မယ်ရာမိုနှင့် မယ်လအူးဒုက္ခသည်စခန်းတွင် ရေကြီး၊ မြေပြိုမှုကြောင့် နေအိမ် ၁၀၀ကျော် ထိခိုက်ပျက်စီးခဲ့

မယ်ရာမိုနှင့် မယ်လအူးဒုက္ခသည်စခန်းတွင် ရေကြီး၊ မြေပြိုမှုကြောင့် နေအိမ် ၁၀၀ကျော် ထိခိုက်ပျက်စီးခဲ့

ထိုင်းနိုင်ငံ အနောက်မြောက်ဘက် မယ်ဟောင်ဆောင်ခရိုင်ရှိ မယ်ရာမိုနှင့် မယ်လအူးဒုက္ခသည်စခန်း ၂ ခုတွင် ဖြစ်ပွားခဲ့သည့် ရေကြီးမြေပြိုမှုဖြစ်စဉ်ကြောင့် စုစုပေါင်း လူနေအိမ် အလုံး ၁၀၀ ကျော် ထိခိုက်ပျက်စီးခဲ့ရသည်။

တောင်ကျချောင်းရေ စီးဆင်းလာမှုမှ တစ်ဆင့် ဖြစ်ပွားခဲ့သည့် မယ်ရာမိုဒုက္ခသည်စခန်းတွင်း ရေကြီးရေလွှမ်းမိုးမှု တွင် လူနေအိမ် ၁၅ လုံး ရေထဲမျှောပါ ပျက်စီးသွားပြီး ၄၅ လုံး ထိခိုက်ပျက်စီးခဲ့ရသလို မယ်လအူးဒုက္ခသည်စခန်း မြေပြိုမှုတွင် လူနေအိမ် ၄လုံး မြေပြိုမှုအထဲတွင် ပါသွားကာ ၄၁ လုံး ထိခိုက်ပျက်စီးခဲ့သည်ဟု ကရင်ဒုက္ခသည် များ ကော်မတီ - KRC တာဝန်ရှိသူက ပြောသည်။

KRC ဥက္ကဋ္ဌ စောရောဘတ်ထွေးက “မယ်ရာမိုက တချို့က သူတို့ဆွေမျိုးမိတ်ဆွေအိမ်မှာ သွားနေကြတာရသေး တယ်။ မယ်လအူးကမြေပြိုတော့ အိမ်တွေပျက်တဲ့အပြင် ရပ်ကွက် ၁၊ ၂၊ ၃၊ ၄ တစ်လျှောက်က မြေပြိုတော့ လူ တွေ ပြောင်းရွှေ့ရတယ်။ အဲဒီဒုက္ခသည်စခန်းတွေက အခုရိက္ခာပို့ဆောင်ဖို့ ခက်ခဲတယ်။ မယ်ရာမိုက ကားကြီးနဲ့ တဝက်သွားလို့ရတယ်။ မယ်လအူးက လုံးဝကိုကားနဲ့သွားလို့မရဘူးဖြစ်တယ်။ ရိက္ခာရောက်ဖို့က အချိန် တစ်ရက် နှစ်ရက်စောင့်ရအုံးမယ်“ ဟု ကေအိုင်စီသို့ ပြောသည်။

မယ်ရာမိုနှင့် မယ်လအူးဒုက္ခသည်စခန်းတွင် ပြီးခဲ့သည့် ဩဂုတ်လ (၁) ရက်နေ့က ဖြစ်ပွားခဲ့သည့် ရေကြီး၊ မြေပြို မှုကြောင့် နေအိမ် ၁၀၀ကျော် ထိခိုက်ပျက်စီးခဲ့ခြင်း ဖြစ်သည်။

လက်ရှိအချိန်တွင် အဆိုပါစခန်းများရှိ ချောင်းဖြတ်ကူးသည့် လမ်းတံတားအများအပြား ပျက်စီးသွားသော ကြောင့် ရေဘေးသင့် ဒုက္ခသည် စခန်းတွင် နေထိုင်သူများသည် စားနပ်ရိက္ခာ အကူအညီရရှိရန် အခက်အခဲရှိ သည့်အပြင် တံတား များပျက်စီးသည့်အတွက် ဖြတ်ကူးသွားလာမရတော့၍ စခန်းရှိ စာသင်ကျောင်းများ ပိတ် ထားလိုက်ရကြောင်း ဒုက္ခသည်များကို ကူညီဆောင်ရွက်ပေးနေသည့် ကရင်အမျိုးသမီးအစည်းအရုံး - KWO က ပြောသည်။

KWO ဥက္ကဋ္ဌဖြစ်သူ နော်ကညောဖောက “ပြန်လည်ထူထောင်ရေး အပိုင်းက ပြောဆိုဆွေးနွေးနေဆဲပဲ ဖြစ်တယ်။ အခုကတံတားတွေ လမ်းတွေပျက်တော့ သွားလာလို့မရဘူး။ အရေးကြီးဆုံးက အစားအသောက်ပေါ့နော်။ ဒုက္ခ သည်စခန်းမှာက Food Cardနဲ့ ဝယ်စား တယ်။ တစ်လစာ တစ်လစာအတွက်ပဲ ဝယ်တယ်။ ရေကြီးတော့ သူတို့ ရိက္ခာတွေ အကုန်ပျက်စီးသွားတယ်။ လော လောဆယ်တော့ သူတို့မှာရှိတာတွေနဲ့ ဝေစားမျှစားရတယ်ပေါ့နော်။ အိမ်တွေကပျက်တော့ ပြန်ပြင်ဖို့ အတွက်လည်း လိုတယ်” ဟု ကေအိုင်စီသို့ ပြောသည်။

ထို့အပြင် ပြန်လည် ထူထောင်ရေးလုပ်ငန်းနှင့် ပတ်သက်၍ အမြန်ဆုံး စတင်လုပ်ဆောင်ရန် လိုအပ်သည့်အပြင် ရေဘေးသင့် ပြည်သူများ စာသင်ကျောင်းတွင် ခိုလှုံနေကြရသည့်အတွက် လူနေအိမ် အဆောက်အအုံများ ပြန် လည်ပြင်ဆင်မှု မပြီးစီးပါက စာသင်ကျောင်းများ ပြန်လည်ဖွင့်လှစ်ရန် အခက်အခဲရှိကြောင်းလည်း နော်ကညော ဖော က ဆက်ပြောသည်။

အဆိုပါ ရေကြီး၊ မြေပြိုမှုဖြစ်စဉ်အတွင် လူအသေအပျောက် တစ်စုံတစ်ရာမရှိသော်လည်း လက်ရှိတွင် ၎င်းဒုက္ခ သည်စခန်း၂ ခု၌ ဖုန်းလိုင်း၊ အင်တာနက်လိုင်းများပြတ်တောက်သည့်အတွက် ဆက်သွယ်ရေး အခက်အခဲရှိသည် ဟု KRC က ပြောသည်။

မယ်လအူး ဒုက္ခသည်စခန်းတွင် ပြီးခဲ့သည့် ၂၀၁၈ ခုနှစ်စက်တင်ဘာလတွင်လည်း မိုးသည်းထန်စွာ ရွာသွန်းမှု ကြောင့် အလားတူ မြေပြိုမှုဖြစ်ပွားခဲ့၍ လူ ၈ ဦး သေဆုံး၊ ၁၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည့် ဖြစ်စဉ်ဖြစ်ပွားခဲ့သေး သည်။

ယခုရက်ပိုင်းအတွင်း ထိုင်း-မြန်မာနယ်စပ် တစ်လျှောက်တွင် မိုးအဆက်မပြတ် ရွာသွန်းသည့်အတွက် သောင် ရင်းမြစ်နှင့် သံလွင်မြစ်ရေများလျှံတက်ကာ မြစ်နှင့်နီးသည့် မြေနိမ့်ပိုင်းနေရာများတွင် ရေလွှမ်းမိုးမှုများဖြစ်ပွား သည့်အပြင် နေရာအချို့လည်း မြေပြိုမှုများဖြစ်ပွားလျက်ရှိသည်။

October 30, 2024
ကရင်ပြည်နယ်၊ နယ်ခြားစောင့်တပ်-BGF ခေါင်းဆောင်ဗိုလ်မှူးချုပ်စောချစ်သူ၊ ဗိုလ်မှူးစောမုတ်သုန်၊...
October 30, 2024
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်အတွင်းသို့ စစ်ကောင်စီ စစ်ကြောင်းထိုး...
October 29, 2024
ကရင်ပြည်နယ်၊ ဖားအံမြို့၊ အမှတ်(၃)ရပ်ကွက်တွင် စစ်ကောင်စီက ၎င်းတို့၏...
October 29, 2024
မြဝတီ-ကေ့ကရိတ် ဒေါနတောင်ကျော်လမ်းဟောင်းဘက်သို့စစ်ကောင်စီက ယခုရက်ပိုင်းအတွင်း လေကြောင်း၊...