ဖွဲ့ဝင်များက ထောင်အတွင်း ရှောင်တခင် ဝင်ရောက်စစ်ဆေးမှုများ ပြုလုပ်ခဲ့ပြီး အကျဉ်းသားများထံတွင် မိုဘိုင်းဖုန်း ဖမ်းဆီးရရှိမှုများကြောင့် လက်ဝယ်တွေ့ရှိသူများကို ထောင်ဒဏ် (၆) လအထိ ပြစ်ဒဏ် တိုးမြင့်ချမှတ်မှုများ လုပ်ဆောင်နေကြောင်း ထောင်တွင်းနှင့် နီးစပ်သူက ပြောသည်။

အဆိုပါ ထားဝယ်အကျဉ်းထောင်တွင် ပြီးခဲ့သည့် COVID-19 ကပ်ရောဂါ စတင်ဖြစ်ပွားသည့်အချိန်မှ စတင်ကာ အကြောင်းအမျိုးမျိုးပြပြီး ဧည့်တွေ့ခွင့်ကို ယခုအချိန်ထိ ပိတ်ထားလျက်ရှိပြီး စစ်ဆေးရေး တင်းကြပ်မှုများ ပြုလုပ်လာပြီး နောက်ပိုင်းတွင်လည်း အကျဉ်းသားမျာကို ပါဆယ်ပို့ခွင့်ကို ပိတ်လိုက်ကြောင်း အကျဉ်းသား တစ်ဦး ၏ ဇနီးဖြစ်သူက ပြောသည်။

“ဟိုအရင်ကတည်းက ဧည့်တွေ့သွားပြီးဆိုရင် ကိုဗစ်ဖြစ်လို့ဘာလိုဆိုပြီး ပြောတယ် ပေးမတွေ့ဘူး။ အခုလို တွေ ဖြစ်လာတော့ ပါဆယ်ပေးမပို့တော့ဘူး။ အထဲမှာက စစ်တပ်က စိတ်ကြိုက်လုပ်နေတာ။ ပြီးခဲ့တဲ့ရက်က ပြန် လွတ်လာတော့လည်း သူခိုးတွေ၊ ဓားပြတွေ လွတ်ရက်စေ့ခါနီးသူတွေပဲ ပြန်လွတ် လာတာ။ ပြီးတော့ အခု ဖုန်း သိမ်းခံမိတဲ့သူတွေကိုလည်း ထောင်ပြောင်းမယ်လို့ပါ ပြောနေကြတယ်” ဟု ကေအိုင်စီ သို့ပြောသည်။

ပြီးခဲ့သည့် ဩဂုတ်လ ၁ ရက်နေ့က တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် အကျဉ်းသား ခုနစ်ထောင်ကျော်ကို လွှတ်ပေး သည့် အချိန်တွင်လည်း ထားဝယ်ထောင်မှ အကျဥ်းသား ၃၅ ဦး လွတ်မြောက်လာခဲ့ပြီး နိုင်ငံရေးအကျဥ်းသား ၃ ဦးသာပါဝင်ခဲ့ကြောင်းဒေသခံများက ပြောသည်။

ထားဝယ်အကျဥ်းထောင်တွင် အကျဥ်းသား၊ အကျဥ်းသူ စုစုပေါင်း တစ်ထောင်ကျော်ရှိပြီး လေးရာဝန်းကျင်မှာ နိုင်ငံရေးအကျဥ်းသားများ ဖြစ်ကြောင်းဒေသတွင်း သတင်းမီဒီယာများ၏ ရေးသားဖော်ပြ ချက်များအရ သိရ သည်။

Most read this week

October 30, 2024
ကရင်ပြည်နယ်၊ နယ်ခြားစောင့်တပ်-BGF ခေါင်းဆောင်ဗိုလ်မှူးချုပ်စောချစ်သူ၊ ဗိုလ်မှူးစောမုတ်သုန်၊...
October 30, 2024
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်အတွင်းသို့ စစ်ကောင်စီ စစ်ကြောင်းထိုး...
October 29, 2024
ကရင်ပြည်နယ်၊ ဖားအံမြို့၊ အမှတ်(၃)ရပ်ကွက်တွင် စစ်ကောင်စီက ၎င်းတို့၏...
October 29, 2024
မြဝတီ-ကေ့ကရိတ် ဒေါနတောင်ကျော်လမ်းဟောင်းဘက်သို့စစ်ကောင်စီက ယခုရက်ပိုင်းအတွင်း လေကြောင်း၊...