စစ်ကောင်စီတပ် စစ်ကြောင်းနှင့် ဌာနဆိုင်ရာရုံးများ တိုက်ခိုက်ခံရပြီး ၅ ဦးသေဆုံးခဲ့ကြောင်း SOF ထုတ်ပြန်

စစ်ကောင်စီတပ် စစ်ကြောင်းနှင့် ဌာနဆိုင်ရာရုံးများ တိုက်ခိုက်ခံရပြီး ၅ ဦးသေဆုံးခဲ့ကြောင်း SOF ထုတ်ပြန်
Photo: Crd.
Photo: Crd.

ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ် အတွင်းရှိ စစ်ကောင်စီ၏ ဌာနဆိုင်ရာရုံးများနှင့် စစ်ကြောင်းများကို ပြီးခဲ့သည့် ဇူလိုင် ၁၁ ရက်နေ့မှစ၍ ၁၆ ရက်နေ့အထိ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့က တိုက်ခိုက်ခဲ့ရာ စစ်ကောင် စီတပ်ဘက်မှ ၅ ဦးသေဆုံးကာ ၁၀ ဦးဒဏ်ရာရရှိခဲ့ကြောင်း အထူးစစ်ဆင်ရေးတပ်ဖွဲ့−SOF က သတင်း ထုတ်ပြန် ထားသည်။

အဆိုပါ ကြာအင်းဆိပ်ကြီးမြို့နယ် ရဲစခန်း၊ ထွေအုပ်ရုံး၊ မြေစာရင်းရုံးနှင့် စစ်ကောင်စီ၏ ခြေမြန်တပ်ရင်း (ခမရ− ၅၅၈) ဒုတပ်ရင်းမှူး ဦးစီးစစ်ကြောင်း (၂) အခြေပြုနေသည့် ခုတ်ခွာစစ်စခန်းကို စစ်ကူလာသည့် စစ်ကြောင်း (၁)၊ ခမရ−၄၃၂ တပ်ရင်းစစ်ကြောင်း (၂) တို့ကို ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် KNLA၊ အထူးစစ်ဆင် ရေးတပ်ဖွဲ့−SOF၊ Cloud Wings ဒရုန်းတပ်ဖွဲ့ နှင့် Frderal Wings ဒရုန်းစသည့် ပူးပေါင်းတပ်ဖွဲ့က ဒရုန်း လက်နက် ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း အထူးစစ်ဆင်ရေးတပ်ဖွဲ့ -SOF ၏ ရဲဘော်တစ်ဦးက ပြော သည်။

“သူတို့စစ်ကြောင်းထိုးလာတဲ့အချိန်မှာ ပိတ်ဆို့ပြီးတော့ချေမှုန်းတယ်ပေါ့နော်။ အဲ့ဒီမှာ စစ်ကောင်စီစစ်သား ၅ ဦးသေဆုံးပြီး ၁၀ ဦးဒဏ်ရာရခဲ့တယ်။ ဒဏ်ရာအပြင်းထန်ရပြီးတော့ အဲ့ဒီလူတွေကို ပြန်ထမ်းပြီးတော့ ပြန်ဆုတ် သွားတယ်။ သေသွားတဲ့ ၅ ဦးကတော့ မက်ကတော်ရွာနားမှာမြှပ်ခဲ့တယ်”ဟု ကေအိုင်စီသို့ ပြောသည်။

ထိုတိုက်ခိုက်မှုများအတွင်း ထိခိုက်ကျဆုံးမှုနှင့် ပတ်သက်ပြီး တော်လှန်ရေးပူးပေါင်းတပ်ဘက်မှ ဇူလိုင်လ ၁၇ ရက်နေ့တွင် သတင်းထုတ် ပြန်ထားသော်လည်း စစ်ကောင်စီတပ်ဘက်မှ တစ်စုံတစ်ရာ သတင်းထုတ်ပြန်လာ ခြင်း မရှိသေးပေ။

သို့သော် နှစ်ဖက်တိုက်ပွဲဖြစ်စဉ်အတွင်း စစ်ကောင်စီတပ်ဘက်မှ လေကြောင်းဖြင့်ဗုံးကြဲခြင်း၊ လက်နက်ကြီး (၁၂၀ မမ)၊ (၆၀ မမ)၊(၈၁ မမ)တို့ဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့မှုကြောင့် Federal Wings ပူးပေါင်းတပ်ဖွဲ့ဘက်မှ ရဲဘော် တစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်းလည်း SOF က ဆိုသည်။

ထို့အပြင် စစ်ကောင်စီတပ်များက ကျေးရွာအတွင်းရှိ ဒေသခံအရပ်သားတစ်ဦးကို လမ်းပြအဖြစ် ခေါ်ဆောင်သွား ခဲ့ပြီး လက်ရှိအချိန်အထိ ပြန်လည်လွတ်မြောက်လာခြင်း မရှိသေးကြောင်း အထူးစစ်ဆင်ရေးတပ်ဖွဲ့ – SOF ၏ ရဲဘော်ဝင်တစ်ဦးက ကေအိုင်စီသို့ ယခုကဲ့သို့ ဖြည့်စွက်ပြောဆိုသည်။

“အဲ့ဒီနေ့မှာ မနက်ပိုင်းတစ်ကြိမ် ညနေပိုင်းတစ်ကြိမ်ဖြစ်ပြီးတော့ လေကြောင်းကနေ တစ်ကြိမ်လာပြီးပစ်တယ်။ ပြီးတော့ အဲ့မှာပဲ ကျေးရွာက ရွာသားတစ်ဦးကို သူတို့လမ်းပြဆိုပြီးခေါ်သွားတယ်။ ကျနော်တို့သိရသလောက်က ကြာအင်းဆိပ်ကြီး ၂၈၄ စခန်းထိခေါ်သွားတယ်ပေါ့နော်။ အခုထိပြန်လွတ်လာတယ်လို့တော့ သတင်း မကြားရ သေးဘူး” ဆိုသည်။

အလားတူ ပြီးခဲ့သည့် ဇွန်လ ၂၉ ရက်နေ့တွင်လည်း စစ်ကောင်စီတပ်၏ ခြေလျင်တပ်ရင်း (ခလရ−၂၈၃)၊ ခုတ်ခွါး စစ်စခန်း၊ အဘစ် စစ်ကောင်စီဂိတ်နှင့် ခလယ်တံခွန်တိုင် ရဲစခန်းကိုလည်း တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့က ဒရုန်း ဖြင့် ဗုံးကြဲ တိုက်ခိုက်ခဲ့ကြ သေးသည်။

ထို့အတူ စစ်ကောင်စီတပ်များကို တိုက်ခိုက်ခဲ့သည့် ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် KNLA၊ အထူး စစ်ဆင်ရေးတပ်ဖွဲ့ − SOF၊ Cloud Wings ဒရုန်းတပ်ဖွဲ့၊ Federal Wings ဒရုန်းစသည့် ပူးပေါင်းတပ်ဖွဲ့သည် မော်လ မြိုင် − ရေး − ထားဝယ် − အမှတ် ၈ ပြည်ထောင်စု လမ်းမကြီးပေါ်တွင် လုံခြုံရေးယူ၍ စစ်ဆေးမှုများ ပြုလုပ်နေ သည့် တပ်ဖွဲ့များလည်းဖြစ်သည်။

November 1, 2024
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ (၅)၊ ဖာပွန်ခရိုင်အတွင်းရှိ စစ်ကောင်စီ၏ ခေါပုတ်...
October 31, 2024
ထိုင်းနိုင်ငံအတွင်း နေထိုင်သည့်တိုင်းရင်းသားလူမျိုးစုများအပါအဝင် အထောက်အထားရှိပြီး နှစ်ရှည်ကြာ...
October 31, 2024
ကရင်အမျိုးသားအစည်းအရုံး-ကေအဲန်ယူ၊ တပ်မဟာ(၁)/သထုံခရိုင်၊ ကျိုက်ထိုမြို့နယ်ရှိ ကျောက်ပုံ၊...
October 30, 2024
ကရင်ပြည်နယ်၊ နယ်ခြားစောင့်တပ်-BGF ခေါင်းဆောင်ဗိုလ်မှူးချုပ်စောချစ်သူ၊ ဗိုလ်မှူးစောမုတ်သုန်၊...