စစ်တပ်ရိက္ခာကား ပစ်ခတ်မှုအတွင်း ဒေသခံတစ်ဦးကျည်ထိမှန်သေဆုံးခဲ့ဟု လောင်းလုံး PDF ပြော

စစ်တပ်ရိက္ခာကား ပစ်ခတ်မှုအတွင်း ဒေသခံတစ်ဦးကျည်ထိမှန်သေဆုံးခဲ့ဟု လောင်းလုံး PDF ပြော

တနင်္သာရီတိုင်းဒေသကြီး၊ လောင်းလုံးမြို့နယ်တွင် စစ်ကောင်စီတပ်အတွက် ရိက္ခာဝယ်ယူပြီး ပြန်လာသည့် ကား ကို လိုက်လံပစ်ခတ်သည့်အချိန်တွင် ဒေသခံတစ်ဦး မတော်တဆကျည်ထိမှန် သေဆုံးခဲ့ကြောင်း ဒေသခံ ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ (PDF)က ဩဂုတ်လ ၇ ရက်နေ့တွင် ထုတ်ပြန်ထားသည်။

ဩဂုတ်လ ၆ရက်၊ နေ့လည်ပိုင်းတွင် လောင်းလုံးမြို့နယ်ရှိ လေကြောင်းရန် ကာကွယ်ရေးစခန်း (လားဘိုတောင် စခန်း)နှင့် စမ်းလှမ်းတောင်ပေါ်ရှိ မိုင်တဲတာဝါတိုင် တပ်ကင်းစခန်းတို့အတွက် ရိက္ခာ ဝယ်ယူပြီး ပြန်လာသော ကားကို လောင်းလုံးပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်များမှ ကားကို စစ်ဆေးရန် အတွက် ရပ်ခိုင်းစဉ် ကားရပ်ပေး ခြင်းမရှိဘဲ မောင်းပြေးခဲ့ခြင်းကြောင့် သေနတ်ဖြင့် လိုက်လံပစ်ခတ်ခဲ့ခြင်း ဖြစ်ကြောင်း လောင်းလုံး PDF ပြန် ကြားရေးတာဝန်ခံတစ်ဦးက ပြောသည်။

၎င်းက “ကျနော်တို့ သတင်းရထားလို့ ထားဝယ်က ရိက္ခာသယ်ပြီး ပြန်အဆင်းကို စောင့်နေခဲ့တာပါ။ ဆင်းလာ တာ သိတာနဲ့ ကားရှေ့ ရပ်ပြီး သေနတ်ချိန် ရပ်နားခိုင်းတာကို မရပ်ဘဲကားနဲ့ ဝင်တိုက်ပြီး မောင်းပြေးတာ။ တော် သေးတယ် ရဲဘော်တွေ အရှောင်မြန်လို့ဗျာ” ဟု ကေအိုင်စီသို့ ပြောသည်။

ထိုသို့ ၎င်းရိက္ခာတင်ကား မောင်းပြေးပြီးနောက် ထားဝယ်-လောင်းလုံးလမ်းပေါ်က အင်းဇောက်ကျေးရွာ ဘိလိ ယက်ခုံရှိသည့် ဆိုင်ရှေ့ အရောက်တွင် ဆိုင်ထဲသို့ ဝင်ပြေးခဲ့ခြင်းကြောင့် ဆိုင်အတွင်းရှိ ဒေသခံတစ်ဦး မတော် တဆ ကျည်ထိမှန်သေဆုံးခဲ့ခြင်းဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။

“ဒီကောင်တွေ ဘိလိယက်ဆိုင်ထဲ ဝင်ပြေးတော့ နောက်ကနေလိုက်ပြီး ပစ်တာ ၁ ဦးတော့ မှောက်သွားတယ်။ ကျန်သူတွေ အိမ်နောက်က တောထဲဝင်ပြေးသွားခဲ့လို့ ရှာတာမတွေ့ဖြစ်နေချိန် စစ်တပ်ကား ဘယ်ညာ လာနေ ကြတယ် သတင်းရလို့ ဆုတ်လိုက်ရတယ်။ အဲကားပေါ်ပါတဲ့ ပစ္စည်းတွေရောကားရော ဘာမှ မလုပ်ဘဲ ဆုတ်ခဲ့ လိုက်တယ်။ ဆုတ်ပြီးမှ သေတဲ့သူကို စုံစမ်းတော့ စခမဟုတ်ဘဲ ပြည်သူဖြစ်နေတာ သိရတယ်။ ကားပေါ်က ဆင်း ပြေးတဲ့ စစ်သားနဲ့ အင်္ကျီအရောင်ကလည်းဆင်၊ ဘိလိယက်ခုံထဲ ၁၀ ဦး လောက်က မပြေးဘဲ စစ်သားတွေနဲ့ အဲ့ပြည်သူတစ်ဦးပဲ ပြေးနေကြတော့ ကျနော်တို့လည်း စစ်သားပဲထင်နေတာ၊ တကယ် စိတ်မကောင်းဖြစ်ရ ပါ တယ်ဗျာ”ဟု ၎င်းက ပြောသည်။

မတော်တဆ ကျည်ထိမှန် သေဆုံးခဲ့ရသည့် ကိုမျိုးဇော်လတ်အတွက် လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့က ကျန်ရစ်သူ မိသားစုနှင့်ထပ်တူ ဝမ်းနည်းရပြီး တာဝန်ခံမှုရှိရှိနှင့် တာဝန်ယူသွားမည်ဟု ထုတ်ပြန်ချက် တွင် ရေးသားဖော်ပြထားသည်။

Most read this week

October 30, 2024
ကရင်ပြည်နယ်၊ နယ်ခြားစောင့်တပ်-BGF ခေါင်းဆောင်ဗိုလ်မှူးချုပ်စောချစ်သူ၊ ဗိုလ်မှူးစောမုတ်သုန်၊...
October 30, 2024
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်အတွင်းသို့ စစ်ကောင်စီ စစ်ကြောင်းထိုး...
October 29, 2024
ကရင်ပြည်နယ်၊ ဖားအံမြို့၊ အမှတ်(၃)ရပ်ကွက်တွင် စစ်ကောင်စီက ၎င်းတို့၏...
October 29, 2024
မြဝတီ-ကေ့ကရိတ် ဒေါနတောင်ကျော်လမ်းဟောင်းဘက်သို့စစ်ကောင်စီက ယခုရက်ပိုင်းအတွင်း လေကြောင်း၊...